ေျမြအကိုက္ခံၿပီး သခင္ျဖစ္သူရဲ႕ အသက္ကို ကယ္တင္ခဲ့တဲ့ ေခြးလိမၼာေလး

ေျမြအကိုက္ခံၿပီး သခင္ျဖစ္သူရဲ႕ အသက္ကို ကယ္တင္ခဲ့တဲ့ ေခြးလိမၼာေလး

ေခြးကေလးေတြဆိုတာ လူေတြရဲ႕ အခ်စ္ဆံုး အိမ္ေမြး တိရစၦာန္ေလးေတြျဖစ္ျပီး လူေတြအေပၚမွာ သံေယာဇဥ္အရွိဆံုးနဲ႔ အခင္တြယ္တတ္ဆံုး အိမ္ေမြးတိရစၦာန္ေလးေတြပဲ ျဖစ္ပါတယ္။ သခင္ျဖစ္သူေတြကို အျမဲလိုလို မ်က္ႏွာခ်ိဳေသြးတတ္ျပီး သခင္ျဖစ္သူေတြက ဆူေနရင္လည္း မ်က္ႏွာငယ္ေလးနဲ႔ သခင္ေတြကို ၾကည့္ေနတတ္တာလည္း ေခြးကေလ းေတြပါပဲ။

အခုလည္း ေခြးကေလးတစ္ေကာင္ဟာ သခင္ျဖစ္သူ ဇနီးေမာင္ႏွံႏွစ္ေယာက္ ေျမြကိုက္ခံခါနီး သခင္ေတြအစား ဝင္ကာျပီး သူ႔ကိုယ္သူေျမြကိုက္ခံခဲ့ေၾကာင္း People သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အဆိုပါ ေခြးကေလးကေတာ့ အသက္ ၁၁ ႏွစ္အရြယ္ရွိ Bear လို႔ အမည္ရတဲ့ Yorkshire Terrier ေခြးအမ်ိဳးအစား ျဖစ္ေၾကာင္း သိရပါတယ္။ Bear ေလးဟာ အေမရိကႏိုင္ငံ၊ South Dakota ျပည္နယ္ရွိ Rapid ျမိဳ႕ေလးမွာ သခင္ျဖစ္သူ Devin Diede နဲ႔ သခင္မျဖစ္သူ Alex Diede တို႔ ဇနီးေမာင္ႏွံနဲ႔ ေနထိုင္တာပဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ အပတ္တုန္းက Devin ဟာ ဇနီးျဖစ္သူ Alex နဲ႔ ေခြးကေလး Bear တို႔ကို Blak Hills National Forest ဆီ ေတာင္တက္ဖို႔ ေခၚသြားခဲ့ပါတယ္။ ဒီလိုနဲ႔ ေတာင္တက္လမ္းတစ္ေနရာအေရာက္မွာ Bear ဟာ အေနာက္ကေန ရုတ္တရက္ေျပးတက္လာျပီး Devin နဲ႔ Alex တို႔အနားမွာ လဲက်သြားပါတယ္။

ဒီလိုနဲ႔ Devin လည္း Bear လဲက်သြားတဲ့ ေနရာကို လွမ္းၾကည့္လိုက္ေတာ့ Bear ေအာက္မွာ ခေလာက္ေျမြတစ္ေကာင္ဟာ Bear ရဲ႕ ရင္ဘက္ကို ကိုက္ထားတာ ေတြ႕လိုက္ရပါတယ္ ။ အဲဒီအခ်ိန္မွာ Devin လဲ Bear ကို အလ်င္အျမန္ဆြဲလိုက္ျပီး ခေလာက္ေျမြကို အေဝးသို႔ အနီးရွိ သစ္ကိုင္းေျခာက္နဲ႔ ေမာင္းထုတ္ခဲ့ပါတယ္။

ဒီလိုနဲ႔ ခ်က္ခ်င္းဆိုသလို ေတာင္ေအာက္ကို ျပန္ဆင္းဖို႔ လုပ္တဲ့အခါမွာ Bear ေလးဟာ လမ္းမေလွ်ာက္ ႏိုင္ေတာ့ပါဘူး ။ ေသခ်ာၾကည့္မွ ေရွ႕ညာ ညာေျခေထာက္မွာ ေျမြကိုက္ရာတစ္ခုကို ထပ္ေတြ႕ခဲ့ပါတယ္။ ဒီလိုနဲ႔ Devin တို႔ လင္မယားႏွစ္ေယာက္လည္း Bear ေလးကို အလ်င္အျမန္ေပြ႕ခ်ီျပီး ကားရွိရာဆီကို သြားကာ အနီးရွိ ေဆးခန္းတစ္ခုကို အလ်င္အျမန္ ေမာင္းခဲ့ပါတယ္။

“ကံေကာင္းတာက ကၽြန္ေတာ္တို႔ေရာက္သြားတဲ့ ေဆးခန္းမွာ ေျမြဆိပ္ေျဖေဆး အသင့္ရွိေနတာပါပဲ။ Bear ေလး အသက္မွီသြားတာေပါ့။ ေျမြက ကၽြန္ေတာ္တို႔ကို လွမ္းကိုက္ဖို႔ ျပင္ေနတဲ့အခ်ိန္မွာ Bear က ကၽြန္ေတာ္တို႔ကိုယ္စား ဝင္ခံလိုက္တာပါ။ ေတာ္ေတာ္ေလးကို ခ်စ္ဖို႔ ေကာင္းတဲ့ ေကာင္ေလးပါပဲ။

သူဝင္ကာလိုက္တဲ့အခ်ိန္မွာ သူ႔ေရွ႕ညာေျခေထာက္ကို ေျမြက ေပါက္လိုက္တာ။ ရင္ဘက္က တစ္ခ်က္ကေတာ့ ေျမြနဲ႔ သူ လံုးေထြးေနတဲ့အခ်ိန္မွာ ထပ္ျပီးေျမြကိုက္ခံလိုက္ရတာပါ။ အခု တစ္ပတ္ေလာက္ၾကာျပီးတဲ့အခ်ိန္မွာေတာ့ Bear တစ္ေကာင္ လမ္းျပန္ေလွ်ာက္ေနႏိုင္ပါျပီ” လို႔ Devin က ေျပာၾကားခဲ့ပါတယ္။ credit – SHWEMOM

unicode version . . .

