ကိုဗစ္ကာလမွာ အႏုပညာအလုပ္နဲ႕ ပတ္သက္ၿပီး ေလ့လာေနတဲ့ အရာေလးေတြကို ေျပာျပလာတဲ့ မင္းသားေခ်ာေလး ပိုင္တံခြန္

ပိုင္တံခြန္ဟာ Covid ကာလမွာ အႏုပညာအလုပ္နဲ႕ ပတ္သက္ၿပီး ေလ့လာေနတဲ့ အရာေလးေတြကို အခုလို ေျပာျပလာပါတယ္။

ပိုင္တံခြန္ကေတာ့ အႏုပညာအလုပ္ေတြ ရပ္နားေနရတဲ့ ကာလျဖစ္လို႔ သူ႕ရဲ႕ အႏုပညာဝမ္းစာျပည့္ဖို႔ ဇာတ္ကားေတြ ၾကည့္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူ႕အေနနဲ႕ ကာတြန္းကားထဲက လႈပ္ရွားမႈေလးေတြကို ပိုသေဘာက်တာေၾကာင့္ ကာတြန္းကားေလးေတြ ၾကည့္တာမ်ားတယ္လို႔ ေျပာျပလာပါတယ္။

ကြၽန္ေတာ္ Covid ကာလမွာ သ႐ုပ္ေဆာင္ အေနနဲ႕ ဝမ္းစာျဖည့္တဲ့အရာက ကာတြန္းကားေလးေတြ ပိုၾကည့္ျဖစ္တယ္။ ကြၽန္ေတာ္က ကာတြန္းကား ပိုႀကိဳက္တယ္ ။ avengers ဇာတ္ကားေတြ ၾကည့္တယ္။

ကာတြန္းကားထဲမွာ ကာတြန္းဇာတ္ေကာင္ေလးေတြရဲ႕ လႈပ္ရွားမႈေလးေတြက ပိုၿပီးေတာ့ အသက္ဝင္တယ္။ ဥပမာ ေၾကာင္နဲ႕ ႂကြက္လိုေပါ့။ စိတ္ဆိုးရင္လည္း စိတ္ဆိုးတဲ့ အမူအရာေလးေတြ ႀကိဳက္တယ္ လို႔ သူကဆိုပါတယ္။

Covid ကာလမွာ ဇာတ္ကားေတြ ၾကည့္တဲ့ အျပင္ တစ္ေန႕တာ ျဖတ္သန္းမႈေတြကို သူခ်စ္ရတဲ့ တိရစာၦန္ေလးေတြနဲ႕လည္း အတူတူ ေဆာ့ကစားရင္း အခ်ိန္ကုန္ခဲ့တာေတြလည္း ရွိေသးတယ္လို႔ ပိုင္တံခြန္က ေျပာပါတယ္။ ကြၽန္ေတာ့္ရဲ႕ တစ္ေန႕တာလုံးကိုလည္း အိမ္ေမြး တိရစာၦန္ေလးေတြနဲ႕ ကုန္ဆုံးျဖစ္တာ မ်ားတယ္။

ကိုယ္အလုပ္မရွိရင္ ကိုယ့္ရဲ႕ က်န္းမာေရးနဲ႕ ပတ္သက္တာကို ဦးစားေပးလုပ္တယ္၊ ဘာသာေရး အလုပ္ေတြ လုပ္တယ္၊ ကိုယ္ေမြးထားတဲ့ သားသမီးေလးေတြနဲ႕ ေပ်ာ္ေပ်ာ္ေနတယ္။ တစ္ခါတေလက်ရင္ အေမ နဲ႕ အေဖ့ဆီကို သြားလည္တယ္ လို႔ Bella ေရေမႊးအသစ္ မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ပိုင္တံခြန္ဟာ အႏုပညာေလာကထဲကို ေမာ္ဒယ္လ္ တစ္ေယာက္အေနနဲ႕ စတင္ ဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူဟာ နိုင္ငံတကာမွာရွိတဲ့ အႏုပညာရွင္ေတြနဲ႕လည္း လက္တြဲအလုပ္လုပ္ေနရသူ တစ္ေယာက္ျဖစ္ပါတယ္။

