






unicode version . . .

နှုတ်ခမ်းနီမလေးတွေ အသည်းကြွေအောင် မြန်မာဝတ်စုံလေးကိုဝတ်ပြီး အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားထားတဲ့ ကျော်ထက်ဇော်

ကျော်ထက်ဇော် ဟာဆိုရင် ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အတိုတွင်း သိမ်းပိုက်ယူနိုင်ခဲ့ပြီး အနုပညာလောကကို အကောင်းဆုံးလျှောက်လှမ်းလာခဲ့တဲ့ သူပဲဖြစ်ပါတယ် ။ လက်ရှိမှာဆိုရင် ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင် ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာ တွေကိုလည်း လက်ခံ ရိုက်ကူးနေရတာ တွေ့ရပါတယ် ။

ကျော်ထက်ဇော် ဟာ တည်ကြည် ခန့်ညားပြီး တစ်မျိုးလေး ဆွဲဆောင်မှုရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းဆွဲ ချစ်နေရတဲ့ သူလည်းဖြစ်ပါတယ် ။ လတ်တလောမှာတော့ ကပ်ရောဂါကြောင့် ခဏတာ ရပ်နားထားခဲ့ရတဲ့ အနုပညာ အလုပ်တွေကို ပြ န်လည် လုပ်ကိုင်နေရတာကိုလည်း တွေ့ရပါတယ်။

မကြာခဏ ဆိုရင်လည်း ကျော်ထက်ဇော်ဟာ ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်သွားအောင်လည်း သူ့ရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ ကျော်ထက်ဇော် က လွမ်းနေတဲ့ ချစ်ပရိသတ်တွေ အတွက် အမှတ်တရရိုက်ထားခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေး လာခဲ့ပါတယ်နော်။

ဒီပုံလေးတွေထဲမှာတော့ ကျော်ထက်ဇော် က ရိုးရှင်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ ချောမောနေပြီး နှုတ်ခမ်းနီမလေးတွေကတော့ ချစ်အားပိုစေမှာ အမှန်ပါနော်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့ လည်း ကျော်ထက်ဇော်က စောင့်နေမယ်နော် မြန်မာဝတ်စုံလေးနဲ့ ဆိုတဲ့ caption လေးနဲ့လည်း ရေးသားဖော်ပြပေးထားပါသေးတယ်။

ကဲ ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ တည်ကြည်ခန့်ညားမှုတွေနဲ့ ချစ်ဖို့ကောင်းနေတဲ့ ကျော်ထက်ဇော် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။ Source : Kyaw Htet Zaw’s Facebook