သုံးနှစ်လောက် ကြိတ်ကြွေခဲ့ ရပြီးမှ Gay ဖြစ်နေမှန်း သိလိုက်ရတဲ့ ရွှေအိမ်စည်
unicode version . . .
၃ နှစ်လောက် ကြိတ်ပြီး ကြိုက်ခဲ့ရတဲ့ ကောင်လေး တစ်ယောက်က Gay ဖြစ်နေလို့ တော်တော်ကြီး စိတ်ညစ် ခဲ့ရဖူးတဲ့အကြောင်း ပြော လာတဲ့ ရွှေအိမ်စည်
ရွှေအိမ်စည် ကတော့ Model Show ပွဲတွေမှာ တောကလျှောက်ပါဝင် နေသလို အလျင်းသင့်သလို အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ပြည်သူချစ် အလှမယ်တစ်ဦးပါ။ သူမရဲ့ခပ်ချေချေ စကားပြောဟန်နဲ့ယုံကြည်မှု အပြည့်ရှိတဲ့ ဟန်ပန်က သူမကိုပိုမို ကျော်ကြား စေတာလည်း ဖြစ်ပါတယ်။
Model Show တစ်ခုမှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ရွှေအိမ်စည်က သူမ ၃ နှစ်လောက် ကြိတ် Crush နေရတဲ့ ကောင်လေး တစ်ယောက်က Gay ဖြစ်နေလို့ တော်တော်ကြီး စိတ်ညစ်ခဲ့ရဖူးတယ်လို့ ဆိုလာခဲ့တာပါ။
ရွှေအိမ်စည်က “အရမ်း ကြိုက်ခဲ့တဲ့ ကောင်လေးတစ်ယောက် ရှိတယ် ။ချောတော့ အရမ်းကြွေခဲ့ရတာ ။ အရမ်းလည်း စော်ကြည် တယ်ပေါ့ ။ နောက်မှ Gay ဖြစ်နေမှန်းသိလိုက်ရတာဘဝကြီးက တော်တော်စိတ်ညစ်စရာ ဖြစ်သွားတာ ။ သုံးနှစ်လောက် ကြိတ် Crush ခဲ့ပြီးမှဆိုတော့ တော်တော်ညစ်သွားတယ်”လို့ ဆိုလာခဲ့တာဖြစ်ပါတယ် ။
သူ့ အနေနဲ့ မင်္ဂလာဆောင် လက်ထပ်ဖို့ကိုလည်း အနည်းဆုံးငါးနှစ်လောက်အထိ ဖြစ်လာဖို့ မရှိသေးပဲ သေချာလေ့လာ ပြီးမှသာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ချင်တယ်လို့ ဆိုလာခဲ့တာပါ ။
သူမအနေနဲ့ အရမ်းကြီး အမြန် လက်ထပ်ဖို့ မလိုသလို အခုအောင် မြင်မှုအတိုင်း ဆက်သွားနေလည်း စိတ်ပူစရာမရှိတဲ့ အတွက် အိမ် ထောင်ပြုဖို့ ကိစ္စကြီးကို လောလောဆယ် မစဉ်းစားသေးဘူးလို့ ပြောဆို လာခဲ့တာပဲဖြစ်ပါတယ်။
ဒါကတော့ ရွှေအိမ်စည် တစ်ယောက် Crush က Gay ဖြစ်နေလို့ ကြေကွဲ ခဲ့ရတဲ့အကြောင်း ပြောပြ ထားတာကို ပြန်လည်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ လူမှုကွန်ယက်မှာ လူပြောများနေတဲ့ အဖြစ်အပျက်လေး ဖြစ်လို့ မျှဝေပေးလိုက်ပါတယ်နော ။ source – Shwe Eain Si