
တက္ကသိုလ် ဝန်ထမ်း (၁၀) တန်း အမှတ် စာရင်း ထုတ်ပေး မယ့် ပုံစံကို ထုတ်ပြန်ကြေငြာလိုက်ပါပြီ

ယခုနှ စ် မှာ အောင်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ (၁၀)တန်း အောင်မှတ် စာရင်းများကို သြဂုတ် ၂ဝ ကျော်တွင် အွန်လိုင်းမှတစ်ဆင့် လျှောက်ထား ထုတ်ပေးနိုင်စေရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စီစဉ်ဆောင်ရွက်နေကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

“အွန်လိုင်းကတစ်ဆင့်ဖြစ်ဖို့များတယ် အခုတော့ နည်းပညာ ပိုင်းတွေ ပြင်ဆင်နေလို့ မထုတ်ပြန်သေးတာဖြစ်မယ်။ အမှတ်စာရင်းထုတ်တာကို နိုင်ငံတော်ဝင်ငွေအဖြစ် လုပ်ထားတာဆိုတော့ Paymet တစ်ခုနဲ့သူတို့လုပ်မှ

ာ၊ ငွေကိုနိုင်ငံတော်ဘဏ္ဍာတွေထဲဝင်သွားအောင် ဘယ်လိုစီစဉ်ထားလဲတော့ မသိသေးဘူး။ အွန်လိုင်းနဲ့ပေးဖို့တော့ သူတို့ရည်ရွယ်နေတယ်။

အခုနည်းပညာပိုင်း အဆင်သင့်ဖြစ်အောင်လုပ်နေတယ်လို့ ကြားတယ်” လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

ကိုဗစ်ကာလဖြစ်သည့်အတွက် လူစုလူ‌‌‌ဝေး မဖြစ်စေရန် အွန်လိုင်းမှတစ်ဆင့် ထုတ်ပေးရေးကို စီစဉ်ခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်ယူနိုင်မည့်နေ့ရက် အတိအကျကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထပ်မံကြေငြာသွားမည်ဖြစ်ကာ

ယခုလအတွင်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ဆိုပါတယ်။ ဒါ့ပြင် အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း အောင် လက်မှတ်များကို စာမေးပွဲ ဖြေပြီးချင်း ထုတ်ပေးရန် စီစဉ်ခဲ့ သော်လည်

း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ကာ ယခုလအတွင်းထုတ်ပေးရန် ကိုဗစ်ကော်မတီကိုတင်ပြထားကြောင်း သိရပါတယ်။ အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်

း အောင်လက်မှတ်များကို ကျောင်းခေါ်ချိန်ပြည့်မှု၊ ကျောင်းစာမေးပွဲများလာရောက်ဖြေဆိုမှု၊ ရမှတ်များ အပါအဝင် စံသတ်မှတ်ချက် ၇ ချက်နှင့်ကိုက်ညီပါက သက်ဆိုင်ရာကျောင်းများမှတစ်ဆင့် ထုတ်ပေးမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရပါတယ်….

ပရိတ်သတ်ကြီးလည်း တခြားသူတေသိအောင် ရှယ်ပေးသွားကြပါအူးနော်။ Source:Myanmar knowledge and New

Tags: