






unicode version . . .

ရုပ်ရှင်ဇာတ်ကားတွေမှာ အတွဲညီခဲ့သလို အပြင်မှာလည်း ပြောမနာဆိုမနာ ခင်မင်ရတဲ့ သူငယ်ချင်း ဖွေးဖွေးအတွက် အစဉ်အလာမပြတ် မွေးနေ့ ဆုတောင်းပေးခဲ့တဲ့ အလင်းရောင်

နိုင်ငံကျော် မင်းသားနဲ့မင်းသမီး ဖြစ်ကြတဲ့ ဖွေးဖွေးနဲ့ အလင်းရော င်က အနုပညာလမ်းမမှာ အောင်မြင်မှုကိုယ်စီနဲ့ လျှောက်လှမ်းနေကြသူတွေပဲ ဖြစ်ပါတယ် ။ ဖွေးဖွေးနဲ့ အလင်းရောင်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း အတွဲညီညီ သရုပ်ဆောင်ကြသလို အပြင်မှာလည်း တော်တော်လေး ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။

ဒါ့အပြင် ဖွေးဖွေးနဲ့ အလင်းရောင်က တစ်ယောက်ရဲ့မွေးနေ့မှာတစ်ယောက် ဆုမွန်ကောင်းတွေ တောင်းပေးတတ်ကြပါသေးတယ်။ ဒီကနေ့ သြဂုတ်လ (၉) ရက်နေ့ကတော့ ဖွေးဖွေးရဲ့ မွေးနေ့လေးပဲဖြစ်ပြီး အလင်းရောင်ကလည်း သူတို့သူငယ်ချင်း နှစ်ယောက်ရဲ့

အမှတ်တရပုံလေးနဲ့ HAPPY BIRTHDAY PHWAY WISH YOU ALL THE BEST ကျန်းမာ ပျော်ရွှင်ပြီး ဖြစ်ချင်တာမှန်သမျှ အကုန်ဖြစ်ပါစေ။ နေ့ရက်တိုင်းကို အောင်မြင်မှုများစွာနဲ့ ဖြတ်သန်းနိုင်ပါစေ ဆိုပြီး ဖွေးဖွေးအတွက် ထုံးစံမပြတ် မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ် ။

ဖွေးဖွေးနဲ့ အလင်းရောင်ကတော့ ကာဗွန်ဒိုင်အောက်ဆိုက် ပပဝတီစီရင်ခန်း ရွှေကြာ၊ သတို့သမီး စတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေမှာလည်း ပရိသတ်အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့သူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး ဖွေးဖွေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြဖို့ မမေ့ပါနဲ့နော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ။ Source: Alinnyaung Light’s fb

Add a Comment

Your email address will not be published. Required fields are marked *