နောက်ထပ်ချစ်ရမယ့်သူလေးရှိနေပြီ ဆိုတဲ့အကြောင်းပြောပြလာတဲ့ အဆိုတော် G Fatt
unicode version . . .
နောက်ထပ်ချစ်ရမယ့်သူလေးရှိနေပြီ ဆိုတဲ့အကြောင်းပြောပြလာတဲ့ G Fatt
လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ပိုင်ဆိုင်ရရှိထ ားတဲ့ အဆိုတော်G Fatt ကိုတော့ပရိသတ်ကြီးလည်း ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။
G Fatt ဟာတေးစီးရီး အယ်ဘမ်ပေါင်းများစွာကို ထွက်ရှိအောင်မြင်ထားပြီး ထွက်သမျှ သီချင်းတိုင်းကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူ ကျခဲ့ပါတယ် ။
သူကတော့ မကြာသေးခင်ကမှ ချစ်သူဖြစ်သူ နန်းစုရတီစိုးနဲ့နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြထားခြင်း မရရှိသေးပါဘူး။
G Fatt ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကစိတ်ဝင်တစားနဲ့ ရှိနေကြပြီး ဒီနေ့မှာတော့ သူ့မှာနောက်ထပ် ချစ်သူရနေပြီဆိုတဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ကနေ ယခုလိုပဲ ဖော်ပြထားခဲ့ပါတယ် ။
ကျွန်တော်က သီချင်းတွေကိုချစ်တယ် အားနေတဲ့အချိန် ကိုယ်ဝါသနာပါတာလေးတွေ လုပ်ရတာလည်း ပျော်တယ် ။ အခုတော့ကိုယ်ချစ်တဲ့သီချင်းတွေလိုပဲ နောက်ထပ်ချစ်ရမယ့်သူလေးရှိလာပါပြီ ။
အထင် မကြီးကြပါနဲ့ဦး ။ Samsung Galaxy Note20 ကိုပြောတာပါဗျာ ဆိုပြီး စနောက်ကာ ရေးသားဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော။ source – G Fatt
Add a Comment
Your email address will not be published. Required fields are marked *