ေမြးေန႕မွာ အမာခံပရိသတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာအျပည့္နဲ႕ ေပးတဲ့လက္ေဆာင္ေလးရခဲ့တဲ့ သရုပ္ေဆာင္ ေနမင္း

ေမြးေန႕မွာ အမာခံပရိသတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာအျပည့္နဲ႕ ေပးတဲ့လက္ေဆာင္ေလးရခဲ့တဲ့ ေနမင္း

႐ုပ္ရွင္နဲ႕ ဗြီဒီယိုသ႐ုပ္ေဆာင္ ေနမင္းကေတာ့ က်ရာဇာတ္႐ုပ္ကို ပီျပင္စြာသ႐ုပ္ေဆာင္နိုင္ၿပီး အႏုပညာအရည္အခ်င္းျပည့္ဝသူတစ္ေယာက္မို႔ ပရိသတ္ေတြရဲ႕အသိမွတ္ျပဳအားေပးျခင္းရရွိထားသူတစ္ေယာက္ပါ။

ဒီေန႕ ၾသဂုတ္လ(၆) ရက္ေန႕ကေတာ့ ေနမင္းရဲ႕ေမြးေန႕ရက္ျမတ္ေလးျဖစ္ၿပီး အႏုပညာရွင္ေတြနဲ႕ ပရိသတ္ေတြကေတာ့ ေနမင္းအတြက္ ေမြးေန႕ဆုမြန္ေကာင္းေတာင္းေပးခဲ့ၾကပါတယ္။ ဒါ့အျပင္ ေနမင္းရဲ႕အမာခံပရိသတ္ေတြကေတာ့ သူတို႔ခ်စ္ခင္ရတဲ့အႏုပညာရွင္အတြက္ ပကာသနမဖက္တဲ့ တန္ဖိုးႀကီးလက္ေဆာင္တစ္ခုကို ေပးခဲ့ပါတယ္။

ေနမင္းအတြက္ ေမြးေန႕လက္ေဆာင္အေနနဲ႕ ေက်ာ္သူရဲ႕နာေရးကူညီမႈအသင္းႀကီးမွာ ငါးသိန္းက်ပ္တိတိလႉဒါန္းေပးခဲ့ၿပီး ေနမင္းကေတာ့ ဒီအလႉေလးကို ခ်စ္ျခင္းမ်ားျဖင့္ ရည္႐ြယ္၍ အဓိပၸါယ္ရွိေသာ ေမြးေန႕အမွတ္တရလက္ေဆာင္ေလး အတြက္ ဝီဝီမ်ားရဲ႕ ခ်စ္ျခင္းေမတၱာမ်ားစြာကို ခ်စ္ခင္ ေလးစားျမတ္နိုးမိေနပါၿပီလို႔ ေရးသားကာ မွ်ေဝခဲ့ပါတယ္။

ေနမင္းရဲ႕ အမာခံပရိသတ္ေလးေတြကေတာ့ နာေရးကူညီမႈအသင္းမွာ သူတို႔ခ်စ္ရတဲ့အႏုပညာရွင္အတြက္ လႉဒါန္းေပးခဲ့တဲ့အျပင္ တစ္ဦးခ်င္းစီလည္း ဗြီဒီယိုေလးနဲ႕ ေမြးေန႕ဆုမြန္ေကာင္း ေတာင္းေပးခဲ့ပါေသးတယ္

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာအျပည့္အဝရရွိထားတဲ့ ေနမင္း ဒီထက္မက ေအာင္ျမင္မႈေတြနဲ႕ အႏုပညာခရီးလမ္းကို ေလွ်ာက္လွမ္းနိုင္ပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္ေနာ္။ source – Nay Min

unicode version . . .

မွေးနေ့မှာ အမာခံပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပေးတဲ့လက်ဆောင်လေးရခဲ့တဲ့ နေမင်း

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် နေမင်းကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး အနုပညာအရည်အချင်းပြည့်ဝသူတစ်ယောက်မို့ ပရိသတ်တွေရဲ့အသိမှတ်ပြုအားပေးခြင်းရရှိထားသူတစ်ယောက်ပါ။

ဒီနေ့ သြဂုတ်လ(၆) ရက်နေ့ကတော့ နေမင်းရဲ့မွေးနေ့ ရက်မြတ် လေးဖြစ်ပြီး အနုပညာရှင်တွေနဲ့ ပရိသတ်တွေကတော့ နေမင်းအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ ဒါ့အပြင် နေမင်းရဲ့အမာခံပရိသတ်တွေကတော့ သူတို့ချစ်ခင်ရတဲ့အနုပညာရှင်အတွက် ပကာသနမဖက်တဲ့ တန်ဖိုးကြီးလက်ဆောင်တစ်ခုကို ပေးခဲ့ပါတယ်။

နေမင်းအတွက် မွေးနေ့လက်ဆောင်အနေနဲ့ ကျော်သူရဲ့နာရေးကူညီမှုအသင်းကြီးမှာ ငါးသိန်းကျပ်တိတိလှူဒါန်းပေးခဲ့ပြီး နေမင်းကတော့ ဒီအလှူလေးကို ချစ်ခြင်းများဖြင့် ရည်ရွယ်၍ အဓိပ္ပါယ်ရှိသော မွေးနေ့အမှတ်တရလက်ဆောင်လေး အတွက် ဝီဝီများရဲ့ ချစ်ခြင်းမေတ္တာများစွာကို ချစ်ခင် လေးစားမြတ်နိုးမိနေပါပြီလို့ ရေးသားကာ မျှဝေခဲ့ပါတယ်။

နေမင်းရဲ့ အမာခံပရိသတ်လေးတွေကတော့ နာရေးကူညီမှုအသင်းမှာ သူတို့ချစ်ရတဲ့အနုပညာရှင်အတွက် လှူဒါန်းပေးခဲ့တဲ့အပြင် တစ်ဦးချင်းစီလည်း ဗွီဒီယိုလေးနဲ့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ပါသေးတယ်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာအပြည့်အဝရရှိထားတဲ့ နေမင်း ဒီထက်မက အောင်မြင်မှုတွေနဲ့ အနုပညာခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်နော်။ source – Nay Min