သူက ေမာ္ဒယ္လ္အလုပ္သာမက သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ကားႀကီးေတြလည္း ရိုက္ကူးေနရၿပီ ျဖစ္သလို ဂီတဘက္ ကိုလည္း ဝါသနာပါတာေၾကာင့္ သူ႕ရဲ႕ တစ္ကိုယ္ေတာ္ Mini Album ေလးျဖစ္တဲ့ ခ်စ္သူ ဆိုတဲ့ ေတးစီးရီးကိုလည္း ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္ေန႕ က ထြက္ရွိခဲ့ပါေသးတယ္ ။ source – Paing Takhon

unicode version . . .

ပိုင်တံခွန်ဟာ Covid ကာလမှာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ အရာလေးတွေကို အခုလို ပြောပြလာပါတယ် ။

ပိုင်တံခွန်ကတော့ အနုပညာ အလုပ်တွေ ရပ်နားနေရတဲ့ ကာလဖြစ်လို့ သူ့ရဲ့ အနုပညာ ဝမ်းစာပြည့်ဖို့ ဇာတ်ကားတွေ ကြည့်တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် သူ့အနေနဲ့ ကာတွန်းကားထဲက လှုပ်ရှားမှုလေးတွေကို ပိုသဘောကျတာကြောင့် ကာတွန်းကားလေးတွေ ကြည့်တာ များတယ်လို့ ပြောပြလာပါတယ် ။

ကျွန်တော် Covid ကာလမှာ သရုပ်ဆောင် အနေနဲ့ ဝမ်းစာဖြည့်တဲ့အရာက ကာတွန်းကားလေးတွေ ပိုကြည့်ဖြစ်တယ်။ ကျွန်တော်က ကာတွန်းကား ပိုကြိုက်တယ် ။ avengers ဇာတ်ကားတွေ ကြည့်တယ်။

ကာတွန်းကားထဲမှာ ကာတွန်းဇာတ်ကောင်လေးတွေရဲ့ လှုပ်ရှားမှုလေးတွေက ပိုပြီးတော့ အသက်ဝင်တယ်။ ဥပမာ ကြောင်နဲ့ ကြွက်လိုပေါ့။ စိတ်ဆိုးရင်လည်း စိတ်ဆိုးတဲ့ အမူအရာလေးတွေ ကြိုက်တယ် လို့ သူကဆိုပါတယ် ။

Covid ကာလမှာ ဇာတ်ကားတွေ ကြည့်တဲ့ အပြင် တစ်နေ့တာ ဖြတ်သန်းမှုတွေကို သူချစ်ရတဲ့ တိရစ္ဆာန်လေးတွေနဲ့လည်း အတူ တူ ဆော့ကစားရင်း အချိန်ကုန်ခဲ့တာတွေလည်း ရှိသေးတယ်လို့ ပိုင်တံခွန်က ပြောပါတယ်။ ကျွန်တော့်ရဲ့ တစ်နေ့တာလုံးကိုလည်း အိမ်မွေး တိရစ္ဆာန်လေးတွေနဲ့ ကုန်ဆုံးဖြစ်တာ များတယ် ။

ကိုယ်အလုပ် မရှိရင် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာကို ဦးစားပေးလုပ်တယ်၊ ဘာသာရေး အလုပ်တွေ လုပ်တယ်၊ ကိုယ်မွေးထားတဲ့ သားသမီးလေးတွေနဲ့ ပျော်ပျော်နေတယ် ။ တစ်ခါ တလေကျရင် အမေ နဲ့ အဖေ့ဆီကို သွားလည်တယ် လို့ Bella ရေမွှေးအသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ ။

ပိုင်တံခွန်ဟာ အနုပညာ လောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ် နေရသူ တစ်ယောက် ဖြစ်ပါတယ်။

သူက မော်ဒယ်လ် အလုပ်သာမက သရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင် ကားကြီးတွေလည်း ရိုက်ကူးနေရပြီ ဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာ ပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ် ။ source – Paing Takhon

Add a Comment

Your email address will not be published. Required fields are marked *