႐ုပ္ရွင္ စရိုက္ခါစက ဖိနပ္နဲ႔ေပါက္ၿပီး ဆုံးမခံခဲ့ရဖူးတဲ့ အေၾကာင္းကို ျပန္ေျပာင္းေျပာျပလာတဲ့ ဟာသ သ႐ုပ္ေဆာင္ ခင္လွိုင္

႐ုပ္ရွင္ စရိုက္ခါစက ဖိနပ္နဲ႔ေပါက္ၿပီး ဆုံးမခံခဲ့ရတဲ့ အေၾကာင္း ျပန္ေျပာင္းေျပာျပလာတဲ့ ဟာသ သ႐ုပ္ေဆာင္ ခင္လွိုင္

လူရႊင္ေတာ္/သ႐ုပ္ေဆာင္ ခင္လွိုင္ကေတာ့ ပရိသတ္ေတြရဲ့ ခ်စ္ျခင္းကို အခိုင္အမာရရွိထားၿပီး ယခုအခါမွာ လူရႊင္ေတာ္အလုပ္သာမက ဒါရိုက္တာအျဖစ္႐ုပ္ရွင္ ဇာတ္ကားနဲ႔ ဇာတ္လမ္းတြဲမ်ား ရိုက္ကူးေနၿပီျဖစ္ပါတယ္။ခင္လွိုင္ဟာ ဒါရိုက္တာအေနနဲ႔ ဆိုးေပ ႐ုပ္သံဇာတ္လမ္းတြဲကိုလည္း ရိုက္ကူးဖို့ရွိေနၿပီး သမီးျဖစ္သူ သ႐ုပ္ေဆာင္ သဇင္ထူးျမင့္နဲ႔အတူ ပါဝင္သြားမွာပါ။

ယခုလို ေအာင္ျမင္ေနေပမယ့္ ဦးခင္လွိုင္ရဲ့ ႐ုပ္ရွင္ေလာက ကို စတင္ဝင္ေရာက္ခဲ့မွုကေတာ့ လြယ္လင့္တကူ မဟုတ္ခဲ့ပါဘူး ။ ႐ုပ္ရွင္စရိုက္ခါစမွာ ဇာတ္သဘင္ေလာက ကလာသူျဖစ္တဲ့အတြက္ သ႐ုပ္ေဆာင္ရာမွာ အဆီအေငၚ မတည့္မွုေတြ ျဖစ္ေနလို့ ဖိနပ္နဲ႔ေပါက္ၿပီးဆုံးမတာ ခံခဲ့ရဖူးတယ္လို့ ဦးခင္လွိုင္က ျပန္ေျပာင္း ေျပာျပလာခဲ့တာ ျဖစ္ပါတယ္။

ဦးခင္လွိုင္က ကၽြန္ေတာ္တို့ ကသဘင္ေလာက က လာတာဆိုေတာ့ ႐ုပ္ရွင္နဲ႔ ပတ္သတ္ၿပီး ဘာမွကိုမသိတာေလ သဘင္မွာက်ေတာ့ ရာနဲ႔ေထာင္နဲ႔ခ်ီေတြ ဟိုးအေဝးႀကီးကေန လွမ္းျမင္နိုင္ဖို့ အတြက္ Over Act လုပ္ရတာေပါ့ အမူအယာေတြ ပိုလုပ္ရတာေပါ့ ဒါမွ အေဝးကျ မင္သာတာ ဆိုေတာ့ေလ ႐ုပ္ရွင္က်ေတာ့ ကင္မရာ ေသးေသးေလးထဲမွာ ကိုယ့္အမူအရာကို ထင္းေနေအာင္ လုပ္ျပရတာဆိုေတာ့

စရိုက္ခါစတုန္းက ပရိသတ္ေတြက ခင္လွိုင္က အရမ္း အိုက္တင္ေတြအိုဗာျဖစ္တာပဲလို့ ေဝဖန္သံေတြၾကားရတယ္ဟုတ္တယ္အဲ့ဒီတုန္းကကၽြန္ေတာ္တကယ္အိုဗာျဖစ္ေနခဲ့တယ္ဆိုတာ ကၽြန္ေတာ္လည္းသိပါတယ္။ဒါကလည္း သဘင္ေလာကကို ႏွိမ္ေျပာတာမဟုတ္ပါဘူး…နယ္ပယ္ခ်င္းမတူတာကို ေျပာခ်င္တာပါဟု Over Acting ေတြသ႐ုပ္ေဆာင္ခဲ့မိတဲ့အေၾကာင္းေျပာျပလာခဲ့တာပါ။

ဒါ့အျပင္ ဦးခင္လွိုင္က ကၽြန္ေတာ္ဆို အရင္တုန္းက ဆရာသမားေတြက ဖိနပ္နဲ႔ေပါက္ၿပီးဆုံးမတာပါခံခဲ့ရ တာပါသူတို့ဒီလိုဆုံးမလို့လည္းတသက္လုံးမွတ္သြားတာေပါ့။ဒါရိုက္တာကိုလည္းေၾကာက္ရသလို ကင္မရာမန္းေတြလည္း ေၾကာက္ရပါတယ္လို့ ႐ုပ္ရွင္စရိုက္ခါစက ဖိနပ္နဲ႔ပါအေပါက္ခံခဲ့ရတဲ့အေၾကာင္း ျပန္ေျပာင္းေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။

ဒါကေတာ့ ဦးခင္လွိုင္တစ္ေယာက္ ခက္ခက္ခဲခဲနဲ႔ ျဖတ္ေက်ာ္ခဲ့ရတဲ့ ႐ုပ္ရွင္ေလာက အမွတ္တရ တခ်ိဳ့ကို ျပန္လည္မၽွေဝ ေပးခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ ။ ဦးခင္လွိုင္ကို အားေပးတဲ့ ပရိသတ္ႀကီးအတြက္ တင္ဆက္ ေပးလိုက္ရပါတယ္ေနာ္။ source – Khin Hling

unicode version . . .

