ရွိစုမဲ့စုေလးေတြ ျခစ္ကုတ္လာလႉေပးၿပီး မ်က္ရည္က်ေနတဲ့ အလႉရွင္အမ်ိဳးသမီးအေၾကာင္း ေျပာျပခဲ့တဲ့ ခိုင္ႏွင္းေဝ

ရွိစုမဲ့စုေလးေတြ ျခစ္ကုတ္လာလႉေပးၿပီး မ်က္ရည္က်ေနတဲ့ အလႉရွင္အမ်ိဳးသမီးအေၾကာင္း ေျပာျပခဲ့တဲ့ ခိုင္ႏွင္းေဝ

ခိုင္ႏွင္းေဝကေတာ့ ပရဟိတ လုပ္ငန္းမ်ားကို အင္တိုက္ အားတိုက္ လုပ္ကိုင္ေနသူ ျဖစ္ၿပီး တႏိုင္တပိုင္ မိဘမဲ့ ကေလးေက်ာင္းေလးကို ဖြင့္ကာ ရင္ခြင္မဲ့ ကေလးငယ္ေလးေတြကို ျပဳစုေစာင့္ေရွာက္ ေပးေနသူပါ

လိုအပ္တဲ့ ေနရာမ်ားကိုလည္း ကိုယ္တိုင္ကိုယ္က် သြားေရာက္လႉဒါန္းေလ့ ရွိၿပီး အႏုပညာအသိုင္းအဝန္းမွ ခ်ိဳ႕တဲ့သူမ်ားကိုလည္း အၿမဲမျပတ္ ကူညီလႉဒါန္းေပးေနသူလည္း ျဖစ္ပါတယ္ ။

သူမကိုယ္တိုင္ လႉဒါန္းတဲ့အခါ မ်က္ရည္က်ခဲ့ရတာေတြ ရွိခဲ့သလို သူမရဲ႕ မိဘမဲ့ကေလးေက်ာင္းကို လာေရာက္ လႉဒါန္းသူေတြ မ်က္ရည္က်ရတဲ့ အခါေတြလည္း ရွိခဲ့ဖူးတယ္လို႔ သူမက ဆိုပါတယ္ ။

အခုတစ္ခါမွာေတာ့ တစ္ေန႔ ဝင္ေငြ ၅ ေထာင္ရွိရင္ ၂ ေထာင္စုကာ ႏွစ္ခ်ီေနေအာင္ စုခဲ့ရတဲ့ ပိုက္ဆံေလးေတြနဲ႔ သူမရဲ႕ မိဘမဲ့ကေလးေက်ာင္းကို လာေရာက္လႉဒါန္းတဲ့ အမ်ိဳးသမီးအေၾကာင္းကို မွ်ေဝခဲ့တာ ျဖစ္ပါတယ္။

ခိုင္ႏွင္းေဝ ေျပာခဲ့တာကေတာ့ ဒီေန႔ ကြၽန္မရဲ႕ ေဂဟာကို လာလႉရလို႔ ဝမ္းသာ မ်က္ရည္က်ခဲ့ရတဲ့ အလႉရွင္ တစ္ဦးေၾကာင့္ ကြၽန္မ ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚ ျဖစ္ခဲ့ပါတယ္ရွင္ အဝတ္ေလ်ာ္လုပ္ငန္း လုပ္ၿပီး တစ္ေန႔ကို ဝင္ေငြ ငါးေထာင္ရွိရင္ ၂ေထာင္စုကာ ႏွစ္ခ်ီ စုေဆာင္းထားတဲ့ အလႉေငြ သုံးသိန္း က်ပ္တိတိကို လာလႉေပးျခင္းျဖစ္ပါတယ္ ။

ကြၽန္မ လႉတဲ့ခါ ဝမ္းသာလို႔ငိုဖူးသူေတြနဲ႔ ႀကဳံခဲ့ရၿပီး..ကြၽန္မကို လႉရလို႔ ငိုတဲ့သူေတြ ခုေတာ့ ႀကဳံခဲ့ရပီရွင္။ ကြၽန္မကေလးစားရပါေသာ ကြၽန္မကိုေလးစားပါေသာ ဆိုကာ သူမရဲ႕ ေဖ့ဘုတ္ကေန တစ္ဆင့္ မွ်ေဝခဲ့ပါတယ္ ။

ပရိတ္သတ္ႀကီးေရ အလႉအတန္းဆိုတာကေတာ့ မြန္ျမတ္တဲ့အရာျဖစ္လို႔ ေညာင္ပင္ႀကီးေလာက္ လႉလႉ ေညာင္ေစ့ေလာက္ပဲ လႉလႉ ကုသိုလ္ကေတာ့ ရေနမွာပါပဲေနာ္ ။ ရွိစုမဲ့စုေလးနဲ႔ စုေဆာင္းၿပီး လႉဒါန္းေပးခဲ့တဲ့ အလႉရွင္ အမ်ိဳးသမီးအေၾကာင္းကို ပရိတ္သတ္ေတြ သာဓု ေခၚဆိုႏိုင္ေစဖို႔ ေဖာ္ျပ ေပးလိုက္ပါတယ္ရွင္။

ဖတ္ရႈေပးတဲ့ ပရိတ္သတ္ေတြ အားလုံး စိတ္ခ်မ္းသာ ကိုယ္က်န္းမာ ရွိၾကပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းလိုက္ပါတယ္ေနာ္ ။ source – Khine Hnin Wai

unicode version . . .

