မိခင္ျဖစ္သူ လင္းဇာနည္ေဇာ္ကို လက္တြဲေဖာ္ရွာေစခ်င္ၿပီဆိုတဲ့ ျမဴလင္းကိုကို

မိခင္ျဖစ္သူကို လက္တြဲေဖာ္ရွာေစခ်င္ၿပီဆိုတဲ့ ျမဴလင္းကိုကိုက လင္းဇာနည္ေဇာ္ရဲ႕ သေဘာထားကိုလည္း ေျပာျပလာပါတယ္။

ျမဴလင္းကိုကို ကေတာ့ သူမအတြက္ အလုပ္ေတြ ႀကိဳးစားေနရတဲ့ မိခင္ျဖစ္သူ လင္းဇာနည္ေဇာ္ကို အားကိုေဖာ္ တစ္ေယာက္ ရွိလာေစခ်င္ၿပီလို႔ ဆိုပါတယ္။သ႐ုပ္ေဆာင္ လင္းဇာနည္ေဇာ္ရဲ႕ တစ္ဦးတည္းေသာသမီးေလး ျမဴလင္းကိုကို ကေတာ့ အခုဆိုရင္ ျမန္မာႏိုင္ငံကို အလည္အပတ္ ျပန္ေရာက္ရွိေနတာ ျဖစ္ပါတယ္။

သူမဟာ မိခင္ျဖစ္သူက တစ္ေယာက္တည္း အလုပ္ေတြ ႀကိဳးစားေနရတာျဖစ္တဲ့အတြက္ အားကိုးေဖာ္ ရွာေစခ်င္ေနၿပီလို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္ ။ ေမႀကီးက တစ္ေယာက္တည္း ေနလာတာ ၾကာၿပီဆိုေတာ့ ေနာက္ထပ္ အိမ္ေထာင္ျပဳ မယ္ဆိုရင္လည္း ျမဳလင္းဘက္က အဆင္ေျပတယ္။ ျမဴလင္းကေတာ့ ေမေမ့ကို ေနာက္အိမ္ေထာင္ ျပဳေစခ်င္တယ္။ ေမေမက အရမ္း Strong ျဖစ္တယ္ ။ သမီးကေတာ့ ေမေမ့ေလာက္ မသန္မာေသးဘူး” လို႔ ဆိုပါတယ္။

မိခင္ျဖစ္သူကို အိမ္ေထာင္ ျပဳေစခ်င္တဲ့ သမီးေလး ျမဴလင္းကိုကိုရဲ႕ဆႏၵအေပၚ လင္းဇာနည္ေဇာ္က ျကည့္ရႈခံစား Shwe Series မ်ား မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

သူ ငယ္ငယ္တုန္းကဆို အစ္မကို ေနာက္အိမ္ေထာင္ျပဳဖို ႔ေနေနသာ သာ သူ႔အေဖနဲ႔ေတာင္ ျပန္ၿပီး သဝန္တိုတာ ။ သူ႔ကိုပဲ ခ်စ္ရမယ္ေပါ့ေနာ္။ အခု သူအ႐ြယ္ေရာက္လာေတာ့ ကိုယ္တအား ႐ုန္းကန္ေနတာ ေတြ႕ေတာ့ အေမ့ကို သနားတယ္ဆိုၿပီးေတာ့ ကိုယ္ယူမွ သူေနာက္က လိုက္လို႔ ရမွာဆိုတဲ့ အႀကံလားမသိေသးဘူ း။ သူေျပာတိုင္းလည္း ကိုယ္ လိုက္မလုပ္ရဲဘူး” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။

လင္းဇာနည္ေဇာ္ကေတာ့ သမီးေလးကို အႏုပညာအလုပ္ေတြကို မလုပ္ေစခ်င္ေပမယ့္ သမီေလး ကိုယ္တိုင္က ဝါသနာပါတယ္ ဆိုရင္ ပံ့ပိုးသြားမွာပါလို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုဖူးပါတယ္။ သ႐ုပ္ေဆာင္ လင္းဇာနည္ေဇာ္ဟာ Single Mother တစ္ေယာက္အျဖစ္ ရပ္တည္ၿပီး သမီးေလးကို ျပဳစုပ်ိဳးေထာင္ ေနသူလည္း ျဖစ္ပါတယ္။