မြွေအကိုက်ခံပြီး သခင်ဖြစ်သူရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ခွေးလိမ္မာလေး

ခွေးကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံး အိမ်မွေး တိရစ္ဆာန်လေးတွေဖြစ်ပြီး လူတွေအပေါ်မှာ သံယောဇဉ်အရှိဆုံးနဲ့ အခင်တွယ်တတ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ သခင်ဖြစ်သူတွေကို အမြဲလိုလို မျက်နှာချိုသွေးတတ်ပြီး သခင်ဖြစ်သူတွေက ဆူနေရင်လည်း မျက်နှာငယ်လေးနဲ့ သခင်တွေကို ကြည့်နေတတ်တာလည်း ခွေးကလေ းတွေပါပဲ။

အခုလည်း ခွေးကလေးတစ်ကောင်ဟာ သခင်ဖြစ်သူ ဇနီးမောင်နှံနှစ်ယောက် မြွေကိုက်ခံခါနီး သခင်တွေအစား ဝင်ကာပြီး သူ့ကိုယ်သူမြွေကိုက်ခံခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ခွေးကလေးကတော့ အသက် ၁၁ နှစ်အရွယ်ရှိ Bear လို့ အမည်ရတဲ့ Yorkshire Terrier ခွေးအမျိုးအစား ဖြစ်ကြောင်း သိရပါတယ်။ Bear လေးဟာ အမေရိကနိုင်ငံ၊ South Dakota ပြည်နယ်ရှိ Rapid မြို့လေးမှာ သခင်ဖြစ်သူ Devin Diede နဲ့ သခင်မဖြစ်သူ Alex Diede တို့ ဇနီးမောင်နှံနဲ့ နေထိုင်တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းက Devin ဟာ ဇနီးဖြစ်သူ Alex နဲ့ ခွေးကလေး Bear တို့ကို Blak Hills National Forest ဆီ တောင်တက်ဖို့ ခေါ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ တောင်တက်လမ်းတစ်နေရာအရောက်မှာ Bear ဟာ အနောက်ကနေ ရုတ်တရက်ပြေးတက်လာပြီး Devin နဲ့ Alex တို့အနားမှာ လဲကျသွားပါတယ်။

ဒီလိုနဲ့ Devin လည်း Bear လဲကျသွားတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ Bear အောက်မှာ ခလောက်မြွေတစ်ကောင်ဟာ Bear ရဲ့ ရင်ဘက်ကို ကိုက်ထားတာ တွေ့လိုက်ရပါတယ် ။ အဲဒီအချိန်မှာ Devin လဲ Bear ကို အလျင်အမြန်ဆွဲလိုက်ပြီး ခလောက်မြွေကို အဝေးသို့ အနီးရှိ သစ်ကိုင်းခြောက်နဲ့ မောင်းထုတ်ခဲ့ပါတယ်။

ဒီလိုနဲ့ ချက်ချင်းဆိုသလို တောင်အောက်ကို ပြန်ဆင်းဖို့ လုပ်တဲ့အခါမှာ Bear လေးဟာ လမ်းမလျှောက် နိုင်တော့ပါဘူး ။ သေချာကြည့်မှ ရှေ့ညာ ညာခြေထောက်မှာ မြွေကိုက်ရာတစ်ခုကို ထပ်တွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ Devin တို့ လင်မယားနှစ်ယောက်လည်း Bear လေးကို အလျင်အမြန်ပွေ့ချီပြီး ကားရှိရာဆီကို သွားကာ အနီးရှိ ဆေးခန်းတစ်ခုကို အလျင်အမြန် မောင်းခဲ့ပါတယ်။

“ကံကောင်းတာက ကျွန်တော်တို့ရောက်သွားတဲ့ ဆေးခန်းမှာ မြွေဆိပ်ဖြေဆေး အသင့်ရှိနေတာပါပဲ။ Bear လေး အသက်မှီသွားတာပေါ့။ မြွေက ကျွန်တော်တို့ကို လှမ်းကိုက်ဖို့ ပြင်နေတဲ့အချိန်မှာ Bear က ကျွန်တော်တို့ကိုယ်စား ဝင်ခံလိုက်တာပါ။ တော်တော်လေးကို ချစ်ဖို့ ကောင်းတဲ့ ကောင်လေးပါပဲ။

သူဝင်ကာလိုက်တဲ့အချိန်မှာ သူ့ရှေ့ညာခြေထောက်ကို မြွေက ပေ ါက်လိုက်တာ။ ရင်ဘက်က တစ်ချက်ကတော့ မြွေနဲ့ သူ လုံးထွေးနေတဲ့အချိန်မှာ ထပ်ပြီးမြွေကိုက်ခံလိုက်ရတာပါ။ အခု တစ်ပတ်လောက်ကြာပြီးတဲ့အချိန်မှာတော့ Bear တစ်ကောင် လမ်းပြန်လျှောက်နေနိုင်ပါပြီ” လို့ Devin က ပြောကြားခဲ့ပါတယ်။ credit – SHWEMOM

Tags: