ရောဂါ ကူးစက်ခံရမှာကြောက်ပြီး ပိုက်ဆံတွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်တဲ့ အမျိုးသား
unicode version . . .
ကိုဗစ်ပိုးက ပိုက်ဆံကနေကူးတယ်ဆိုလို့ ပိုက်ဆံတွေကို ရေနဲ့ဆေးတဲ့သူတွေရှိပါတယ်။
တောင်ကိုရီးယားနိုင်ငံက အန်ဆန်မြို့သားတစ်ယောက်ဟာ အလုပ်ကရတဲ့ ငွေ ဝမ် ၅၀၀၀၀ (အမေရိကန် ဒေါ်လာ ၄၂) ကို ကိုဗစ်ကူးမှာ စိုးရိမ်ပြီး အဝတ်လျှော်စက် ထဲထည့် လျော်ရာက တစ်ဆင့် ပျက်စီး ခဲ့ရပါတယ် ကိုရီးယား ဘဏ်ဥပဒေအရ ငွေစက္ကူ စုတ်ပြဲသွားရင် အသစ် ပြန်လဲပေးရမယ်လို့ ပြဌာန်းထားပါတယ်။
ဒါကြောင့် ဆုံးရှုံးသွားတဲ့ ငွေအတွက် ကိုရီးယားဘဏ်ကိုသွားပြီး အသစ်နဲ့ သွားလဲခဲ့ပါတယ် ။ ဘဏ်က ပျက်စီးသွားတဲ့ ငွေစက္ကူအတွက် ဝမ် ၂၃ သန်း ( ဒေါ်လာ ၁၄၀၀၀) အသစ်ပြန်လဲပေးခဲ့ရပါတယ်။ ငွေစက္ကူတွေလည်း သုံးမရလောက်အောင် ပျက်စီးသွားပါပြီ ။ နံပါတ်တွေလည်း မပေါ်တော့ပါဘူး ။ ရေတွက်ဖို့လည်း အခက်အခဲရှိပါတယ်။
ဒါကြောင့် မှန်းဆပြီး လျော်ပေးလိုက်ပါတယ်လို့ ဘဏ်မှ တာဝန်ရှိသူ ဆိုဂျီဝန်း ကပြောပါတယ် ။ နောက်ပိုင်း ရေတွက်မရရင် ဘဏ်သတ်မတ်ချက် အတိုင်းပဲ လျော်တော့မယ်လို့ ဘဏ်က ပြောပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကလည်း ပိုက်ဆံတွေကို မိုက်ခရိုဝေ့ထဲထည့်ပြီး ပိုးသတ်လို့ ပျက်စီး တာတွေ ရှိခဲ့ ဖူးတယ်လို့ ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ် ။ တောင်ကိုရီးယား ဗဟိုဘဏ်ကတော့ ငွေစက္ကူတွေကို ရေနဲ့ဆေးတာတွေ၊ မိုက်ခရိုဝေ့ထဲထည့်တာတွေမလုပ်ဖို့ ပန်ကြား ထားပါတယ်။ ခရက်ဒစ်