unicode version . . .
(၁၀)တန်းစာမေးပွဲ ကျရှုံးခဲ့ရကြောင်း စိတ်မကောင်းစွာ အသိပေးလာတဲ့ နေခြည်ဦးရဲ့ညီမ စိမ်းလဲ့ရတနာ
သရုပ်ဆောင်၊ Beauty Blogger နေခြည်ဦးကတော့ သူမရဲ့ ညီမလေး စိမ်းလဲ့ရတနာနဲ့ ပရိသတ်တွေကို မိတ်ဆက် ပေးထားတာမို့ တော်တော် များများသိပြီးသား ဖြစ်မှာပါ။ စိမ်းလဲ့ရတနာက အစ်မဖြစ်သူနဲ့မတူပဲ တစ်မျိုးလေးကွဲထွက်ပြီး ချစ်စရာကောင်းတာကြောင့် အနုပညာ လှုပ်ရှားမှုတွေမရှိပေမယ့် ပရိသတ်တွေက အားပေးချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။
စိမ်းလဲ့ရတနာက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုထားသူတစ်ယောက်ဖြစ်ပြီး ဒီကနေ့မှာတော့ စိမ်းလဲ့ရတနာက သူမရဲ့ စာမေးပွဲရလဒ်နဲ့ ပက်သတ်ပြီး သိချင်နေကြသူတွေကို အခုလိုပဲ စိတ်မကောင်းစွာ အသိပေးထားပါတယ်။
ကိုယ့်ကိုယ်ကို အားပေးပြီးပြီဆိုတော့ သိချင်နေကြတဲ့ သူတွေအတွက် စိမ်းလဲ့update လုပ်ပေးချင်လို့ပါ ။ စိမ်းလဲ့ရဲ့ အားန ည်းချက် တွေကြောင့် ဒီနှစ်စာမေးပွဲ မအောင်ပါဘူး။ အားနည်း ချက်ဆိုတာထက် မလိမ္မာခဲ့တာပါ ။ မျှော်လင့်တကြီးအားပေးဖို့ စောင့်နေတဲ့သူတွေကို စိတ်မကောင်း ဖြစ်စေခဲ့တဲ့အတွက် တောင် ပန်ပါတယ်နော်။
စိမ်းလဲ့ သေသသေချာချာ ကြိုးစားပြီး ပြန်ဖြေပါ့မယ် ။ စေတနာနဲ့စိတ်ပူပေးကြတဲ့ သူတွေရှိလို့ အရမ်းအားရှိရပါတယ် ။ ဆိုပြီး ဆ ယ်တန်းစာမေးပွဲ ကျရှုံးခဲ့ရတဲ့ အကြောင်းကို ရိုးရိုးသားသား ပြောပြလာပါတယ်။ စိမ်းလဲ့ရတနာကတော့ သူမရဲ့ စာမေးပွဲရလဒ်နဲ့ ပက်သတ်ပြီး စောင့်နေကြသူတွေကို စိတ်မကောင်းစွာနဲ့ အသိပေးခဲ့တာ ဖြစ်ပါတယ် ။
စိမ်းလဲ့တစ်ယောက် ပြီးခဲ့ပြီးတဲ့အမှားတွေကို သင်ခန်းစာယူပြီး နောက်နှစ်စာမေးပွဲကို အကောင်းဆုံးဖြေဆိုနိုင်ပါစေနော် ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ် နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ credit : San Kyi Par