အဆိုကျော် အောင်ထက်ကို ရထားတာ အစ်မတို့ ဂီတလောက အတွက်တော့ ရတနာတစ်ပါးပဲလို့ပြောလာတဲ့ တင်ဇာမော်
unicode version . . .
အောင်ထက်ကို ရထားတာ ဂီတလောက အတွက်တော့ ရတနာတစ်ပါးပဲဆိုတဲ့ တင်ဇာမော်
အဆိုကောင်းသလို ကိုယ်ပိုင်ဖန်တီးမှု စွမ်းအားလည်းမြင့်တဲ့ အဆို တော် အောင်ထက်နဲ့ တခြား ဂီတအနုပညာရှင်တွေ တွေ့ဆုံပြီး ည စာစားပွဲပျော်ပျော် ပါးပါး ဆင်နွှဲခဲ့ကြပါတယ်။
အားလုံးဟာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသံနဲ့ တီတွင်ကြံဆနိုင်စွမ်းရှိကြသလို ပရိသတ်တွေရဲ့ အားပေးမှု ကိုယ်စီကို အပြည့်အဝရရှိထားကြတဲ့ သူတွေချည်းပါပဲ ။
တင်ဇာမောင်နဲ့ မခိုင်ကြီးတို့ရဲ့ အွန်လိုင်းဖျော်ဖြေပွဲကြီး နောက် ဆု တ်လိုက်ရပေမယ့် ချစ်ခင်ရတဲ့ ဂီတ အနုပညာရှင်တွေက အတူ တူတွေ့ဆုံပြီး Live လွှင့်ကာ ပျော်ပျော်ပါးပါး ပရိသတ်တွေကို အ ပန်းပြေအောင် သီချင်းတွေ ဆိုပြခဲ့ပါသေးတယ်။
အဆိုတော် တင်ဇာမော်တို့နဲ့ အတူ Live ထဲမှာ ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့တဲ့ အောင်ထက်ကို မတင်ဇာက တော်တော်လေး ကျေးဇူးတင်နေခဲ့တာပါ။
သူမတို့ရဲ့ ပျော်စရာအခိုက်အတန့် ပုံရိပ်လေးတွေကို  ဟေး မောင်လေးအောင်ထက်ရေ မင်းကိုရတာ အစ်မတို့ ဂီတလောက အတွက် ရတနာတစ်ပါး လိုပါပဲ ကွယ်`Thank you so much for having us tonight´ဆိုပြီး ဝေမျှခဲ့ပါတယ်။
အဆို ကောင်းရုံတင်မကဘဲ တူရိယာ တော်တော်များများကိုပါ ကျွမ်းကျွမ်း ကျင်ကျင်တီးတတ်တဲ့ အောင်ထက်တစ်ယောက် ဒီထက်ပိုပြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ source – Tin Zar Maw