ဧရာဝတီလင္းပိုင္ ပံုေလးေတြ တက္တူးထိုးဦးမယ့္ အကယ္ဒမီမ်ားရွင္ ေဖြးေဖြး

အဓိပၸာယ္ရွိတဲ့ အရာေလးေတြကို တက္တူးထိုးေလ့ရွိတဲ့ သ႐ုပ္ေဆာင္ ေဖြးေဖြးက ဧရာဝတီလင္းပိုင္ ပုံေလးေတြကိုလည္း တက္တူးထိုးသြားဦးမယ္လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္ ေဖြးေဖြးကေတာ့ တက္တူးထိုးရတာ ဝါသနာပါတဲ့ အေၾကာင္းေတြ ေျပာျပလာပါတယ္။ သူမဟာ တက္တူး တစ္ခါထိုးရင္ အဓိပၸာယ္ရွိတဲ့ အရာမ်ိဳးကိုသာ တက္တူးထိုးေလ့ရွိတယ္လို႔ ဆိုပါတယ္။ ကိုယ္မေသခင္ ဘာေလးေတြ လုပ္ခ်င္တာ ရွိသလဲဆိုရင္ေတာ့ ဘယ္သူ႕ကိုမွလည္း မထိခိုက္တဲ့ တက္တူးထိုးတာကိုေတာ့ ေဖြးလုပ္ျဖစ္တယ္။

ငယ္ငယ္တုန္းကဆိုရင္ အေဖ နဲ႕ အေမက တက္တူး လုံးဝ ေပးမထိုးဘူး။ ဒါေပမယ့္ အသက္(၂၀) အ႐ြယ္မွာ ေဖြး ပထမဆုံး ထိုးတဲ့ တက္တူးက ခါးမွာ ၾကယ္ေလးေတြထိုးတာေပါ့။ လက္ပံ ႐ုပ္ရွင္ဇာတ္ကားတုန္းက အမွတ္တရ အေနနဲ႕ ေက်ာမွာ တက္တူး ထိုးထားေသးတယ္။

ကိုယ့္အတြက္ အရမ္းခက္ခဲၿပီး အရမ္းအဓိပၸာယ္ရွိတယ္ဆိုရင္ တက္တူးထိုးတယ္။ ကြၽန္မက ႏွင္းဆီပါေမာင္ ဇာတ္ကားတုန္းကလည္း ႏွင္းဆီပန္းပုံ တက္တူးထိုးတယ္။ Love Equation ႐ုပ္ရွင္ အမွတ္တရအနနဲ႕ ေနၾကာပန္းပုံေလး ထိုးထားေသးတယ္။

ကိုယ့္ကို အားျဖစ္ေစတဲ့ တက္တူးေလးေတြ ထိုးတယ္။ အခုဆိုရင္ ဧရ ာဝတီလင္းပိုင္ပုံေလးေတြကို တက္တူးထိုးမယ္လို႔ စဥ္းစားထားတယ္ လို႔ ၾသဂုတ္လ(၅) ရက္ေန႕က သူ႕ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ Live လႊင့္ရင္း ေျပာျပလာတာပါ

ေဖြးေဖြးကေတာ့ သ႐ုပ္ေဆာင္အလုပ္သာမက သီခ်င္းဆိုတာကိုလည္း ဝါသနာပါသူျဖစ္တာေၾကာင့္ Stay Home ကာလမွာ သူမကိုယ္တိုင္ သီဆိုထားတဲ့ ငါ့ကမာၻထဲ ၊ ဘိုမ စတဲ့သီခ်င္းေလးေတြနဲ႕ ပရိသတ္ေတြကို မိတ္ဆက္ေပးထားတာလည္း ေတြ႕ရပါတယ္။

သူမဟာ ပန္းခ်ီဆြဲတာကိုလည္း ဝါသနာပါသူ တစ္ေယာက္ျဖစ္တာေၾကာင့္ အလုပ္ေတြ အားတဲ့ရက္ေတြမွာ မၾကာခဏ ပန္းခ်ီေလးေတြ ဆြဲျဖစ္တယ္လို႔ Live ထဲမွာ ေျပာျပခဲ့ပါတယ္။ အႏုပညာအလုပ္ကို ႐ူးသြပ္လြန္းသူ တစ္ေယာက္ျဖစ္တာေၾကာင့္ အႏုပညာနဲ႕ ပတ္သက္တာမွန္သမွ် အကုန္လုံး ဝါသနာပါတယ္လို႔ ဆိုပါတယ္။

