ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေတာ့မယ့္ တင္ေမာင္ဆန္းမင္းဝင္းရဲ႕သားေလး မင္းေရႊေရာင္တင္

ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေတာ့မယ့္ တင္ေမာင္ဆန္းမင္းဝင္းရဲ႕သားေလး

သူ႔ကို ခ်စ္တဲ့သူေတြ ေတာ္ေတာ္မ်ားတယ္ ။ တင္ေမာင္ဆန္းမင္းဝင္းရဲ႕ သားေလး မင္းေ႐ႊေရာင္ထင္ ကေတာ့ ဒါ႐ိုက္တာခင္လႈိင္ ႐ိုက္ကူးမယ့္ ဆိုးေပ ဇာတ္လမ္းတြဲထဲမွာ ပါဝင္သ႐ုပ္ေဆာင္ေတာ့မွာျဖစ္ပါတယ္။ မင္းေ႐ႊေရာင္ထင္ကိုေတာ့ တင္ေမာင္ဆန္းမင္းဝင္းရဲ႕ သားေလးအျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။

သားေလး မင္းေ႐ႊေရာင္ထင္ဟာ ဇာတ္မင္းသားအက ကိုလည္း ကြၽမ္းက်င္ပိုင္ႏိုင္သူျဖစ္ၿပီး မိုးရာသီအၿငိမ့္ပြဲေတြမွာ ဖခင္နဲ႔အတူ ေဖ်ာ္ေျဖကျပရင္း ပရိသတ္ေတြရဲ႕ အခ်စ္ကို အခိုင္အမာရရွိခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ သူဟာ သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ဆိုးေပ ဇာတ္လမ္းတြဲထဲက ဆိုးေပ ကာ႐ိုက္တာကို သ႐ုပ္ေဆာင္ရမွာလို႔ တင္ေမာင္ဆန္းမင္းဝင္းက  ေျပာျပလာပါတယ္။

ဒီဇာတ္ကားအတြက္ မပတၱျမားက လာေျပာေတာ့ အမွန္အတိုင္းေျပာရရင္ မ႐ိုက္ေစခ်င္ဘူး။ ေက်ာင္းစာ ပ်က္မွာလည္း စိုးတယ္။ အရင္တုန္းကဆိုရင္ သူက ဇာတ္ကေနရတာဆိုေတာ့ အတန္းေတြလည္း ပ်က္ထားရတယ္။

အခုလည္း တစ္လေလာက္႐ိုက္မွာဆိုေတာ့ ထပ္ပ်က္ရမယ့္ သေဘာ။ ဒါေပမယ့္လည္း ဆိုးေပ ကာ႐ိုက္တာက သူနဲ႔အံဝင္ဂြင္က်ျဖစ္ေနေတာ့ ဒါဆိုလည္း႐ိုက္လိုက္ေတာ့ ဆိုၿပီးေတာ့ ခြင့္ျပဳလိုက္တာပါ လို႔ ဆိုပါတယ္။

မင္းေ႐ႊေရာင္ထင္ ကို တင္ေမာင္ဆန္းမင္းဝင္းရဲ႕ မ်ိဳးစက္သစ္ေလးအျဖစ္ ခ်စ္ၾကတဲ့ ပရိသတ္ေတြ အမ်ားႀကီးပါ။ အခုဆိုရင္ ဆိုးေပဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္မယ့္ သားေလး မင္းေ႐ႊေရာင္ထင္အေပၚ ဖခင္ျဖစ္သူ တင္ေမာင္ဆန္းဝင္းရဲ႕ သေဘာထားကို အခုလို ေျပာျပလာပါတယ္။

သူကေတာ့ အႏုပညာအရည္အခ်င္း မျပည့္ဝေသးဘူး။ အခုမွ ႏွစ္ကားေျမာက္ဆိုေတာ့ သိပ္ေတာ့ စိတ္မခ်ေသးဘူး။ ဇာတ္စင္ေပၚပိုင္းကေတာ့ ပိုင္တယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကို ခ်စ္ၾကလို႔သူ႔ကို ခ်စ္ၾကတာ မဟုတ္ဘူး။

သူ႔ကို ခ်စ္ၾကလို႔ ကြၽန္ေတာ့္ကို အားေပးၾကသလို ျဖစ္ေနၿပီ။ အခုေတာ့ ဆိုးေပ ကာ႐ိုက္တာအတြက္က သူ႔မွာ နည္းနည္းေလး လိုအပ္ေနတာ ဆိုေတာ့ ကိုခင္လႈိင္ သင္သြားပါလိမ့္မယ္။ သူ႔ဆရာေတြ ကိုထြန္းထြန္းတို႔ ကိုခင္လႈိင္တို႔ သင္သြားပါလိမ့္မယ္ လို႔ ဆက္လက္ ေျပာျပလာပါတယ္။

ဆိုးေပ ႐ုပ္သံဇာတ္လမ္းတြဲထဲမွာ အကယ္ဒမီထြန္းထြန္း၊ ထြန္းဝီရ၊ ေနာင္ထူး၊ အကယ္ဒမီပိုင္ၿဖိဳးသု၊ သဇင္ထူးျမင့္၊ ေဇာ္ဝင္းႏိုင္၊ ခင္လႈိင္၊ အကယ္ဒမီတကၠသိုလ္ဂြမ္းပုံ၊ နန္းခင္ေမႊး၊ Gဆိုင္းဂ်ာ နဲ႔ အံ့မင္းညိဳ တို႔က ပါဝင္သ႐ုပ္ေဆာင္သြားမွာျဖစ္ၿပီး

ကေလးသ႐ုပ္ေဆာင္မ်ား အေနနဲ႔ မင္းေ႐ႊေရာင္တင္၊ လျပည့္ထြန္း၊ သုတေအာင္၊ စြမ္းစြမ္း၊ သူရျမင့္ျမတ္ေက်ာ္၊ ရႈိင္းဝဏေအာင္၊ သုမန္ေအာင္ နဲ႔ အိန္ဂ်ယ္ဝတ္မႈံတို႔က ပါဝင္သ႐ုပ္ေဆာင္ ၾကမွာျဖစ္ပါတယ္။ source -TinMgSanMinWin

unicode version . . .

ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်တော့မယ့် တင်မောင်ဆန်းမင်းဝင်းရဲ့သားလေး

သူ့ကို ချစ်တဲ့သူတွေ တော်တော်များတယ် ။ တင်မောင်ဆန်းမင်းဝင်းရဲ့ သားလေး မင်းရွှေရောင်ထင် ကတော့ ဒါရိုက်တာခင်လှိုင် ရိုက်ကူးမယ့် ဆိုးပေ ဇာတ်လမ်းတွဲထဲမှာ ပါဝင် သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ မင်းရွှေရောင်ထင် ကိုတော့ တင်မောင်ဆန်းမင်းဝင်းရဲ့ သားလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။

သားလေး မင်းရွှေရောင်ထင်ဟာ ဇာတ်မင်းသားအက ကိုလည်း ကျွမ်းကျင် ပိုင်နိုင်သူဖြစ်ပြီး မိုးရာသီအငြိမ့်ပွဲတွေမှာ ဖခင်နဲ့အတူ ဖျော်ဖြေကပြရင်း ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ သူဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဆိုးပေ ဇာတ်လမ်းတွဲထဲက ဆိုးပေ ကာရိုက်တာကို သရုပ်ဆောင်ရမှာလို့ တင်မောင်ဆန်းမင်းဝင်းက  ပြောပြလာပါတယ်။

ဒီဇာတ်ကားအတွက် မပတ္တမြားက လာပြောတော့ အမှန်အတိုင်းပြောရရင် မရိုက်စေချင်ဘူး။ ကျောင်းစာ ပျက်မှာလည်း စိုးတယ်။ အရင်တုန်းကဆိုရင် သူက ဇာတ်ကနေရတာဆိုတော့ အတန်းတွေလည်း ပျက်ထားရတယ်။

အခုလည်း တစ်လလောက်ရိုက်မှာဆိုတော့ ထပ်ပျက်ရမယ့် သဘော။ ဒါပေမယ့်လည်း ဆိုးပေ ကာရိုက်တာက သူနဲ့အံဝင်ဂွင်ကျဖြစ်နေတော့ ဒါဆိုလည်းရိုက်လိုက်တော့ ဆိုပြီးတော့ ခွင့်ပြုလိုက်တာပါ လို့ ဆိုပါတယ်။

မင်းရွှေရောင်ထင် ကို တင်မောင်ဆန်းမင်းဝင်းရဲ့ မျိုးစက်သစ်လေးအဖြစ် ချစ်ကြတဲ့ ပရိသတ်တွေ အများကြီးပါ။ အခုဆိုရင် ဆိုးပေဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မယ့် သားလေး မင်းရွှေရောင်ထင်အပေါ် ဖခင်ဖြစ်သူ တင်မောင်ဆန်းဝင်းရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။

သူကတော့ အနုပညာအရည်အချင်း မပြည့်ဝသေးဘူး။ အခုမှ နှစ်ကားမြောက်ဆိုတော့ သိပ်တော့ စိတ်မချသေးဘူး။ ဇာတ်စင်ပေါ်ပိုင်းကတော့ ပိုင်တယ်။ ပြီးတော့ ကျွန်တော့်ကို ချစ်ကြလို့သူ့ကို ချစ်ကြတာ မဟုတ်ဘူး။

သူ့ကို ချစ်ကြလို့ ကျွန်တော့်ကို အားပေးကြသလို ဖြစ်နေပြီ။ အခုတော့ ဆိုးပေ ကာရိုက်တာအတွက်က သူ့မှာ နည်းနည်းလေး လိုအပ်နေတာ ဆိုတော့ ကိုခင်လှိုင် သင်သွားပါလိမ့်မယ်။ သူ့ဆရာတွေ ကိုထွန်းထွန်းတို့ ကိုခင်လှိုင်တို့ သင်သွားပါလိမ့်မယ် လို့ ဆက်လက် ပြောပြလာပါတယ်။

ဆိုးပေ ရုပ်သံဇာတ်လမ်းတွဲထဲမှာ အကယ်ဒမီထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ နန်းခင်မွှေး၊ Gဆိုင်းဂျာ နဲ့ အံ့မင်းညို တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး

ကလေးသရုပ်ဆောင်များ အနေနဲ့ မင်းရွှေရောင်တင်၊ လပြည့်ထွန်း၊ သုတအောင်၊ စွမ်းစွမ်း၊ သူရမြင့်မြတ်ကျော်၊ ရှိုင်းဝဏအောင်၊ သုမန်အောင် နဲ့ အိန်ဂျယ်ဝတ်မှုံတို့က ပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပါတယ်။ source – TinMgSanMinWin