ပရိဟိတ ေက်ာင္းဆရာမေလး လုပ္ေနတဲ့ အဆိုေတာ္ ေအးျမျဖဴ

ပရိသတ္အားေပးမႈ အခိုင္အမာရရွိထားတဲ့ အဆိုေတာ္ ေအးျမျဖဴ က ပရဟိတအလုပ္နဲ႕ ပတ္သက္လာရင္ စိတ္အားထက္သန္သူ တစ္ေယာက္ျဖစ္ပါတယ္။

အခုဆိုရင္လည္း သူမက ပရဟိတေက်ာင္းေလးတစ္ခုမွာ စာသင္ေပးေနတယ္လို႔သိရပါတယ္။ေအးျမျဖဴဟာ သူမရဲ႕ ဂီတအလုပ္ေတြ အျပင္ ပရဟိတေက်ာင္းက ေက်ာင္းသူ၊ ေက်ာင္းသားေလးေတြ အတြက္ စာသင္ေပးေနတယ္လို႔ ဆိုပါတယ္။

သီခ်င္း အသစ္ေတြလည္း ထြက္ဖို႔ ႀကိဳးစားေနတယ္လို႔ သူက ေျပာပါတယ္။ ဒီၾကားထဲမွာ သမီးရဲ႕ အလုပ္ေလးေတြ ျပန္လုပ္ေနရပါၿပီ။ ဘာအလုပ္လည္းဆိုေတာ့ ပရဟိတ ေက်ာင္းမွာ စာသင္ေပးတာပါ။ ဒါကလည္း idol မၿပိဳင္ခင္ကတည္းက စာသင္ေပးေနတဲ့ ေက်ာင္းေလးပါ။

အခုဆိုရင္ သီခ်င္းေတြလည္း လုပ္ေနရတာ ဆိုေတာ့ အခ်ိန္ကို မအား အားေအာင္ လုပ္ေနရတယ္။ လုပ္စရာေလးေတြက ေန႕တိုင္းရွိေနေတာ့ ပရိသတ္ေတြနဲ႕လည္း အဆက္ျပတ္သြားမွာ စိုးလို႔ မျပတ္ေအာင္ သီခ်င္းေလးေတြလည္း ထြက္ဖို႔ရွိပါေသးတယ္ ဆိုၿပီးေတာ့ ၾသဂုတ္လ ၇ ရက္ေန႕ ညက သူမရဲ႕ Facebook Page မွာ Live လႊင့္ရင္း ေျပာခဲ့တာပါ။

ေအးျမျဖဴက လြမ္းေနလို႔ ဆိုတဲ့ ပထမဆုံး တစ္ကိုယ္ေတာ္သီခ်င္းေလးကို ဇြန္လ တုန္းက ထြက္ရွိခဲ့ပါတယ္။ ၾသဂုတ္လ အတြင္းမွာ ဒုတိယေျမာက္ သီခ်င္းတစ္ပုဒ္ ထြက္ရွိလာဦးမယ္လို႔ သူက ဆိုပါတယ္ ဒုတိယေျမာက္ သီခ်င္းေလးကို ၾသဂုတ္လ ထဲမွာ ထြက္ဖို႔ ရွိပါတယ္။ သီခ်င္းနာမည္ေလးက ေနာ္ လို႔နာမည္ေပးထားတယ္္

သီခ်င္းျမဴးျမဴးေလးပါ။ MV ေလးထြက္လာရင္အားလုံးလည္း ႀကိဳက္ႏွစ္သက္မယ္လို႔ထင္ပါတယ္ ။ Single Song ေလးေတြလည္း မၾကာခဏ ထြက္နိုင္ေအာင္ မိုး ႀကိဳးစားပါတယ္။ Album လးထြက္နိုင္ဖို႔လည္း ႀကိဳးစားသြားမွာပါလို႔ ဆက္လက္ ေျပာျပလာပါတယ္။ေအးျမျဖဴဟာ ငယ္ငယ္ေလးကတည္းက အႏုပညာအလုပ္ေတြနဲ႕ ပတ္သက္ၿပီး လႈပ္ရွားမႈေတြ အမ်ားႀကီးရွိခဲ့ပါတယ္။

သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ဗီဒီယို ဇာတ္ကားမ်ားစြာတို႔မွာလည္း ပါဝင္သ႐ုပ္ေဆာင္ဖူးခဲ့သူပါ။ ငယ္ငယ္ေလးကတည္းက သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ခဲ့တာေၾကာင့္ သူ႕ကို ခ်စ္တဲ့ ပရိသတ္ေတြအမ်ားႀကီး ပိုင္ဆိုင္ထားသူေလး ျဖစ္ပါတယ္။

သူမေကတာ့ Myanmar idol (Season-4) မွာ Vote နံပတ္ No.77711 နဲ႕ ပါဝင္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။ သူမဟာ ငယ္စဥ္ကတည္းက သီခ်င္းေတြလည္း ဆိုခဲ့တဲ့သူျဖစ္သလို သ႐ုပ္ေဆာင္ဘက္မွာလည္း ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးသူ ျဖစ္ပါတယ္။ သူမကို အခုခ်ိန္ထိ အားေပးေနတဲ့ ပရိသတ္ေတြကလည္း အမ်ားႀကီးပါပဲ။အားလံုးေပ်ာ္ရႊင္က်ပါေစေနာ္ ။ source – Aye Mya Phyu

unicode version . . .

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် အေးမြဖြူ က ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် စိတ်အားထက်သန်သူ တစ်ယောက်ဖြစ်ပါတယ်။

အခုဆိုရင်လည်း သူမက ပရဟိတကျောင်းလေးတစ်ခုမှာ စာသင်ပေးနေတယ်လို့သိရပါတယ်။အေးမြဖြူဟာ သူမရဲ့ ဂီတအလုပ်တွေ အပြင် ပရဟိတကျောင်းက ကျောင်းသူ၊ ကျောင်းသားလေးတွေ အတွက် စာသင်ပေးနေတယ်လို့ ဆိုပါတယ်။

သီချင်း အသစ်တွေလည်း ထွက်ဖို့ ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ ဒီကြားထဲမှာ သမီးရဲ့ အလုပ်လေးတွေ ပြန်လုပ်နေရပါပြီ။ ဘာအလုပ်လည်းဆိုတော့ ပရဟိတ ကျောင်းမှာ စာသင်ပေးတာပါ။ ဒါကလည်း idol မပြိုင်ခင်ကတည်းက စာသင်ပေးနေတဲ့ ကျောင်းလေးပါ။

အခုဆိုရင် သီချင်းတွေလည်း လုပ်နေရတာ ဆိုတော့ အချိန်ကို မအား အားအောင် လုပ်နေရတယ်။ လုပ်စရာလေးတွေက နေ့တိုင်းရှိနေတော့ ပရိသတ်တွေနဲ့လည်း အဆက်ပြတ်သွားမှာ စိုးလို့ မပြတ်အောင် သီချင်းလေးတွေလည်း ထွက်ဖို့ရှိပါသေးတယ် ဆိုပြီးတော့ သြဂုတ်လ ၇ ရက်နေ့ ညက သူမရဲ့ Facebook Page မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။

အေးမြဖြူက လွမ်းနေလို့ ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော်သီချင်းလေးကို ဇွန်လ တုန်းက ထွက်ရှိခဲ့ပါတယ်။ သြဂုတ်လ အတွင်းမှာ ဒုတိယမြောက် သီချင်းတစ်ပုဒ် ထွက်ရှိလာဦးမယ်လို့ သူက ဆိုပါတယ် ဒုတိယမြောက် သီချင်းလေးကို သြဂုတ်လ ထဲမှာ ထွက်ဖို့ ရှိပါတယ်။ သီချင်းနာမည်လေးက နော် လို့နာမည်ပေးထားတယ်။

သီချင်းမြူးမြူးလေးပါ။ MV လေးထွက်လာရင်အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ Single Songလေးတွေလည်းမကြာခဏထွက်နိုင်အောင် မိုး ကြိုးစားပါတယ်။ Album လေးထွက်နိုင်ဖို့လည်း ကြိုးစားသွားမှာပါ လို့ဆက်က် ပြောပြလာပါတယ်။ အေးမြဖြူဟာ ငယ်ငယ်လေးကတည်းက အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ အများကြီးရှိခဲ့ပါတယ်။

သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကားများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ဖူးခဲ့သူပါ။ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။

သူမကေတာ့ Myanmar idol (Season-4) မှာ Vote နံပတ် No.77711 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက သီချင်းတွေလည်း ဆိုခဲ့တဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။အားလုံးပျော်ရွှင်ကျပါစေနော် ။ source – Aye Mya Phyu