ကျော့ရှင်းလှပတဲ့ ခန္ဓာကိုယ် အချိုးအစားလေး နဲ့ မှင်သက်သွားရလောက်အောင်ကို လှနေတဲ့ မင်းသမီးလေးအိချောပို







unucode version . . .

ကျော့ရှင်း လှပတဲ့ ခန္ဓာကိုယ် အချိုးအစားလေး နဲ့ မှင်သက်သွားရလောက်အောင်ကို လှနေတဲ့ အိချောပို

ပရိ သတ်ကြီးရေ…အနုပညာပျိုးခင်း ကနေ မြေတောင်မြှောက်ပေးလိုက်ပြီး အောင်မြင်ကျော်ကြားလာတဲ့ မင်းသမီးများထဲတွင် အိချောပိုတစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်နော်။

သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း အောင်မြင်အောင် ရိုက်ကူးထားခဲ့သူလေးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ကားကြီးတွေအထိပါ ရိုက်ကူး အောင်မြင်လာတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ယောက်လည်းဖြစ်ပါတယ်။

အိချောပို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေဟာ ဆိုရင်လည်း ပရိတ်သတ် အားပေးမှုအပြည့်အ၀ ရရှိခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ ကားကောင်းတွေပဲ ဖြစ်ပါတယ်နော်။ ဒါ့ပြင်အိချောပိုဟာ နာမည်နဲ့လိုက်အောင်ကို တစ်နေ့တခြားပိုပြီး ချောမောလှပနေတာဖြစ်ပြီး သူမရဲ့ကိုယ်လုံးလေးဟာဆိုရင်လည်း လုံးဝအမိုက်စားလေးပါနော်။

အိချောပိုဟာအခု လက်ရှိမှာဆိုရင်လည်း ကြော်ငြာတွေ၊photo shootingတွေအဆက်မပြတ် ရိုက်ကူးနေတာဖြစ်ပါတယ်။အိချောပိုဟာ မကြာသေးမီကသူမရဲ့ Instagram accမှာ ရိုးရှင်းလှပတဲ့မြန်မာဝတ်စုံလေးကိုဝတ်ဆင်ထားပြီး ပုသိမ်ထီးလေးနဲ့ရိုက်ထားတဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။

သူမရဲ့ လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းလေးဟာလည်း  မြန်မာ ဝတ်စုံလေးနဲ့ တကယ်ကိုလိုက်ဖက်နေတာပါနော်။ ကဲ…ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်။ Photo credit-Ei Chaw Po’s Instagram acc

Add a Comment

Your email address will not be published. Required fields are marked *