သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ပက်သက်ပြီး တစ်သက် စားမကုန်နိုင်တဲ့အကြောင်းကို ပြောပြခဲ့တဲ့ မင်းသားချောလေး ဇေရဲထက်
unicode version . . .
ပိုင်ဆိုင်မှုတွေနဲ့ ပက်သက်ပြီး တစ်သက် စားမကုန်နိုင်တဲ့အကြောင်းကို ပြောပြခဲ့တဲ့ ဇေရဲထက်
ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချော ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားတွေ ခေတ်ကောင်းစဉ် အခါက် ဇာတ်ကားတွေကို လက်မလည်အောင် ရိုက်ကူးခဲ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ် ။ ဇေရဲထက်က အခုဆိုရင် ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့တာ (၃)နှစ် နီးပါး ရှိနေပြီ ဖြစ်ပေမယ့် သူ့ရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေဆဲ ဖြစ်ပါတယ် ။
ဇေရဲထက် ကတော့ သူ့ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပရိတ်သတ်ကို အမြဲတမ်း မျှဝေ ပေးနေသူလည်း ဖြစ်ပါတယ် ။ သရုပ်ဆောင်တဲ့ နေရာမှာ အောင်မြင်မှုတွေ စွတ်ခူးခဲ့တဲ့ မင်းသားချောကတော့ အစားအသောက် ချက်ပြုတ်တဲ့နေရာမှာလည်း အရမ်းကို တော်တဲ့သူ ဖြစ်ပါတယ် ။ အမြဲမပြတ် ဟင်းလက်ရာ ကောင်းများကို ချက်ပြုတ်ပြီး ပရိတ်သတ်ထံကို မျှဝေတတ်တဲ့သူပါ ။
လက်ရှိမှာတော့ မိခင်ဖြစ်သူနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ် ။ ဝါသနာအရ ဈေးရောင်းနေတဲ့ မိခင်ဖြစ်သူအပေါ် မနာလိုသူများက တိုက်ခိုက်ကြတဲ့အတွက် ဇေရဲထက်ကတော့ သူ့ရဲ့ ဖေ့ဘုတ်ကနေတစ်ဆင့် အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ် ။
ငါ့အမေ ဈေးရောင်းနေတာ ငတ်လို့မဟုတ်ဘူး သူ့ဝါသနာ အရ ရောင်းနေတာ ငါ့အမေရဲ့ ပိုင်ဆိုင်မူ့က တသက်စားမကုန်ဘူး ရှင်းတယ်နော် ငါပိုင်ဆိုင်တဲ့ အရာအားလုံးက အမေ့ နာမည်တွေ ချည်းပဲ ဆိုကာ မနာလိုသူတွေ သိရှိစေဖို့ ပြောပြခဲ့ပါတယ် ။ source – Zay Ye Htet