ကမၻာ့ ပထမဆုံး ကိုဗစ္ေရာဂါ ကာကြယ္ေဆး ကို ႐ုရွားနိုင္ငံ က ၾသဂုတ္လ ၁၂ ရက္ေန႔ တြင္ မွတ္ပုံတင္မည္

ကမၻာ့ ပထမဆုံး ကိုဗစ္ ကာကြယ္ေဆး ကို ႐ုရွားနိုင္ငံ က ၾသဂုတ္လ ၁၂ ရက္ေန႔ တြင္ မွတ္ပုံတင္ မည္

COVID -19 ကာကြယ္ေဆး ရ ရွိနိုင္ဖို႔ ကမၻာ တဝွမ္းက ႀကိဳးစားရွာေဖြေနၾကပါတယ္။အေမရိကန္၊ တ႐ုတ္၊ယူေကနဲ႔ ႐ုရွားနိုင္ငံ အပါအဝင္ နိုင္ငံအမ်ားစုက COVID-19 ကာကြယ္ေဆး ရရွိဖို႔ ႀကိဳးစားေနၾကပါတယ္။

ဇူလိုင္လ ေႏွာင္းပိုင္းမွာေတာ့ ႐ုရွားနိုင္ငံက ၾသဂုတ္လ ထဲမွာ ကာကြယ္ေဆး ထုတ္လုပ္နိုင္မယ့္ လမ္းေၾကာင္းေပၚေရာက္ေနၿပီလို႔ ေျပာၾကားခဲ့သလို အေမရိကန္ ကူးစက္ေရာဂါ ဆိုင္ရာ ပညာရွင္

ေဒါက္တာ Anthony Fauci ကလည္း မၾကာခင္ပိုင္းေလာက္မွာ COVID-19 ကာကြယ္ေဆး ရရွိနိုင္မယ္လို႔ ေမၽွာ္လင့္ထားေၾကာင္း အေမရိကန္ လႊတ္ေတာ္အမတ္ေတြကို ေျပာၾကားခဲ့ပါတယ္ ။

႐ုရွားနိုင္ငံရဲ့ က်န္းမာေရး ဝန္ႀကီးဌာနက ၾသဂုတ္လ ၁၂ ရက္ေန႔မွာ COVID-19 ကာကြယ္ေဆး မွတ္ပုံတင္မယ္ လို႔ ေၾကညာထားသလို ႐ုရွားသမၼတ ပူတင္ကလည္း ကမၻာ့ပထမဆုံး COVID-19 ကာကြ ယ္ေဆးကို မၾကာခင္ရက္ပိုင္းအတြင္း မွတ္ပုံတင္သြားမယ္လို႔ ေျပာၾကားထားပါတယ္။

႐ုရွားနိုင္ငံက သိပၸံ ပညာရွင္ေတြဟာ လိုအပ္တဲ့ စမ္းသပ္ စစ္ေဆးမႈေတြကို ျပဳလုပ္နိုင္ခဲ့ၿပီး ကာကြယ္ေဆးဟာ လုံျခဳံမႈနဲ႔ ထိေရာက္မႈ ရွိတယ္လို႔လည္း သမၼတ ပူတင္က ေျပာပါတယ္ ။

တဆက္တည္းမွာပဲ ႐ုရွားသမၼတက ဒီကာကြယ္ေဆးကို ႐ုရွားတနိုင္ငံတည္းအတြက္ သုံးစြဲသြားမွာ မဟုတ္ဘဲ ကမၻာတဝွမ္းလုံးအတြက္ သုံးစြဲသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

႐ုရွားနိုင္ငံက်န္းမာေရးဝန္ႀကီးခ်ဳပ္ျဖစ္သူ Mikhail Murashko ကလည္း ေအာက္တိုဘာလ ကစၿပီး ႐ုရွားတနိုင္ငံလုံးကို ကာကြယ္ ေဆးထိုးျခင္း အစီအစဥ္ေတြ ေဆာင္ရြက္သြားမယ္လို႔ ေျပာၾကား ခဲ့ပါ တယ္ ။

ကာကြယ္ေဆးထိုးတဲ့ ကုန္က်စရိတ္ေတြ အားလုံးကို ႐ုရွား အစိုးရက က်ခံသြားမယ္လို႔ သိရပါတယ္ ။ ကာကြယ္ေဆး စမ္းသပ္မႈ အစီအစဥ္ကို ဇြန္လ ၁၈ ရက္ေန႔က ေမာ္စကိုၿမိဳ႕ရဲ့ တကၠသိုလ္ တခုမွာ ေစတနာဝန္ထမ္း ၃၈ ေယာက္ နဲ႔ စမ္းသပ္ခဲ့ပါတယ္ ။

ေလ့လာမႈေတြအရ ကာကြယ္ေဆးထိုးတဲ့လူ အားလုံး ေဘးကင္း လုံျခဳံမႈရွိသလို ေရာဂါကူးစက္မႈဒဏ္ကို ပိုၿပီး ခံနိုင္ရည္ရွိေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။Credit: Irrawaddy

unicode version . . .