ရုပ်ရှင် စရိုက်ခါစက ဖိနပ်နဲ့ပေါက်ပြီး ဆုံးမခံခဲ့ရတဲ့ အကြောင်း ပြန်ပြောင်းပြောပြလာတဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်

လူရွှင်တော်/သရုပ်ဆောင် ခင်လှိုင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းကို အခိုင်အမာရရှိထားပြီး ယခုအခါမှာ လူရွှင်တော်အလုပ်သာမက ဒါရိုက်တာအဖြစ်ရုပ်ရှင် ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲများ ရိုက်ကူးနေပြီဖြစ်ပါတယ်။ခင်လှိုင်ဟာ ဒါရိုက်တာအနေနဲ့ ဆိုးပေ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးဖို့ရှိနေပြီး သမီးဖြစ်သူ သရု ပ်ဆောင် သဇင်ထူးမြင့်နဲ့အတူ ပါဝင်သွားမှာပါ။

ယခုလို အောင်မြင်နေပေမယ့် ဦးခင်လှိုင်ရဲ့ ရုပ်ရှင်လောက ကို စတင်ဝင်ရောက်ခဲ့မှုကတော့ လွယ်လင့်တကူ မဟုတ်ခဲ့ပါဘူး ။ ရုပ်ရှင်စရိုက်ခါစမှာ ဇာတ်သဘင်လောက ကလာသူဖြစ်တဲ့အတွက် သရုပ်ဆောင်ရာမှာ အဆီအငေါ် မတည့်မှုတွေ ဖြစ်နေလို့ ဖိနပ်နဲ့ပေါက်ပြီးဆုံးမတာ ခံခဲ့ရဖူးတယ်လို့ ဦးခင်လှိုင်က ပြန်ပြောင်း ပြောပြလာခဲ့တာ ဖြစ်ပါတယ်။

ဦးခင်လှိုင်က ကျွန်တော်တို့ ကသဘင်လောက က လာတာဆိုတော့ ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ဘာမှကိုမသိတာလေ သဘင်မှာကျတော့ ရာနဲ့ထောင်နဲ့ချီတွေ ဟိုးအဝေးကြီးကနေ လှမ်းမြင်နိုင်ဖို့ အတွက် Over Act လုပ်ရတာပေါ့ အမူအယာတွေ ပိုလုပ်ရတာပေါ့ ဒါမှ အဝေးကြ မင်သာတာ ဆိုတော့လေ ရုပ်ရှင်ကျတော့ ကင်မရာ သေးသေးလေးထဲမှာ ကိုယ့်အမူအရာကို ထင်းနေအောင် လုပ်ပြရတာဆိုတော့

စရိုက်ခါစတုန်းက ပရိသတ်တွေက ခင်လှိုင်က အရမ်း အိုက်တင်တွေအိုဗာဖြစ်တာပဲလို့ ဝေဖန်သံတွေကြားရတယ်ဟုတ်တယ်အဲ့ဒီတုန်းကကျွန်တော်တကယ်အိုဗာဖြစ်နေခဲ့တယ်ဆိုတာ ကျွန်တော်လည်းသိပါတယ်။ဒါကလည်း သဘင်လောကကို နှိမ်ပြောတာမဟုတ်ပါဘူး နယ်ပယ်ချင်းမတူတာကို ပြောချင်တာပါဟု Over Acting တွေသရုပ်ဆောင်ခဲ့မိတဲ့အကြောင်းပြောပြလာခဲ့တာပါ။

ဒါ့အပြင် ဦးခင်လှိုင်က ကျွန်တော်ဆို အရင်တုန်းက ဆရာသမားတွေက ဖိနပ်နဲ့ပေါက်ပြီးဆုံးမတာပါခံခဲ့ရ တာပါသူတို့ဒီလိုဆုံးမလို့လည်းတသက်လုံးမှတ်သွားတာပေါ့။ ဒါရိုက်တာ ကိုလည်းကြောက်ရသလို ကင်မရာမန်းတွေလည်း ကြောက်ရပါတယ်လို့ ရုပ်ရှင်စရို က်ခါစက ဖိနပ်နဲ့ပါအပေါက်ခံခဲ့ရတဲ့အကြောင်း ပြန်ပြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ဒါကတော့ ဦးခင်လှိုင်တစ်ယောက် ခက်ခက်ခဲခဲနဲ့ ဖြတ်ကျော်ခဲ့ရတဲ့ ရုပ်ရှင်လောက အမှတ်တရ တချို့ကို ပြန်လည်မျှဝေ ပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ။ ဦးခင်လှိုင်ကို အားပေးတဲ့ ပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ရပါတယ်နော်။ source – Khin Hling