ေဝဖန္မႈေတြနဲ႔အတူ ထြက္ရွိေနတဲ့ အခ်စ္ေရး ေကာလဟာလေတြကို ျပန္လည္ ေျဖရွင္းခဲ့တဲ့ ေက်ာ္ထက္ေအာင္

ေဝဖန္မႈေတြနဲ႔အတူ ထြက္ရွိေနတဲ့ အခ်စ္ေရး ေကာလဟာလေတြကို ျပန္လည္ ေျဖရွင္းခဲ့တဲ့ ေက်ာ္ထက္ေအာင္

ေက်ာ္ထက္ေအာင္ဟာ Myanmar Idol Season 1 ကတည္းက ပရိသတ္ေတြ အားေပးမႈကို မ်ားစြာရရွိခဲ့တဲ့သူ ျဖစ္ပါတယ္။ အဲဒီကတစ္ဆင့္ နာမည္ရလာၿပီး အခုဆိုရင္ ေခါင္းေဆာင္မင္းသား တစ္ေယာက္အျဖစ္နဲ႔ပါ ႐ုပ္ရွင္ဇာတ္ကားႀကီး ေတြ႐ိုက္ကူးေနရပါၿပီ။ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ ဇာတ္ကားႀကီးေတြကလည္း ႐ုံတင္ျပသခဲ့ၿပီးျဖစ္သလို ႐ုံမတင္ရေသးတဲ့ ႐ုပ္ရွင္ ဇာတ္ကားေတြလည္း ရွိေနေသးတယ္လို႔ သိရပါတယ္။

ေက်ာ္ထက္ေအာင္ရဲ႕ အခ်စ္ေရးအေၾကာင္းေတြကိုေတာ့ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ လူသိမ်ားလွတဲ့ ေဖ့စ္ဘြတ္ေပ့ခ်္ကေန တင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈကို ခံခဲ့ရတာ ျဖစ္ပါတယ္။ဒါေၾကာင့္ ေက်ာ္ထက္ေအာင္က ပရိသတ္ေတြ စိတ္ဝင္စားလွတဲ့ သူ႔ရဲ႕ အခ်စ္ေရးအေၾကာင္းေတြကို ေျပာျပလာပါတယ္။

“ အကုန္လုံးက မွန္သည္ျဖစ္ေစ၊ မွားသည္ျဖစ္ေစ သူ႔ရႈေထာင့္နဲ႔ သူဆိုတာ ရွိၾကတယ္။ ကြၽန္ေတာ္ ဘာမွ မျဖစ္ခင္ အခ်ိန္တုန္းကေတာ့ ခ်စ္သူရွိခဲ့ဖူးတာေပါ့ေလ။ အခုေတာ့ သူက အိမ္ေထာင္ ေတာင္က်သြားပါၿပီ။ ေဝဖန္မႈေတြ ဆိုတာကလည္း Myanmar idol (Season-1) ကတည္းက ရွိခဲ့တာပါ။ ဒီအေပၚမွာ ဘာမွ မခံစားရေပမယ့္ ႐ိုက္ခတ္မႈေတြေတာ့ ရွိလာတာေပါ့။

ပုထုဇဥ္တစ္ေယာက္ဆိုေတာ့ ကိုယ္က အႏုပညာရွင္လည္း ျဖစ္တဲ့အတြက္ ဒီလိုမ်ိဳးအျဖစ္ေတြနဲ႔ သာမန္လူေတြရင္ဆိုင္ရတဲ့အခါမွာ ဘယ္လို ေနထိုင္သင့္တယ္ဆိုတာကို ကိုယ္က ျပရမယ့္ တာဝန္လည္းရွိေနျပန္တာေၾကာင့္ ကိုယ့္ဘက္ကလည္း ဘယ္လိုရင္ဆိုင္ရမယ္ ဆိုတဲ့ အရာေလးေတြရွာေဖြရင္း ႀကိဳးစားေနထိုင္တာေပါ့ေလ” ဆိုၿပီးေတာ့ ေျပာဆိုခဲ့တာပါ။

ေက်ာ္ထက္ေအာင္ ကိုယ္တိုင္ကလည္း သူႀကဳံေတြ႕ခဲ့ရတဲ့ အရာေတြမွာ အမွား ရွိခဲ့ရင္ေတာင္ ဒီအမွားေတြထဲကေန သင္ခန္းစာ ယူတယ္လို႔ ဆိုပါတယ္။ သူကိုယ္တိုင္ကလည္း ျမန္မာအိုင္ေဒါ ၿပိဳင္ပြဲ အစကတည္းက ပရိသတ္ ေဝဖန္မႈေတြ ႀကဳံခဲ့ဖူးတယ္လို႔ သိရပါတယ္။

“ လူဆိုတာ အမွားနဲ႔ မကင္းၾကပါဘူး။ အမွားဆိုတာမ်ိဳးက သူမ်ား မိ သားစု ပ်က္စီးသြားေအာင္၊ စီးပြားပ်က္သြားေအာင္၊ သူမ်ား သားမယားဖ်က္ ဆီးသြားေအာင္၊ သူမ်ားမိသားစု ဘဝေတြ စုတ္ျပတ္ မသတ္သြားလို႔ရွိရင္ တခ်ိဳ႕ အမွားေတြက ျပန္ခ်စ္ေပးလို႔ရတဲ့ အရာေတြရွိတယ္။

အဲဒီအတြက္ ကိုယ္တိုင္ကလည္း သူမ်ား အမွား၊ ကိုယ့္အမွားေတြကို ျပန္သုံးသပ္ၿပီး သင္ခန္းစာ ဘယ္လို ယူရမလဲဆိုတဲ့ အေပၚမွာပဲ မူတည္ပါတယ္ခင္ဗ်ာ” လို႔ဆက္လက္ ေျပာျပခဲ့ပါတယ္။ source : Kyaw Htet Aung

unicode version . . .

