ဘုရားနှစ်ဆူမှာ ဘုရားဖူးတွေ အေးချမ်းစွာသွားလာနိုင်ရေးအတွက် နေပူခံ ကျောက်ပြားလမ်းခင်း လှူဒါန်းပေးခဲ့တဲ့ ဟာသသရုပ်ဆောင် ဒါရိုက်တာ ခင်လှိုင်
unicode vaersion . . .
ဘုရားနှစ်ဆူမှာ ဘုရားဖူးတွေ အေးချမ်းစွာသွားလာ နိုင်ရေးအတွက် နေပူခံ ကျောက်ပြားလမ်းခင်း လှူဒါန်းပေးခဲ့တဲ့ ခင်လှိုင်
ဇာတ်ပို့ဇာတ်ရံ ၊ ဒါရိုက်တာ တစ်ယောက်ဖြစ်သူ ဦးခင်လှိုင် ကတော့ မကြာခဏဆိုသလို အလှူအတန်း လုပ်လေ့ရှိသူပါ ။ နေ့ထူးနေ့မြတ်တိုင်းမှာ အလှူပြုလုပ်ရုံသာမက မိသားစုဝင်တိုင်းရဲ့မွေးနေ့တွေမှာလည်း အလှူကြီးအတန်းကြီး လုပ်လေ့ရှိသူပါ။
မကြာသေးခင်က မှော်ဘီခြံမှာ ဝါဆိုသင်္ကန်းကပ် စတုဒီသာကျွေးခဲ့ပြီး မနေ့ က ဝါဆိုလပြည့်နေ့မှာတော့ ခုနှစ်ရက် သားသမီးကို ရည်စူးပြီးပြုလုပ်ထားတဲ့ အလှူလေးတွေကို အောင်မြင်စွာ ရေစက် သွန်းချ အမျှပေးဝေခဲ့ကြောင်း ဖော်ပြလာပါတယ်။
မိဘကျေးဇူးဆပ် ရွှေကံဆင့် စေတီတော်မှာ ရင်ပြင်တော်အပြည့် နေပူခံကျောက်ပြားကို (၇)ရက်သား၊သမီးပရိသတ်များကို ရည်စူးပြီးလှူဒါန်းပေးခဲ့တဲ့အပြင် ပြင်ဦးလွင်မြို့ အင်းထိပ်ဦး ကျေးရွာမှာရှိတဲ့ (၇) ရက်သ ား၊သမီး တည်ထား ကိုးကွယ် တော်မူသော ဝတ်ကြွေးတော်ပြေ ကံ့ကော်တစ်ထောင်ဘုရား မှာလည်း နေပူခံကျောက်ပြားများ လမ်းခင်းလှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့အလှူလေးတွေကို မျှဝေခဲ့ပါတယ်။
ဒါ့အပြင် “ကျွန်တော်တို့မိသားစုပြုသော ကောင်းမှူများကို (၇) ရက်သားသမီး ချစ်မိတ်ဆွေအပေါင်းတို့အား အမျှပေးဝေပါတယ် ကောင်းမှုကုသိုလ်အားအညီအမျှရကြပါစေခင်ဗျာ ” ဆိုပြီးတော့လည်း မိတ်ဆွေသင်္ဂဟများနဲ့ ပရိသတ်တွေပါ ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးခဲ့ပါသေးတယ်….
မွန်မြတ်လှတဲ့ စေတနာအရင်းခံပြီး လှူဒါန်းပေးခဲ့တဲ့ ဦးခင်လှိုင်တို့ရဲ့အလှူတွေအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ source – Khin Hlaing