မင်းသားချောလေး ပိုင်တံခွန် ပါဝင်သရုပ်ဆောင်ထားတဲ့ အဆိုတော်ပိုပိုရဲ့ သီချင်းသစ် ထွက်ရှိလာပါပြီ
unicode version . . .
ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ပိုပိုရဲ့အချစ်သီချင်းအသစ်လေးထွက်ရှိလာပါပြီ ။
ပိုပိုကတော့ အချစ်သီချင်း အလွမ်းသီချင ေးအေးအေးလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့သူတစ်ယောက်ပါ။ သိပ်မကြာသေးခင် ရက်ပိုင်းကလည်း သီချင်းအသစ်အတွက် Music Video ရိုက်ကူးနေတယ်ဆိုပြီးတော့ ပရိသတ်တွေကို အသိပေးထားခဲ့သလို ရိုက်ကွင်းနောက်ကွယ်ကပုံလေးတွေနဲ့လည်း ရင်ခုန်နေစေခဲ့ပါတယ်။
ဒီနေ့မှာတော့ သီချင်းလေးကို ပရိသတ်တွေကို ချပြလာခဲ့ပါပြီ ။ ဒီသီချင်းလေးနာမည်က အရိပ်ကလေးလို ဖြစ်ပြီး အရမ်းချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်တွေကို ရေးဖွဲ့ထားတာပါ
အချစ်ဆိုတဲ့စကားလုံးတစ်ခုကို ဖွင့်ပြောဖို့မဖြစ်တဲ့ မိန်းကလေးမို့ အရိပ်ကလေးလို မင်းအနားမှာပဲ ငါနေချင်လို့ ဆိုတဲ့ သီချင်းစာသားလေးတွေကလည်း မိန်းကလေး တော်တော်များများရဲ့ခံစားချက်နဲ့ ကိုက်ညီနေမှာပါ။
ဒီသီချင်းကိုတော့ JOOX အပ်ပလီကေးရှင်းမှာ နားဆင်လို့ရနေပြီလည်း ဖြစ်ပါတယ်။ ပိုပိုကတော့ ဒီသီချင်းလေးမှာ မင်းသားချောပိုင်တံခွန်နဲ့အတူ တွဲဖက်ပြီးတော့ သရုပ်ဆောင်ထားတာပါ။
ရိုက်ကွင်းနောက်ကွယ်ပုံရိပ်လေးတွေလည်း တွေ့ခဲ့ကြပြီးပြီဖြစ်တာကြောင့် Music Video ထွက်လာတဲ့အခါ ဘယ်လိုတွေဖြစ်နေမလဲဆိုတာရင်ခုန်စရာပါ။ ပိုပိုရဲ့သီချင်းလေးထဲကလို ချစ်သူနားမှာအရိပ်ကလေးလိုရှိချင်တယ်ဆိုတဲ့ သူတွေရှိလားနော် ။ source – ပိုပို