ျမန္မာနိုင္ငံတစ္နိုင္ငံတည္းမွာပဲ ရွိတဲ့ သနပ္ခါးကို လိမ္းခြင့္ရတာဂုဏ္ယူေနတဲ့ ေမာ္ဒယ္လ္မင္းသားေလး ပိုင္တံခြန္

ျမန္မာနိုင္ငံတစ္နိုင္ငံတည္းမွာပဲ ရွိတဲ့ သနပ္ခါးကို လိမ္းခြင့္ရတာဂုဏ္ယူေနတဲ့ ပိုင္တံခြန္

ျမန္မာနိုင္ငံရဲ့ ေမာ္ဒယ္လ္မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ အခ်ိန္တိုအတြင္းမွာ ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမွုကို မ်ားစြာရရွိထားသူတစ္ေယာက္ပါ။ ပိုင္တံခြန္ကေတာ့ ျမန္မာနိုင္ငံမွာသာမက အာရွနိုင္ငံကမိန္းကေလးပရိသတ္ေတြရဲ့ အသည္းေက်ာ္လည္း ျဖစ္လို့ေနတာပါ။

ဒီလို ေအာင္ျမင္မွုေတြရရွိေနတဲ့ ပိုင္တံခြန္ကေတာ့ ေခတ္ေပၚအမိုက္စား အျပင္အဆင္ေတြနဲ႔ စတိုင္က်ေနသလို ျမန္မာဆန္ဆန္ ဝတ္ဆင္ဖို့ကိုလည္း မေမ့တဲ့သူတစ္ေယာက္ပါ။ ဒီေန႔မွာေတာ့သူ႔ရဲ့ေဖ့ဘြတ္ခ္မွာ ျမန္မာဆန္ဆန္ လုံခ်ည္နဲ႔အက်ီကို ဝတ္ဆင္ထားၿပီး သနပ္ခါးကိုလည္း လိမ္းထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျမန္မာ့သနပ္ခါးကို This is called Myanmar Tha Nat Kha which only exists in our country, Myanmar. ဆိုၿပီးေတာ့လည္း ဂုဏ္ယူစြာနဲ႔ေရးသားထားေသးတဲ့အျပင္ အားေပးတဲ့ ပရိသတ္ေတြကိုလည္း ” ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ခင္မ်ာဟုတ္တယ္ ျမန္မာသနပ္ခါးကို တျခားေသာ နိုင္ငံက လူေတြ ကို ႂကြားခ်င္လို့ပါ” ဆိုၿပီးေတာ့လည္း ေရးသားထားပါေသးတယ္။

ပိုင္တံခြန္ကေတာ့ မၾကာေသးခင္ကလည္း မိဘေတြကို အိမ္နဲ႔ကားကို လက္ေဆာင္အျဖစ္နဲ႔ ေပးခဲ့တာျဖစ္ၿပီး ပရိသတ္ေတြရဲ့ ခ်ီးက်ဴးစကားကို မ်ားစြာရရွိခဲ့တာပါ။

ပိုင္တံခြန္ကေတာ့ နိုင္ငံရပ္ျခားမွာလည္းအႏုပညာအလုပ္ေတြလုပ္ခြင့္ရကာေအာင္ျမင္ေနသလို ျပည္တြင္းမွာလည္း နွုတ္ခမ္းနီမေလးေတြရဲ့ အသည္းစြဲ တစ္ေယာက္ျဖစ္ပါတယ္။ေအာင္ျမင္ေနသလိုလည္း မိဘေက်းဇူးသိတတ္ကာ ျမန္မာ့ယဥ္ေက်းမွုကိုလည္း မေမ့တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ တကယ့္ကိုေလးစားစရာပါပဲေနာ္…Source : PaingTakhon

unicode version . . .

မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာပဲ ရှိတဲ့ သနပ်ခါးကို လိမ်းခွင့်ရတာဂုဏ်ယူနေတဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်မင်းသားချော ပိုင်တံခွန်ကတော့ အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို များစွာရရှိထားသူတစ်ယောက်ပါ။ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာသာမက အာရှနိုင်ငံကမိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်လည်း ဖြစ်လို့နေတာပါ။

ဒီလို အောင်မြင်မှုတွေရရှိနေတဲ့ ပိုင်တံခွန်ကတော့ ခေတ်ပေါ်အမိုက်စား အပြင်အဆင်တွေနဲ့ စတိုင်ကျနေသလို မြန်မာဆန်ဆန် ဝတ်ဆင်ဖို့ကိုလည်း မမေ့တဲ့သူတစ်ယောက်ပါ။ ဒီနေ့မှာတော့သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မြန်မာဆန်ဆန် လုံချည်နဲ့အကျီကို ဝတ်ဆင်ထားပြီး သနပ်ခါးကိုလည်း လိမ်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့သနပ်ခါးကို This is called Myanmar Tha Nat Kha which only exists in our country, Myanmar. ဆိုပြီးတော့လည်း ဂုဏ်ယူစွာနဲ့ရေးသားထားသေးတဲ့အပြင် အားပေးတဲ့ ပရိသတ်တွေကိုလည်း ” ကျေးဇူးအများကြီးတင်ပါတယ် ခင်မျာဟုတ်တယ် မြန်မာသနပ်ခါးကို တခြားသော နိုင်ငံက လူတွေ ကို ကြွားချင်လို့ပါ” ဆိုပြီးတော့လည်း ရေးသားထားပါသေးတယ်။

ပိုင်တံခွန်ကတော့ မကြာသေးခင်ကလည်း မိဘတွေကို အိမ်နဲ့ကားကို လက်ဆောင်အဖြစ်နဲ့ ပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ ချီးကျူ စကားကို များစွာရရှိခဲ့တာပါ။

ပိုင်တံခွန်ကတော့ နိုင်ငံရပ်ခြားမှာလည်းအနုပညာအလုပ်တွေလုပ်ခွင့်ရကာအောင်မြင်နေသလို ပြည်တွင်းမှာလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ တစ်ယောက်ဖြစ်ပါတယ်။အောင်မြင်နေသလိုလည်း မိဘကျေးဇူးသိတတ်ကာ မြန်မာ့ယဉ်ကျေးမှုကိုလည်း မမေ့တဲ့သူတစ်ယောက်ဖြစ်တာကြောင့် တကယ့်ကိုလေးစားစရာပါပဲနော်…Source : PaingTakhon

Add a Comment

Your email address will not be published. Required fields are marked *