ယခုႏွစ္ (၁၀) တန္းက်ရႈံး သူမ်ား ေနာက္ (၂) ႏွစ္အထိ ျပန္ေျဖခြင့္ရွိမည္ဟု အေျခခံပညာဒုၫႊန္ခ်ဳပ္ေျပာၾကား

ယခုႏွစ္ (၁၀) တန္းက်ရႈံး သူမ်ား ေနာက္ (၂) ႏွစ္အထိ ျပန္ေျဖခြင့္ရွိမည္ဟု အေျခခံပညာဒုၫႊန္ခ်ဳပ္ေျပာၿပီ

(၁၀)တန္း ျပန္ေျဖခြင့္ကေတာ့ အၿမဲတမ္းရွိတယ္။ ရွိေနမွာပဲ။ ပုံစံတစ္မ်ိဳးနဲ႔တစ္မ်ိဳးေပါ့။ အခုဟာက စနစ္ေဟာင္းနဲ႔က်တဲ့ ကေလးေတြက အနည္းဆုံးႏွစ္ႏွစ္ေတာ့ ဒီစနစ္ေဟာင္းအတိုင္းပဲ ျပန္ေျဖရမွာပါပဲ။

ဒီႏွစ္ Grade11စာေမးပြဲရွိတာေပါ့။ အဲဒီစာေမးပြဲက အခုေက်ာင္းတက္ ေနတဲ့ Grade11သင္႐ိုးေဟာင္းက ကေလးေတြကဒီႏွစ္ေျဖရမွာေလ ။ အခုဒီႏွစ္ က်သြားတဲ့ ကေလးေတြကလည္း ၂၀၂၁မတ္မွာေတာ့ ျပန္ေျဖ ခြင့္ရမွာပါ။

လာမယ့္ႏွစ္ ၂၀၂၂ မတ္လ မွာလည္း ေျဖခြင့္ရဦး မွာပါ။ဘာျဖစ္လို႔လဲဆိုေတာ့ သင္႐ိုးသစ္က Grade10 က်မွပဲေျဖရမွာ ဆိုေတာ့ အခု Grade10 ဒီကေလးေတြက၂၀၂၂မွ Grade11ေရာက္မွာ ၂၀၂၃ ေရာက္မွ Grade12 ေရာက္မွာဆိုေတာ့ေလ လို႔ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။

တကၠသိုလ္ ဝင္တန္း ျပင္ပေျဖဆိုထားသူေတြ စာ ေမးပြဲက်ရႈံးပါက ႏွစ္စဥ္ ျပန္ေျဖခြင့္ရွိတယ္လို႔ အေျခခံပညာဦးစီးဌာန ၊ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါ တယ္။ အခုႏွစ္ စာေမးပြဲက်ရႈံးသြားတဲ့သူေတြ အေနနဲ႔ ေနာက္ႏွစ္မွာ ျပန္ေျဖဆိုခြင့္မရွိဘူးဆိုတဲ့ ေကာ လဟာလေတြက မဟုတ္မွန္ဘဲ ႏွစ္စဥ္ျပန္ေျဖ ႏိုင္မွာျဖစ္ပါတယ္။

ျပင္ပေျဖေတြအေနနဲ႔ ဆယ္တန္းၿပီးေျမာက္ေၾကာင္းလက္မွတ္ မရေပမယ့္ ျပန္ေျဖဆိုခြင့္ ကေတာ့အၿမဲတမ္းရွိေန မွာျဖစ္တယ္လို႔ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းကေျပာပါတယ္။

ေက်ာင္းတြင္း ေျဖဆိုသူ ေတြအေနနဲ႔ တကၠသိုလ္ဝင္တန္း က်ရႈံးရင္လည္း ဆယ္တန္း ျပီးေျမာက္ေၾကာင္း လက္မွတ္ေတြကို ေက်ာင္းေတြက ထုတ္ေပးသြားမွာ ျဖစ္တယ္လို႔ဆိုပါတယ္။

ဆယ္တန္း ျပီးေျမာက္ေၾကာင္း လက္မွတ္ေတြကို ဩဂုတ္လအတြင္း ထုတ္ေပးႏိုင္ေအာင္ ေဆာင္႐ြက္ေနပါတယ္ ။ REF: SHWE WIKI

unicode version . . .

