ကျန်းမာရေး အခြေအနေတစ်ခုကြောင့် ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူနေရတယ်ဆိုတဲ့ ပရိတ်သက်ရဲ့ပိုင်တံခွန်
unicode version . . .
ကျန်းမာရေး အခြေအနေတစ်ခုကြောင့် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတယ်ဆိုတဲ့ ပိုင်တံခွန်
မင်းသားချော ပိုင်တံခွန်က လတ်တလောမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုကိုတစ်ဦးဖြစ်နေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကို မြန်မာမလေးတွေသာမက တိုင်းတစ်ပါးက မိန်းကလေးအများစုကပါ သည်းသည်းလှုပ် အားပေးဝန်းရံနေကြတာဖြစ်ပြီး အောင်မြင်မှုတွေ အကြီးအကျယ် ရရှိနေတာ ဖြစ်ပါတယ်။
ပိုင်တံခွန်ကလည်း အောင်မြင်လာတာ နဲ့အမျှ သူ့ရဲ့ အနုပညာလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ အလုပ်တွေကို နေ့ရာညပါ ဆက်တိုက်လုပ်ကိုင်နေရတဲ့ ပိုင်တံခွန်က ဒီကနေ့မှာတော့ ကျန်းမာရေး အခြေအနေ တစ်ခုကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာပဲ ဖြစ်ပါတယ်။
ပိုင်တံခွန်က ဆိုးဆိုးရွားရွား ကျန်းမာရေး အခြေအနေ မဟုတ်ပဲ Allergic ဖြစ်တာကြောင့်သာ ဖြစ်ပြီး စိုးရိမ်စရာ အခြေအနေမရှိဘူးလို့ သူနဲ့ အနီးကပ်ရှိသူ မန်နေဂျာက ဆိုထားပါတယ် ။ ပိုင်တံခွန်ကတော့ မစိုးရိမ်ရတဲ့ ကျန်းမာရေး အခြေကြောင့် ဆေးရုံတက်နေရတာဖြစ်ပြီး ပရိသတ်တွေကတော့ စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ပိုင်တံခွန်တစ်ယောက် အမြန်ဆုံး သက်သာလာဖို့ ဆုတောင်းပေးကြဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ source – News 24-7
Add a Comment
Your email address will not be published. Required fields are marked *