လီလီပန်း ကွန်တိန်နာတစ်ခုစာ အတွက် အခွန် ငွေကျပ်သိန်း(၁၃၀)ကျော် ပေးဆောင်ခဲ့ပြီး နိုင်ငံကြီးသားပီသကြောင်း သက်သေပြခဲ့တဲ့ ဦးလွင်မိုး







unicode version . . .

လီလီပန်း ကွန်တိန်နာတစ်ခုစာအတွက် သိန်း(၁၃၀)ကျာ် အခွန်ပေးဆောင်ခဲ့ပြီး နိုင်ငံကြီးသားပီသကြောင်း သက်သေပြခဲ့တဲ့ လွင်မိုး

လွင်မိုးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ များစွာကို ရိုက်ကူးခဲ့ပြီး အော်င်မြင်မှုတွေ အကြီးအကျယ် ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လွင်မိုးက အသက်အရွယ်တစ်ခု ရောက်ရှိ လာချိန်မှာတော့ အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကို ဦးစားပေးပြီး လုပ်ကိုင်နေလျက်ရှိပါတယ်။

စီးပွားရေး အလုပ်တွေများစွာကို ဦးစီးလုပ်ကိုင်နေပြီး ဇနီးဖြစ်သူရဲ့ စိတ်တိုင်းကျ လီလီပန်းခင်း စိုက်က်ပျိုးရေးကိုလည်း ပြုလုပ်နေတဲ့ လွင်မိုးက ဒီကနေ့မှာတော့ အခွန် (၁၃၃) သိန်းကျော်ဖိုး ထမ်းဆေ ာင်ခဲ့ကြောင်း ပြောထားပါတယ်။

လွင်မိုးက “နိုင်ငံတော်အတွက် လီလီပန်းဥ ပေ ၄၀ကွန်တိန်နာ အခွန် ၁၃၃ သိန်းကျော်ပေးဆောင် ပြီးပါပြီ ။ ၄၅ ရက်ကြာ holland နိင်ငံမှ -1.5° C နဲ့ အေးခဲထားတဲ့ ပန်းဥတွေကို စိုက်ပျိုးရေးက ဆိပ်ကမ်းမှာဖောက်ဖွင့်ပြီး နမူနာ ယူပါတယ်။ ဟုတ်ကဲ့ အဲဒီမှာပဲ ပေးထားတဲ့ အာမခံသက်တမ်းလည်း တခါတည်း ကုန်ဆုံးပါတော့တယ် ။ ဟဲဟိုး အအေးခန်းအတွင်းသို့၂၄ နာရီအတွင်း ပို့ဆောင်သိုလှောင်ပြီး ပါကြောင်း…” ဆိုပြီး ကိုဗစ်ကာလအတွင်းမှာ ပျက်စီးသွားတဲ့ သူ့ရဲ့ စိုက်ခင်းကြီးအတွက် ပြန်လည် ကြိုးပမ်းနေကြောင်း ပြောထားပါတယ်။

လွင်မိုးကတော့ သူ့ရဲ့ ဟဲဟိုးမြို့မှာရှိတဲ့ လီလီပန်းခင်းကြီးမှတဆင့် တစ်နိုင်ငံလုံးကို ဖြန့်ဖြူး ရောင်းချနေတာပဲ ဖြစ်ပါတယ် ။ လွင်မိုးတစ်ယောက် ဒီတစ်ခေါက်မှာတော့ ပန်းစိုက်ခင်းကြီး အစစအရာရာ အဆင်ပြေပါစေနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Source : Lwin Moe’s Facebook