ယခုနှစ် (၁၀) တန်းကျရှုံး သူများ နောက် (၂) နှစ်အထိ ပြန်ဖြေခွင့်ရှိမည်ဟု အခြေခံပညာဒုညွှန်ချုပ်ပြောပြီ

(၁၀)တန်း ပြန်ဖြေခွင့်ကတော့ အမြဲတမ်းရှိတယ်။ ရှိနေမှာပဲ။ ပုံစံတစ်မျိုးနဲ့တစ်မျိုးပေါ့။ အခုဟာက စနစ်ဟောင်းနဲ့ကျတဲ့ ကလေးတွေက အနည်းဆုံးနှစ်နှစ်တော့ ဒီစနစ်ဟောင်းအတိုင်းပဲ ပြန်ဖြေရမှာပါပဲ။

ဒီနှစ် Grade11စာမေးပွဲရှိတာပေါ့ ။ အဲဒီစာမေးပွဲက အခုကျေ ာင်းတက် နေတဲ့ Grade11သင်ရိုးဟောင်းက ကလေးတွေကဒီနှစ်ဖြေရမှာလေ ။ အခုဒီနှစ် ကျသွားတဲ့ ကလေးတွေကလည်း ၂၀၂၁မတ်မှာတော့ ပြန်ဖြေ ခွင့်ရမှာပါ။

လာမယ့်နှစ် ၂၀၂၂ မတ်လ မှာလည်း ဖြေခွင့်ရဦး မှာပါ။ဘာဖြစ်လို့လဲဆိုတော့ သင်ရိုးသစ်က Grade10 ကျမှပဲဖြေရမှာ ဆိုတော့ အခု Grade10 ဒီကလေးတွေက၂၀၂၂မှ Grade 11 ရောက်မှာ ၂၀၂၃ ရောက်မှ Grade12 ရောက်မှာဆိုတော့လေ လို့ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

တက္ကသိုလ် ဝင်တန်း ပြင်ပဖြေဆိုထားသူတွေ စာ မေးပွဲကျရှုံးပါက နှစ်စဉ် ပြန်ဖြေခွင့်ရှိတယ်လို့ အခြေခံပညာဦးစီးဌာန ၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါ တယ်။ အခုနှစ် စာမေးပွဲကျရှုံးသွားတဲ့သူတွေ အနေနဲ့ နောက်နှစ်မှာ ပြန်ဖြေဆိုခွင့်မရှိဘူးဆိုတဲ့ ကော လဟာလတွေက မဟုတ်မှန်ဘဲ နှစ်စဉ်ပြန်ဖြေ နိုင်မှာဖြစ်ပါတယ်။

ပြင်ပဖြေတွေအနေနဲ့ ဆယ်တန်းပြီးမြောက်ကြောင်းလက်မှတ် မရပေမယ့် ပြန်ဖြေဆိုခွင့် ကတော့အမြဲတမ်းရှိနေ မှာဖြစ်တယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းကပြောပါတယ်။

ကျောင်းတွင်း ဖြေဆိုသူ တွေအနေနဲ့ တက္ကသိုလ်ဝင်တန်း ကျရှုံးရင်လည်း ဆယ်တန်း ပြီးမြောက်ကြောင်း လက်မှတ်တွေကို ကျောင်းတွေက ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဆယ်တန်း ပြီမြောက်ကြောင်း လက်မှတ်တွေကို ဩဂုတ်လအတွင်း ထုတ် ပေးနိုင်အောင် ဆောင်ရွက်နေပါတယ် ။ REF: SHWE WIKI

Add a Comment

Your email address will not be published. Required fields are marked *