အပြင်မှာ တခါမှမမြင်ဖူးသေးတဲ့ သူကို အွန်လိုင်းချစ်သူ အဖြစ်ရွေးချယ် ခဲ့ရတဲ့ အကြောင်းအရင်းကို ဖွင့်ဟလာခဲ့တဲ့ မင်းသမီးချောလေး မေမီကိုကို
အွန်လိုင်းမှာကို ကတော်တော် လေးနက်မှုရှိတယ် အစစအရာရာ လူကြီးဆန်တယ် တော်တော်များများ ကတော့ပြောမှာပါ လူတောင် အပြင်မှာမမြင်ဖူးပဲနဲု့ ဘာအရူးထတာလဲပေါ့ သူငယ်ချင်းတွေဆိုလဲ တော်တော်အံဩတယ် သူတို့ကိုယ်တိုင်လည်း မိတ်ဆက်ပေးတယ် ။
unicode version . . .
အပြင်မှာ တခါမှမမြင်ဖူးသေးတဲ့သူ ကို အွန်လိုင်း ချစ်သူ အဖြစ်ရွေးချယ် ခဲ့ရတဲ့ အကြောင်း အရင်း ကို ဖွင့်ဟ လာတဲ့ မင်းသမီး ချော မေမီကိုကို
မေမီကိုကို ကတော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမူကို စတင် ရရှိခဲ့တဲ့သရုပ်ဆောင် တစ်ယာက်ပဲ ဖြစ်ပါတယ် ။ သူမရဲ့ ရိုးသားကြိုးစားမှု တွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်လာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝ သိမ်းပိုက်ထား နိုင်ခဲ့ပါတယ် ။
လတ်တလောမှာလည်း မေမီကိုကိုဟာ ကြော်ငြာတွေနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မေမီကိုကိုက သရုပ်ဆောင် အလုပ်တွေအပြင် အဆိုတော်တစ်ယောက်အနေနဲ့ပါ အနုပညာ အလုပ်တွေကိုချဲ့ထွင် လုပ်ကိုင်နေခဲ့ပါတယ်။
မကြာသေးခင်ကလည်း သူမရဲ့ ပထမဦးဆုံး သီချင်းလေး ဖြစ်တဲ့အလွမ်းပြေ သီချင်းလေးကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ပရိသတ် အားပေးမှုကို အပြည့်အဝ ရရှိခဲ့ပါတယ်။
သူမရဲ့ အနမ်းတစ်ပွင့်ရဲ့ကျိန်စာ စာအုပ်အသစ်ကို ပရိသတ်ထံရောင်းချပေးခဲ့တဲ့ပွဲ မှာတော့ မေမီကိုကိုက သူမရဲ့ အွန်လိုင်းချစ်သူ အကြောင်းပြောပြလာခဲ့တာပါ မေမီကိုကိုက ချစ်သူက စိတ်ထားကောင်းတဲ့အသိုင်းအဝိုင်းကပါ တခု ခြွင်းချက်ကတော့ အပြင်မှာ တခါမှ မမြင်ဖူးသေးဘူး အွန်လိုင် းချစ်သူပေါ့ ။
အွန်လိုင်းမှာကို ကတော်တော် လေးနက်မှုရှိတယ် အစစအရာရာ လူကြီးဆန်တယ် တော်တော်များများ ကတော့ပြောမှာပါ လူတောင် အပြင်မှာမမြင်ဖူးပဲနုဲ့ ဘာအရူးထတာလဲပေါ့ သူငယ်ချင်းတွေဆိုလဲ တော်တော်အံဩတယ် သူတို့ကိုယ်တိုင်လည်း မိတ်ဆက်ပေးတယ် ။
Video Call ပြောကြည့်တဲ့အခ့ါကျ သူတို့ကိုယ်တိုင်လည်း လက်ခံပေးတယ် သူတို့ကိုယ်တိုင် လေးစား အားကျတဲ့သူ ဖြစ်သွားတယ်ပေါ့ ကိုယ်ကိုတိုင်ကလည်း သူ့ကို တကယ် လေးစားအားကျ မိတယ်ပေါ့ ။ ဒါကြောင့် ချစ်သူအဖြစ် ရွေးချယ်ဖြစ်ခဲ့တာပါ လို့ပြောပြ လာခဲ့တာ ဖြစ်ပါတယ် ။ crd: Shwe Wiki Myanmar