unicode version . . .
ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ မြင့်မြတ်နဲ့ သားလေးမြတ်သူ ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ မြင့်မြတ်နဲ့ သားလေးမြတ်သူ
အချစ်၊ အလွမ်း၊ အကြမ်း၊ ဟာသ ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်ကတော့ ပရိသတ် အားပေးမှုကို အပြည့်အဝရရှိထားသလို ချစ်ဖို့ကောင်းတဲ့ ဇနီးလေး၊ သားလေးမြတ်သူနဲ့ ပျော်ရွှင်ဖွယ်ဘဝလေးကို ပိုင်ဆိုင်ထားသူပါ။
ကြုံတောင့်ကြုံခဲ မွေးနေ့ရက်ခြင်းတူတဲ့ ဖေဖေမြင့်မြတ်နဲ့သားလေးမြတ်သူရဲ့ မွေးနေ့ရက်မြတ်လေး ကိုတော့ မွေးနေ့မနက်အစ(၁၂)နာရီတိတိမှာ ချစ်ရတဲ့မိသားစုနဲ့ အတူ မွေးနေ့ကိတ်လေးခွဲရင်း စတင်ခဲ့ပါတယ် ။
ပရိသတ်ကြီးရေ…ဒုတိယရင်သွေးလေးလည်း ပိုင်ဆိုင်တော့မှာဖြစ်တဲ့ ဖေဖေမြင့်မြတ်တစ်ယောက် ဒီနေ့မွေးနေ့လေးကစပြီး ဒီထက်မကပျော်ရွှင်စရာတွေကြုံတွေ့ပါစေနော် ။
လာမယ့် အကယ်ဒမီ ပေးပွဲကြီးမှာလည်း ရုပ်ရှင်ထူးချွန်ဆုတွေ ထပ်မံပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်နော် ။  ပရိတ်သက်ကြီးရော အကယ်ဒမီ မြင့်မြတ်နဲ့ သားလေးမြတ်သူအတွက် ဘာဆုတွေ တောင်းပေးမှာလဲ ။ Source – Myat Wai Tun