သူ့ကိုချစ်တဲ့ ပရိသတ်​တွေကို ၂၄ သိန်းတန်​ မွေး​နေ့လက်​ဆောင်ပူဆာထားတဲ့ သရုပ်ဆောင်​​ရွှေပိုးအိမ်
unicode version . . .
ပရိသတ်တွေကို ၂၄ သိန်းတန် မွေးနေ့လက်ဆောင်ပူဆာထားတဲ့ ရွှေပိုးအိမ်
သရုပ်ဆောင် ရွှေပိုးအိမ်ကတော့ ကိုဗစ်ကာလအတွင်း ဦးကျော်သူရဲ့ နာရေးကူညီအမှု အသင်းမှာ ပရ ဟိတ လုပ်ငန်းတွေကို လိုက်ပါဆောင်ရွက်ခဲ့သူပါ။ ဒါ့ကြောင့်လည်း မကြာသေးခင်က နာရေးကူညီမှုအသင်းက ချီးမြှင့်တဲ့ ကိုဗစ်ကာလသူရဲကောင်းများ ဂုဏ်ပြုလက်မှတ်ကိုရရှိခဲ့တာလည်းဖြစ်ပါတယ် ။
အခုလို ဂုဏ်ပြုချီးမြှင့်ခံရတဲ့အပေါ်မှာ ရွှေပိုးအိမ်က သူမရဲ့ ခံစားချက်ကို အခုလိုပြောပါတယ်။ ” ဒီလိုမျိုးရွှေပိုးတို့ကို အသိအမှတ်ပြုတဲ့အတွက် ဝမ်းသာပါတယ်။ ရွှေပိုးတို့ကိုဒီလိုမျိုးပေးတာထက်စာရင်ကိုဗစ်ကာလမှာတကယ့်ကို camp ဝင်ပြီး ဆေးဖျန်းတဲ့အဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေကိုလည်း ဂုဏ်ပြုတဲ့အတွက် ပိုပြီးတော့ဝမ်းသာရပါတယ် ။
အရမ်းလည်း ပီတိဖြစ်ရတာပေါ့။ ရွှေပိုးတို့ရဲ့ကူညီချင်တဲ့စိတ်လေးကိုအသိအမှတ်ပြုပေးတဲ့အတွက် အရမ်းကိုဝမ်းသာတယ်။ ရွှေပိုးတို့ခေါင်းထဲမှာတော့ ကိုဗစ်ကာလကြီးဆိုတာ မရှိပါဘူး။ တကယ်လည်းအခွင့်အရေးရတဲ့အချိန်ပေါ့။ ဒီလိုအချိန်မျိုးမှာ ရွှေပိုးကိုယ် တိုင်လည်း ကုသိုလ်ရချင်လို့ပါတာပေါ့။ ကိုဗစ်ကာလမှမဟုတ်ပါဘူး။ တတ်နိုင်သမျှတော့ ရွှေပိုးလုပ်သွားမှာပါ ” လို့ဆိုပါတယ်။
ဒါ့အပြင်မွေးနေ့လည်း မကြာခင်ရောက်တော့မှာဖြစ်တဲ့ ပရိသတ်တွေကိုလက်ဆောင်ပေးဖို့ပူဆာထားတယ်လို့လည်းသူမကဆိုပါတယ်။” ဒီနှစ်ကတော့ဘာလက်ဆောင်ပေးမလဲတော့မသိသေးဘူး။
ရွှေပိုး ကတော့ ၂၄ သိန်းတန်တဲ့ လက်တော့ပ် လိုချင်တယ်လို့ ပူဆာထားတယ်။ Fan တွေကတော့ surprise လုပ်မယ်ပြောတယ်။ ဒီနှစ်ကတော့မန္တလေး သွားမှာပါ။ မန္တလေးမှာ မွေးနေ့လုပ်ဖြစ်မှာ ပါလို့ သူမကပြောပါတယ်။ source – ShwePoeEain