unicode version . . .
ကိုယ်ထောက်ပံ့ပေးခဲ့တဲ့ကျောင်းသားလေး ဂုဏ်ထူးပါလို့ ပျော်နေတဲ့ ကျော်ထက်အောင်
ကျော်ထက်အောင်လို့ ဆိုလိုက်ရင်တော့ မြန်မာအိုင်ဒေါရဲ့ Host တစ်ယောက်အနေနဲ့ မီးလေးခဏလောက်မှိတ်ပေးပါ ဆိုတဲ့အသံလေးကို အရင် ကြားယောင်မိမှာပါနော်။ မြန်မာအိုင်ဒေါနဲ့အတူ ပရိသတ်သတိ ထားမိလာခဲ့တဲ့ ကျော်ထက်အောင်ကတော့ အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးမှုအခိုင်အမာရရှိနေသူပါ။
မကြာခဏဆိုသလို အလှူအတန်း လုပ်လေ့ရှိသူဖြစ်ပြီး ဒီနေ့မှာတော့ အလှူတွေထဲမှာ မြတ်တဲ့အလှူတစ်ခု ဖြစ်တဲ့ ပညာအလှူကနေ ရတဲ့ အသီးအပွင့်လေးကြောင့် ပီတိ ဖြစ်နေကြောင်းကို မျှဝေလာပါတယ်။
ပြင်ဦးလွင်မြို့မှာရှိတဲ့ စိမ်းလမ်းမြေ ပရဟိတ စာသင်ကျောင်းမှာ ဆယ်တန်း ပညာသင်နှစ် တစ်နှစ်လုံးစာအတွက် ကျောင်းသားလေးတစ်ယောက်ကို တာဝန်ယူထောက်ပံ့ခဲ့ပြီး ဒီနေ့အောင်စာရင်း ထွက်ချိန်မှာတော့ အောင်မြင်ရုံသာမက ဇီဝဗေဒ ဂုဏ်ထူးတစ်ခုပါ ပါတဲ့ ကျောင်းသားလေးကြောင့် ကျော်ထက်အောင် ကတော့ ဝမ်းသာပီတိ ဖြစ်နေရ ပါတယ်တဲ့
ပရိသတ်ကြီးရေ…ကျာ်ထက်အောင်ကတော့ အခုလိုထောက်ပံ့ရကျိုးနပ်အောင် ကြိုးစားပေးကြတဲ့ ကလေးတွေကြောင့် နောက်နှစ်လည်း ထပ်မံ လှူဒါန်းပေးသွားမှာဖြစ်ပြီး ဆယ်တန်း စာမေးပွဲကြီးကို မကျော်လွှားနိုင်ခဲ့တဲ့ ကလေးတွေလည်း အားမငယ်ကြဖို့ အားပေးစကား ပြောကြားခဲ့ ပါတယ်။
ပရိသတ်ကြီးရေ… ကိုယ်ထောက်ပံ့ပေးလိုက်တဲ့ကလေးလေး ထူးထူးချွန်ချွန်နဲ့အောင်မြင်တာကြောင့် ဝမ်းသာနေတဲ့ကျော်ထက်အောင်ရဲ့ ပီတိအပျော်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ source – Kyaw Htet Aung
Add a Comment
Your email address will not be published. Required fields are marked *