(unicode version)
အပူပိုင်း မုန်တိုင်းငယ် (Sinlaku) လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့ကာ မြန်မာနိုင်ငံဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနေကြောင်း မိုးဇလထုတ်ပြန်
ဒီနေ့ မနက် (၁၁)နာရီ ခွဲ တိုင်းတာ ချက်အရ လာအို နိုင်ငံပေါ်မှာ ဖြစ် ပေါ်နေတဲ့ အပူပိုင်း မုန်တိုင်းငယ် “ စင်လကု ”(Sinlaku) ဟာ လေဖိအားနည်း ရပ်ဝန်း အဖြစ် အားလျော့သွားပြီး မြန်မာနိုင်ငံဘက် ဖြည်းညင်းစွာ ရွေ့လျားနေတယ်လို့ မိုးဇလက ထုတ်ပြန် ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအလွန် ကောင်းနေပြီး၊ ကျန် ဘင်္ဂလား ပင်လယ်အော် တွင် မုတ်သုံလေ အားကောင်း နေပါတယ် ။
ဒီနေ့ ညနေအထိ ခန့်မှန်းချက် အရ ကချင်ပြည်နယ်မှာ နေရာ ကျဲကျဲ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ် တို့တွင်နေရာ အနှံ့အပြား မိုး ထစ်ချုန်းရွာ မယ်လို့ ဆိုပါတယ် ။
နေပြည်တော် ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ တနင်္သာရီတိုင်း ၊ ရခိုင် ၊ ကရင် နဲ့ မွန်ပြည်နယ် တို့မှာ ဒေသအလိုက်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (တာင်ပိုင်းနဲ့ အရှေ့ပိုင်း) နဲ့ ကယားပြည်နယ် တို့မှာ နေရာကွက် ၍ မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်ပါတယ်။
မြန်မာ့ ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာ မှ လှိုင်းအလွန် ကီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်မပြင် လေသည် ၁ နာရီကို မိုင် ၄၀ မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ခရက်ဒစ်ပါ