ေဖြးေဖြး(Phway Phway)ဟာ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆု အကယ္ဒမီ (၃)ဆုကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။

ပရိသတ္မ်ားစြာတို႔ရဲ႕ အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ သူမဟာ ၂၀၁၂ ခုႏွစ္တြင္ လက္ပံ ႐ုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့သလို၂၀၁၅ ခုႏွစ္မွာေတာ့ ကြၽန္မက ႏွင္းဆီပါေမာင္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထားနိုင္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုအျဖစ္ ေ႐ႊၾကာ႐ုပ္ရွင္ကားႀကီးနဲ႕ ထပ္မံရရွိခဲ့ပါတယ္။ source – phway phway

unicode version . . .

အဓိပ္ပာယ်ရှိတဲ့ အရာလေးတွေကို တက်တူးထိုးလေ့ရှိတဲ့ သရုပ်ဆောင် ဖွေးဖွေးက ဧရာဝတီလင်းပိုင် ပုံလေးတွေကိုလည်း တက်တူးထိုးသွားဦးမယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဖွေးဖွေးကတော့ တက်တူးထိုးရတာ ဝါသနာပါတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သူမဟာ တက်တူး တစ်ခါထိုးရင် အဓိပ္ပာယ်ရှိတဲ့ အရာမျိုးကိုသာ တက်တူးထိုးလေ့ရှိတယ်လို့ ဆိုပါတယ်။ ကိုယ်မသေခင် ဘာလေးတွေ လုပ်ချင်တာ ရှိသလဲဆိုရင်တော့ ဘယ်သူ့ကိုမှလည်း မထိခိုက်တဲ့ တက်တူးထိုးတာကိုတော့ ဖွေးလုပ်ဖြစ်တယ်။

ငယ်ငယ်တုန်းကဆိုရင် အဖေ နဲ့ အမေက တက်တူး လုံးဝ ပေးမထိုးဘူး။ ဒါပေမယ့် အသက်(၂၀) အရွယ်မှာ ဖွေး ပထမဆုံး ထိုးတဲ့ တက်တူးက ခါးမှာ ကြယ်လေးတွေထိုးတာပေါ့။ လက်ပံ ရုပ်ရှင်ဇာတ်ကားတုန်းက အမှတ်တရ အနေနဲ့ ကျောမှာ တက်တူး ထိုးထားသေးတယ်။

ကိုယ့်အတွက် အရမ်းခက်ခဲပြီး အရမ်းအဓိပ္ပာယ်ရှိတယ်ဆိုရင် တက်တူးထိုးတယ်။ ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားတုန်းကလည်း နှင်းဆီပန်းပုံ တက်တူးထိုးတယ်။ Love Equation ရုပ်ရှင် အမှတ်တရအနနဲ့ နေကြာပန်းပုံလေး ထိုးထားသေးတယ်။

ကိုယ့်ကို အားဖြစ်စေတဲ့ တက်တူးလေးတွေ ထိုးတယ်။ အခုဆိုရင် ဧရာဝတီလင်းပိုင်ပုံလေးတွေကို တက်တူးထိုးမယ်လို့ စဉ်းစားထားတယ် လို့ သြဂုတ်လ(၅) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက် နှာမှာ Live လွှင့်ရင်း ပြောပြလာတာပါ

ဖွေးဖွေးကတော့ သရုပ်ဆောင်အလုပ်သာမက သီချင်းဆိုတာကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် Stay Home ကာလမှာ သူမကိုယ်တိုင် သီဆိုထားတဲ့ ငါ့ကမ္ဘာထဲ ၊ ဘိုမ စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးထားတာလည်း တွေ့ရပါတယ်။

သူမဟာ ပန်းချီဆွဲတာကိုလည်း ဝါသနာပါသူ တစ်ယောက်ဖြစ်တာကြောင့် အလုပ်တွေ အားတဲ့ရက်တွေမှာ မကြာခဏ ပန်းချီလေးတွေ ဆွဲဖြစ်တယ်လို့ Live ထဲမှာ ပြောပြခဲ့ပါတယ်။ အနုပညာအလုပ်ကို ရူးသွပ်လွန်းသူ တစ်ယောက်ဖြစ်တာကြောင့် အနုပညာနဲ့ ပတ်သက်တာမှန်သမျှ အကုန်လုံး ဝါသနာပါတယ်လို့ ဆိုပါတယ်။

ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်

ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အ မျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုး သမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။ source – phway phway