သိန်း (၁၀၀) ပေးတောင် မရောင်းမဲ့ ဆံပင်ကို ဖြတ်ပြီးလှူခဲ့တဲ့ မိုးကုတ်မြို့က ဆရာမလေး
unicode version . . .
သိန်း (၁၀၀) ပေးတောင် မရောင်းမဲ့ ဆံပင် ကို ဖြတ်ပြီးလှူ ခဲ့တဲ့ မိုးကုတ်သူ
သိန်း ၁၀၀ ပေးတောင် ဆံပင်ကို မရောင်းဘူး ဆိုတဲ့ ဆရာမလေး ရဲ့ ဆံပင်ဖြတ်ပြီး လှူခဲ့တဲ့ အလှူလေးကို ဖော်ပြလိုက်ပါတယ် ။ သိန်း ၁၀၀ ပေးတာတောင် ဆံပင်ကို ဖြတ်မရောင်းဘူးဆိုတဲ့ ဆရာမလေး ကိုသိကြမှာပါနော် ။
တချို့က ဆံပင် ဘာမက်စရာရှိလည်း ဆိုပြီး ဝေဖန်ကြပါသေးတယ် တချို့ကတော့ ဆရာမလေးရဲ့ မြန်မာ့ရိုးရာ ထိန်းသိမ်းပုံကို ချီးကျူး ကြပါတယ်။ အဲတာကြောင့် ဆရာမလေးက သူဆံပင်ဖြတ် လှူခဲ့ဖူးတဲ့ အကြောင်းကို ခုလို လူမှုကွန်ရက်ကနေ တဆင့် ပြန်ဖြေရှင်း ခဲ့ပါတယ်။
ကိုယ့်ဆံပင်ကို ရောင်းကုန်ကြီးလို သဘောထားပြီး လာလာမေးနေ လို့ တမင်ရွဲ့ပြီး ၁ဝဝ ပေးတောင် မရောင်းနိုင်ဘူးလို့ ပြောတာလေ ။ မလှူနိုင်ဘူးလို့ မပြောဘူး ။ 2018တုန်းက တစ်ခါ ဖြတ်လှူပြီးပြီ။
လာမယ့် ကိုယ့်မွေးနေ့မှာလည်း အဲ့လောက် ဖြတ်လှူဖို့ ရှိသေးတယ် ။ကျွတ်သမျှ ဆံပင်လည်း ရောင်းလှူခဲ့ တာချည်းပဲ ။ အရင်းက မဖြတ်နိုင်သေးပေမယ့် အဲ့လောက်ကတော့ ရက်ရော ပါသေးတယ်နော် ။ ဘာတွေ အကုသိုလ် ပွားနေကြတာလဲ။ ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာပါ ။
လေးစားစရာကောင်းတဲ့ လုပ်ရပ်လေးပါပဲနော် ။ ပရိသတ်ကြီး တို့ ဆရာမလေးကို ချီးကျူးဂုဏ်ပြုပေးခဲ့ကြပါအုံးနော်။ credit ပါ
Tags:
Add a Comment
Your email address will not be published. Required fields are marked *