ကမ္ဘာ့ ပထမဆုံး ကိုဗစ် ကာကွယ်ဆေး ကို ရုရှားနိုင်ငံ က သြဂုတ်လ ၁၂ ရက်နေ့ တွင် မှတ်ပုံတင် မည် COVID-19

ကာကွယ်ဆေး ရ ရှိနိုင်ဖို့ ကမ္ဘာ တဝှမ်းက ကြိုးစားရှာဖွေနေကြပါတယ်။အမေရိကန်၊ တရုတ်၊ယူကေနဲ့ ရုရှားနိုင်ငံ အပါအဝင် နိုင်ငံအများစုက COVID-19 ကာကွယ်ဆေး ရရှိဖို့ ကြိုးစားနေကြပါတယ်။

ဇူလိုင်လ နှောင်းပိုင်းမှာတော့ ရုရှားနိုင်ငံက သြဂုတ်လ ထဲမှာ ကာ ကွယ်ဆေး ထုတ်လုပ်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ ပြောကြားခဲ့သလို အမေရိကန် ကူးစက်ရောဂါ ဆိုင်ရာ ပညာရှင်

ဒေါက်တာ Anthony Fauci ကလည်း မကြာခင်ပိုင်းလေ ာက်မှာ COVID-19 ကာကွယ်ဆေး ရရှိနိုင်မယ်လို့ မျှော်လင့်ထားကြောင်း အမေရိကန် လွှတ်တော် အမတ်တွေကို ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ်လ ၁၂ ရက်နေ့မှာ COVID-19ကာကွယ်ဆေး မှတ်ပုံတင်မယ်လို့ ကြေညာထားသလို ရုရှားသမ္မတပူတင်ကလည်း ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို မကြာခင် ရက်ပိုင်းအတွင်း မှတ်ပုံတင်သွားမယ်လို့ ပြောကြားထားပါတယ် ။

ရုရှားနိုင်ငံက သိပ္ပံ ပညာရှင်တွေဟာ လိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ခဲ့ပြီး ကာကွယ်ဆေးဟာ လုံခြုံမှုနဲ့ ထိရောက်မှု ရှိတယ်လို့လည်း သမ္မတ ပူတင်က ပြောပါတယ်။

တဆက်တည်းမှာပဲ ရုရှားသမ္မတက ဒီကာကွယ်ဆေးကို ရုရှားတနိုင်ငံတည်းအတွက် သုံးစွဲသွားမှာ မဟုတ်ဘဲ ကမ္ဘာတဝှမ်းလုံးအ တွက် သုံးစွဲသွားမယ်လို့ ပြောကြားခဲ့ပါတယ် ။

ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးချုပ် ဖြစ်သူ Mikhail Murashko ကလည်း အောက်တိုဘာလ ကစပြီး ရုရှားတနိုင်ငံလုံးကို ကာကွယ် ဆေးထိုးခြင်း အစီအစဉ်တွေ ဆောင်ရွက်သွားမယ်လို့ ပြောကြား ခဲ့ပါ တယ် ။

ကာကွယ်ဆေးထိုးတဲ့ ကုန်ကျစရိတ်တွေ အားလုံးကို ရုရှား အစိုးရက ကျခံသွားမယ်လို့ သိရပါတယ် ။ ကာကွယ်ဆေး စမ်းသပ်မှု အ စီအစဉ်ကို ဇွန်လ ၁၈ ရက်နေ့က မော်စကိုမြို့ရဲ့ တက္ကသိုလ် တခုမှစေတနာဝန်ထမ်း ၃၈ ယောက် နဲ့ စမ်းသပ်ခဲ့ပါတယ်။

လေ့လာမှုတွေအရ ကာကွယ်ဆေးထိုးတဲ့လူ အားလုံး ဘေးကင်း လုံခြုံမှုရှိသလို ရောဂါ ကူးစက်မှုဒဏ်ကို ပိုပြီး ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ပါတယ် ။ Credit: Irrawaddy