ဇာတ္ကား႐ိုက္ကူးမႈေတြ နည္းသြားေပမယ့္လည္း ပရိသတ္အားေပးမႈ ရရွိထားတဲ့ သူမဟာ ကိုယ္ပိုင္စီးပြားေရးေတြကိုလည္း လုပ္ကိုင္ေနသူပါ။ ျမဴလင္းကိုကို ကိုေတာ့ လက္ရွိမွာ အႏုပညာလႈပ္ရွားမႈထက္ အလွဓာတ္ပုံေလးေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာျဖစ္ပါတယ္။

သူမကိုလည္း သ႐ုပ္ေဆာင္ ရဲကိုကို ၊ သ႐ုပ္ေဆာင္ လင္းဇာနည္ေဇာ္တို႔ရဲ႕ သမီးေလးအျဖစ္လည္း ပရိသတ္ေတြက သိထားၿပီးသားပါ။ ျမဴလင္းကိုကို ဟာ ျပည္ပမွာေနထိုင္ၿပီး ပညာသင္ၾကားေနတဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံကို အလည္အပတ္ ေရာက္ရွိလာတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ source – ဆယ္လီရပ္ကြြ

unicode version . . .

မိခင်ဖြစ်သူကို လက်တွဲဖော်ရှာစေချင်ပြီဆိုတဲ့ မြူလင်းကိုကိုက လင်းဇာနည်ဇော်ရဲ့ သဘောထားကိုလည်း ပြောပြလာပါတယ်။

မြူလင်းကိုကို ကတော့ သူမအတွက် အလုပ်တွေ ကြိုးစားနေရတဲ့ မိခင်ဖြစ်သူ လင်းဇာနည်ဇော်ကို အားကိုဖော် တစ်ယောက် ရှိလာစေချင်ပြီလို့ ဆိုပါတယ်။သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသောသမီးလေး မြူလင်းကိုကို ကတော့ အခုဆိုရင် မြန်မာနိုင်ငံကို အလည်အပတ် ပြန်ရောက်ရှိနေတာ ဖြစ်ပါတယ်။

သူမဟာ မိခင်ဖြစ်သူက တစ်ယောက်တည်း အလုပ်တွေ ကြိုးစားနေရတာဖြစ်တဲ့အတွက် အားကိုးဖော် ရှာစေချင်နေပြီလို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ် ။ မေကြီးက တစ်ယောက်တည်း နေလာတာ ကြာပြီဆိုတော့ နောက်ထပ် အိမ်ထောင်ပြု မယ်ဆိုရင်လည်း မြုလင်းဘက်က အဆင်ပြေတယ်။ မြူလင်းကတော့ မေမေ့ကို နောက်အိမ်ထောင် ပြုစေချင်တယ်။ မေမေက အရမ်း Strong ဖြစ်တယ် ။ သမီးကတော့ မေမေ့လောက် မသန်မာသေးဘူး” လို့ ဆိုပါတယ်။

မိခင်ဖြစ်သူကို အိမ်ထောင် ပြုစေချင်တဲ့ သမီးလေး မြူလင်းကိုကိုရဲ့ဆန္ဒအပေါ် လင်းဇာနည်ဇော်က ကြည့်ရှုခံစား Shwe Series များ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

သူ ငယ်ငယ်တုန်းကဆို အစ်မကို နောက်အိမ်ထောင်ပြုဖို့နေနေသာ သာ သူ့အဖေနဲ့တောင် ပြန်ပြီး သဝန်တိုတာ ။ သူ့ကိုပဲ ချစ်ရမယ်ပေါ့နော်။ အခု သူအရွယ်ရောက်လာတော့ ကိုယ်တအား ရုန်းကန်နေတာ တွေ့တော့ အမေ့ကို သနားတယ်ဆိုပြီးတော့ ကိုယ်ယူမှ သူနောက်က လိုက်လို့ ရမှာဆိုတဲ့ အကြံလားမသိသေးဘူ း။ သူပြောတိုင်းလည်း ကိုယ် လိုက်မလုပ်ရဲဘူး” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့် သမီလေး ကိုယ်တိုင်က ဝါသနာပါတယ် ဆိုရင် ပံ့ပိုးသွားမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင် နေသူလည်း ဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေသူပါ။ မြူလင်းကိုကို ကိုတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုထက် အလှဓာတ်ပုံလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။

သူမကိုလည်း သရုပ်ဆောင် ရဲကိုကို ၊ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ သမီးလေးအဖြစ်လည်း ပရိသတ်တွေက သိထားပြီးသားပါ။ မြူလင်းကိုကို ဟာ ပြည်ပမှာနေထိုင်ပြီး ပညာသင်ကြားနေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ source – ဆယ်လီရပ်ကွက္

Add a Comment

Your email address will not be published. Required fields are marked *