ရှိစု မဲ့စုလေးတွေ ခြစ်ကုတ် လာလှူပေးပြီး မျက်ရည်ကျနေတဲ့ အလှူရှင် အမျိုးသမီးအကြောင်း ပြောပြခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပရဟိတ လုပ်ငန်းများကို အင်တိုက် အားတိုက် လုပ်ကိုင်နေသူ ဖြစ်ပြီး တနိုင်တပိုင် မိဘမဲ့ ကလေးကျောင်းလေးကို ဖွင့်ကာ ရင်ခွင်မဲ့ ကလေးငယ်လေးတွေကို ပြုစုစောင့်ရှောက် ပေးနေသူပါ ။

လိုအပ်တဲ့ နေရာများကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းလေ့ ရှိပြီး အနုပညာ အသိုင်းအဝန်းမှ ချို့တဲ့သူများကိုလည်း အမြဲမပြတ် ကူညီ လှူဒါန်းပေးနေသူလည်း ဖြစ်ပါတယ် ။

သူမကိုယ်တိုင် လှူဒါန်းတဲ့အခါ မျက်ရည်ကျခဲ့ရတာတွေ ရှိခဲ့သလို သူမရဲ့ မိဘမဲ့ကလေးကျောင်းကို လာရောက် လှူဒါန်းသူတွေ မျ က္ရည် ကျရတဲ့ အခါတွေလည်း ရှိခဲ့ဖူးတယ်လို့ သူမက ဆိုပါတယ် ။

အခု တစ်ခါမှာတော့ တစ်နေ့ ဝင်ငွေ ၅ ထောင်ရှိရင် ၂ ထောင်စုကာ နှစ်ချီနေအောင် စုခဲ့ရတဲ့ ပိုက်ဆံလေးတွေနဲ့ သူမရဲ့ မိဘမဲ့ကလေးကျောင်းကို လာရောက်လှူဒါန်းတဲ့ အမျိုးသမီး အကြောင်း ကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။

ခိုင်နှင်းဝေ ပြောခဲ့တာကတော့ ဒီနေ့ ကျွန်မရဲ့ ဂေဟာကို လာလှူရလို့ ဝမ်းသာ မျက်ရည်ကျခဲ့ရတဲ့ အလှူရှင် တစ်ဦးကြောင့် ကျွန်မ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ် ဖြစ်ခဲ့ပါတယ်ရှင် အဝတ်လျော်လုပ်ငန်း လုပ်ပြီး တစ်နေ့ကို ဝင်ငွေ ငါးထောင်ရှိရင် ၂ထောင်စုကာ နှစ်ချီ စုဆောင်းထားတဲ့ အလှူငွေ သုံးသိန်း ကျပ်တိတိကို လာလှူပေးခြင်းဖြစ်ပါတယ် ။

ကျွန်မ လှူတဲ့ခါ ဝမ်းသာလို့ငိုဖူးသူတွေနဲ့ ကြုံခဲ့ရပြီး..ကျွန်မကို လှူရလို့ ငိုတဲ့သူတွေ ခုတော့ ကြုံခဲ့ရပီရှင် ။ ကျွန်မက လေးစားရပါသော ကျွန်မကို လေးစားပါသော ဆိုကာ သူမရဲ့ ဖေ့ဘုတ်ကနေ တစ်ဆင့် မျှဝေခဲ့ပါတယ် ။

ပရိတ်သတ်ကြီးရေ အလှူအတန်း ဆိုတာကတော့ မွန်မြတ်တဲ့အရာဖြစ်လို့ ညောင်ပင်ကြီးလောက် လှူလှူ ညောင်စေ့လောက်ပဲ လှူလှူ ကုသိုလ်ကတော့ ရနေမှာပါပဲနော် ။ ရှိစု မဲ့စုလေးနဲ့ စုဆောင်းပြီး လှူဒါန်းပေးခဲ့တဲ့ အလှူရှင် အမျိုးသမီး အကြောင်းကို ပရိတ်သတ်တွေ သာဓု ခေါ်ဆိုနိုင်စေဖို့ ဖော်ပြ ပေးလိုက်ပါတယ်ရှင် ။

ဖတ်ရှုပေးတဲ့ ပရိတ်သတ်တွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန် မာ ရှိကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ပါတယ်နော် ။ source – Khine Hnin Wai