unicode version . . .
ခရီးသွားရင်း ကလောမြို့လေးက စိုက်ခင်း တွေထဲမှာ ကိုယ်တိုင်လက်တွေ့ လေ့လာခဲ့တဲ့ ဟန်တီ
အရပ် ရှည်ရှည် ပိန်ပိန် သွယ်သွယ်နဲ့ ချစ်စရာကောင်းတဲ့ မော်ဒယ်လ်၊ မင်းသမီးချောလေး ဟန်တီကိုတော့ ပရိသတ်တွေ သိကြမှာပါ ။ အသက် ငယ်ငယ်လေးနဲ့ အနုပညာ လမ်းကြောင်း လျှောက်လှမ်းနေတဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ် တွေကိုလ ည်း ရရှိထားသူ တစ်ယောက်ပါ ။
ပရိသတ်တွေ အချစ်ကို ရရှိထားတဲ့ ဟန်တီကတော့ ဒေသန္တရ ဗဟုသုတတွေ ရှာဖွေဖို့ကို စိတ်ဝင်စား သူတစ်ယောက်ပါ ။ အခုလည်း ကလောမြို့မှာ လက်တွေ့ လေ့လာခဲ့တဲ့ အကြောင်းကို မျှဝေ လာတာပါ ။
သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ကလော မြင်းကရွာကိုသွားတဲ့ လမ်းတလျှောက် ဂျင်းစိုက်ခင်းတွေ တွေ့လို့ ဝင်ရောက် လေ့လာဖြစ်ခဲ့တယ် ။ စိုက် ခင်းက သဘော မနောကောင်းတဲ့ အန်တီတွေက ဂျင်းစိုက်ပျိုးပင် အကြောင်းရှင်းပြ ပေးကြလို့ ဗဟုသုတတွေ ရခဲ့ပါတယ် ဆိုပြီးတော့ ရေးသားထားတာပါ ။
ဒါ့အပြင် ကိုယ်တိုင်စိုက်ခင်းထဲလက်တွေ့သွားရောက်ခဲ့တဲ့အတွေ့ အကြုံကိုလည်း ကလော ပိန္နဲပင်ရွာကို အသွား လမ်းဘေးမှာလည်း ဂေါ်ဖီတွေ ခူးနေတာ တွေ့လို့ တထုတ်ကို တပိဿကျော် လောက် လေးတဲ့ ဂေါ်ဖီတွေ ဝင်ခုတ်ခဲ့ ပါသေးတယ် ဆိုပြီးတော့ ရေးသားထားတာပါ ။
ဟန်တီကတော့ သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို ပရိသတ်တွေကို မျှ ဝေပေးသလို အခုလည်း ကလောမြို့က စိုက်ခင်းထဲ ရောက်တဲ့ ပုံရိပ် လေးတွေနဲ့အတူ ပရိသတ်တွေကို မျှဝေ လိုက်ပါပြီနော် ။ Source : HanThi