အလုပ်သဘောအရ ကြော်ငြာရိုက်နေရပေမယ့် တစ်ဖက်မှာလည်း အလှူအတန်းတွေလုပ်ရင်း ကုသိုလ်မပြတ်တဲ့ ပရိတ်သက်အချစ်တော် ဖြူဖြူထွေး
unicode version . . .
အလုပ်သဘောအရ ကြော်ငြာရိုက်နေရပေမယ့် တစ်ဖက်မှာလည်း အလှူအတန်းတွေလုပ်ရင်း ကုသိုလ်မပြတ်တဲ့ ဖြူဖြူထွေး
ရိုးသားဖြူစင်ပြီး ပွင့်လင်းလွန်းလို့ ပရိသတ်တွေ ချစ်ကြရတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာ သူမရဲ့ ဆန်းအတက်ဆုံ းအချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဖြူဖြူထွေးက နေ့စဉ်ရက်ဆက်မပြတ် ကြော်ငြာတွေများစွာကို လက်ခံရိုက်ကူး နေရပြီး အလုပ်တွေကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိတာပဲ ဖြစ်ပါတယ် ။ တစ်နေ့တစ်ခြား အလုပ်တွေများစွာကို လုပ်ကိုင်နေရတဲ့ ဖြူဖြူထွေးကတော့ သူမရရှိသမျှ အနုပညာကြေးတွေကို အလှူအတန်းတွေ ကြုံသလိုပြုရင်း ကုသိုလ်ယူနေလျက် ရှိပါတယ်။
အလုပ်သဘောအရ ကြော်ငြာရိုက်နေရပေမယ့် တစ်ဖက်မှာလည်း အလှူအတန်းလုပ်ရင်း ကုသိုလ်မပြတ်တဲ့ ဖြူဖြူထွေးက ဒီကနေ့မှာတော့ သူမရဲ့ ကုသိုလ်လေးကို ပရိသတ်တွေ ထပ်တူပီတိဖြစ်ရအောင် မျှဝေပေးထားပါတယ်။
ဖြူဖြူထွေးက “ကြော်ငြာလည်းရိုက် ကုသိုလ်လည်း ယူရင်းပေါ့။ ဒါနဲ့ ပန်းဝယ်ပါဦး” ဆိုပြီး ကြော်ငြာရိုက်ကွင်းပေါ်မှာ သရုပ်ဆောင်ရင်း အားတဲ့အချိန်လေးမှာ ရအောင် ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။
ဖြူဖြူထွေးကတော့ အောင်မြင်မှုအပေါ် ထောင်လွှားခြင်းမရှိပဲ သူ မရဲ့ ပုံစံလေးအတိုင်း အဖြူထည်လေးသာ နေထိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ရိုးသားကြိုးစားပြီး သူတစ်ပါးအပေါ် စာနာတတ်တဲ့ ဖြူဖြူထွေးတစ်ယောက် ဒီထက်မက အောင်မြင်ဦးမှာ သေချာပါတယ်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source: Phyu Phyu Htwe’s fb
Add a Comment
Your email address will not be published. Required fields are marked *