ဝေဖန်မှုတွေနဲ့အတူ ထွက်ရှိနေတဲ့ အချစ်ရေး ကောလဟာလတွေကို ပြန်လည် ဖြေရှင်းခဲ့တဲ့ ကျော်ထက်အောင်

ကျော်ထက်အောင်ဟာ Myanmar Idol Season 1 ကတည်းက ပရိသတ်တွေ အားပေးမှုကို များစွာရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် နာမည်ရလာပြီး အခုဆိုရင် ခေါင်းဆောင်မင်းသား တစ်ယောက်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက် ကူးနေရပါပြီ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ် ကားကြီးတွေကလည်း ရုံတင်ပြသခဲ့ပြီးဖြစ်သလို ရုံမတင်ရသေးတဲ့ ရုပ်ရှင် ဇာတ်ကားတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

ကျော်ထက်အောင်ရဲ့ အချစ်ရေးအကြောင်းတွေကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူသိများလှတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ တင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ဒါကြောင့် ကျော်ထက်အောင်က ပရိသတ်တွေ စိတ်ဝင်စားလှတဲ့ သူ့ရဲ့ အချစ်ရေးအကြောင်းတွေကို ပြောပြလာပါတယ်။

အကုန်လုံးက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူ့ရှုထောင့်နဲ့ သူဆိုတာ ရှိကြတယ်။ ကျွန်တော် ဘာမှမဖြစ်ခင် အချိန်တုန်းကတော့ ချစ်သူရှိခဲ့ဖူးတာပေါ့လေ။ အခုတော့ သူက အိမ်ထောင် တောင်ကျသွားပါပြီ။ ဝေဖန်မှုတွေ ဆိုတာကလည်း Myanmar idol (Season-1) ကတည်းက ရှိခဲ့တာပါ။ ဒီအပေါ်မှာ ဘာမှ မခံစားရပေမယ့် ရိုက်ခတ်မှုတွေတော့ ရှိလာတာပေါ့။

ပုထုဇဉ်တစ်ယောက်ဆိုတော့ ကိုယ်က အနုပညာရှင်လည်း ဖြစ်တဲ့အတွက် ဒီလိုမျိုးအဖြစ်တွေနဲ့ သာမန်လူတွေရင်ဆိုင်ရတဲ့အခါမှာ ဘယ်လို နေထိုင်သင့်တယ်ဆိုတာကို ကိုယ်က ပြရမယ့် တာဝန်လည်းရှိနေပြန်တာကြောင့် ကိုယ့်ဘက်ကလည်း ဘယ်လိုရင်ဆိုင်ရမယ် ဆိုတဲ့ အရာလေးတွေရှာဖွေရင်း ကြိုးစားနေထိုင်တာပေါ့လေ” ဆိုပြီးတော့ ပြောဆိုခဲ့တာပါ။

ကျော်ထက်အောင် ကိုယ်တိုင်ကလည်း သူကြုံတွေ့ခဲ့ရတဲ့ အရာတွေမှာ အမှား ရှိခဲ့ရင်တောင် ဒီအမှားတွေထဲကနေ သင်ခန်းစာ ယူတယ်လို့ ဆိုပါတယ် ။ သူကိုယ်တိုင်ကလည်း မြန်မာအိုင်ဒေါ ပြိုင်ပွဲ အစကတည်းက ပရိသတ် ဝေဖန်မှုတွေ ကြုံခဲ့ဖူးတယ်လို့ သိရပါတယ်။

“ လူဆိုတာ အမှားနဲ့ မကင်းကြပါဘူး။ အမှားဆိုတာမျိုးက သူများ မိ သားစု ပျက်စီးသွားအောင်၊ စီးပွားပျက်သွားအောင်၊ သူများ သားမယားဖျက် ဆီးသွားအောင်၊ သူများမိသားစု ဘဝတွေ စုတ်ပြတ် မသတ်သွားလို့ရှိရင် တချို့ အမှားတွေက ပြန်ချစ်ပေးလို့ရတဲ့ အရာတွေရှိတယ်။

အဲဒီအတွက် ကိုယ်တိုင်ကလည်း သူများ အမှား၊ ကိုယ့်အမှားတွေကို ပြန်သုံးသပ်ပြီး သင်ခန်းစာ ဘယ်လို ယူရမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်ခင်ဗျာ” လို့ဆက်လက် ပြောပြခဲ့ပါတယ်။ source : Kyaw Htet Aung

Add a Comment

Your email address will not be published. Required fields are marked *