unicode version . . .
အထာကျကျ Rapper ကြီးတစ်ယောက်ဖြစ်ပေမယ့် ချစ်သူလေးဝါဆိုမိုးဦးနဲ့မှ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်သွားခဲ့ရတဲ့ ဖြိုးလေး
Snare အဖွဲ့ရဲ့ အဆိုတော် ဖြိုးလေးကတော့ အမိုက်စားသီချင်းတွေကို သီဆိုရင်း လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။
ဖြိုးလေးက အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေကို ဦးစီးလုပ်ကိုင်နေပြီး သူ့ရဲ့ချစ်သူလေး ဝါဆိုမိုးဦးနဲ့လည်း သာယာဖြောင့်ဖြူးတဲ့ အချစ်လမ်းခရီးကို လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။
နားလည်မှုရှိရှိနဲ့ တစ်ယောက်ကို တစ်ယောက် သစ္စာရှိရှိလက်တွဲခဲ့ကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က အခုဆိုရင် ချစ်သူသက်တမ်း (၄)နှစ်ကျော်တိုင် လက်တွဲမြဲနေကြဆဲ ဖြစ်ပါတယ်။
ဖြိုးလေးကတော့ အများအမြင်မှာ အရမ်းဂေါ်တဲ့ Rapper ကြီးတစ်ယောက်ဖြစ်ပေမယ့် ချစ်သူဝါဆိုမိုးဦးနဲ့ ပက်သတ်ရင်တော့ သူ့ရဲ့ ပုံစံအမှန်ကိုတောင် မေ့သွားစေတဲ့အထိ ချစ်သူ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း ဖြိုးလေးက ညသန်းခေါင်ကြီး ဗိုက်ဆာတဲ့ ချစ်သူလေး ဝါဆိုမိုးဦးအတွက် သူကိုယ်တိုင် ညလည်စာပြင်ဆင်ပေးပြီး အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်သွားခဲ့တာကို ချစ်စရာကောင်းစွာ တွေ့ရပါတယ်။
ဖြိုးလေးကတော့ ဝါဆိုမိုးဦးအတွက်ဆိုရင် ဘာမဆို ဖြည့်စည်းပေးနေတဲ့ ချစ်သူကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးလေးဆီမှာ သည်းသည်းလှုပ်အချစ်ခံရတဲ့ ဝါဆိုမိုးဦးကို အားကျနေပြီ ထင်ပါတယ်နော်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Source: Warso Moe Oo’s fb