အိမ္သစ္တလံုးနဲ႔ ကားတစ္စီးဝယ္ေပးျပီး အေဖနဲ႔အေမကို အံ႔ႀသဝမ္းသာေစခဲ႔တဲ႔ ပိုင္တခြန္

ပရိတ္သက္ၾကီးေရ ပိုင္တန္ခြန္က က်ေနာ့္ရဲ့ ကံေကာင္းျခင္း ေတြက  မိဘကို ေကၽြးေမြးျပဳစုျခင္းက လာတာပါ ဒီေန႔ အိမ္သစ္‌ေလးတစ္လုံးနဲ႔ ကားတစ္စင္း ကိုအေဖ အေမအတြက္ က်ေနာ္ လက္ေဆာင္ဝယ္ေပး ျစ္ခဲ႔ပါတယ္Surprise လုပ္ဖို့ အမ်ိဳးမ်ိဳး လိမ္ၿပီးေခၚခဲ့ရတယ္

ေနာက္ဆုံးေတာ့ အေဖလည္း ငို အေမလည္း ငို က်ေနာ္လည္း ပီတိျဖစ္ရ ဒါကက်ေနာ့္ ဘဝအေၾကာင္းေလး တခ်ိဳ့သိခ်င္ၾကတဲ့ သူေတြအတြက္ပါ ။ဘယ္အရာမွ ဖုံးကြယ္လို့ မရပါဘူး ။

က်ေနာ္ ႀကိဳးစားခဲ့တဲ့ ဘဝ အက်ဥ္းေလး ေျပာျပမယ္ေနာ္ က်ေနာ္မွာ ေမာင္ႏွမ 6 ေယာက္ရွိတယ္။က်ေနာ္က ၄ေယာက္ ေျမာက္သား ငယ္စဥ္က က်ေနာ့ မိဘေတြ ေငြေၾကး ျပည့္စုံေတာ့ ဘယ္ေနရာေရာက္ေရာက္ က်ေနာ္တို့ ေမာင္ႏွမေတြ မ်က္ႏွာတခ်က္ မငယ္ခဲ့ရ ဖူးဘူး ။

ဘဝတေကြ႕မွာ က်ေနာ္ ဆယ္တန္းေျဖၿပီးခါစ အခ်ိန္ေပါ့ က်ေနာ့္မိဘေတြ ဘာဆိုဘာမွ မရွိေအာင္ကို ဆင္းရဲအတိ ျဖစ္ခဲ့ရတယ္ ။ ဒါေပမယ့္ အေဖ အေမရဲ့ သားသမီး အေပၚထားတဲ့ ေမတၱာက က်ေနာ္တို့ အတြက္ ဆင္းရဲဒုကၡဆိုတာ ဘာမွန္းမသိေအာင္ ကာကြယ္ေပးခဲ့တယ္

အဲဒီအခ်ိန္က က်ေနာ္တို့ ရန္ကုန္ စၿပီး ေျပာင္းလာတဲ့အခ်ိန္ ။ က်‌ေနာ္ကိုေမြးတဲ့ အခ်ိန္ကတည္းက အလုပ္သမားမ်ားစြာ နဲ႔ ျပည့္ျပည့္စုံစုံ ေန ‌ခဲ့ရတဲ့ က်ေနာ့္ ရဲ့အေဖ နဲ႔ အေမ ေက်ာက္ေျမာင္းမွာ တိုက္ခန္းေလးငွားပီး သုခလမ္းက တိုက္ေအာက္‌ေလးမွာ ဒီသားသမီး ၆ေယာက္ စားဝတ္နေရးအတြက္ မုန္႔တီသုပ္ေလး ေရာင္းေနတဲ့ ျမင္ကြင္း က်ေနာ္ မခံစားနိုင္ခဲ့ဘူး

ညအိပ္ခါနီးတိုင္း မနက္အေစာႀကီး အေဖအေမထၿပီး မုန္႔ေရာင္းရအုန္းမွာပါလားဆိုတဲ့ စိတ္နဲ႔ ငိုမိတယ္။ အဲဒီအခ်ိန္ကတည္း က်ေနာ္ ရင္ထဲအျမဲ ေတာင္းခဲ့ရတဲ့ ဆု တခုပဲ ရွိခဲ့တယ္တေန႔ သား လုပ္ေကၽြးခြင့္ရပါရေစလို့ ။ ဒီလိုနဲ႔ပဲ က်‌ေနာ္နဲ႔ အေမ ၾကား ျပႆနာ အေသးေလး တခုေၾကာင့္ က်ေနာ္18 ႏွစ္ေလာက္မွာ အိမ္ကေနထြက္ခြာခဲ့တယ္ ဒီေန႔ ထိေပါ့

အိမ္ကထြက္ခြာခဲ့ေပမယ့္ တရက္မွ မိသားစုအေပၚတာဝန္မပ်က္ဖူးဘူး အျပင္ေလာကမွာ တစ္ေယာက္တည္းရပ္တည္ရတာ တကယ္ခက္ခဲပါတယ္။အေဖ အေမ ငယ္စဥ္ကတည္းကအျမဲ ဆုံးမဖူးတဲ့ စကားရွိတယ္။

သူမ်ားဆီက ေငြတက်ပ္ေတာင္ မမက္ေမာမိေစနဲ႔တဲ့ သူမ်ားေငြက်ပ္ယူမိရင္ တက်ပ္ ျပန္ဆပ္နိုင္ေအာင္ႀကိဳးစားၿပီး ဘဝကိုအရိုးသားဆုံး ေနထိုင္ပါတဲ႔ ။

က်ေနာ္ မိဘေတြနဲ႔ အတူတူ မေနေပမယ့္ အျပင္ ေလာကမွာ အေဖ  အေမ သြန္သင္ဆုံးမ ေပးခဲ့တဲ့အတိုင္း အရိုးသားဆုံး ႀကိဳးစားအလုပ္လု ပ္တယ္။ ရွာေဖြတယ္ စုေဆာင္းခဲ့တယ္ ။ေငြ တစ္ေထာင္ စၿပီး ရတဲ့ေန႔ ကတည္းက ကိုယ္က်ိဳးအတြက္ က်ေနာ္ မသုံးခဲ့ဖူးဘူး။ လွူတယ္ ခက္ခဲတဲ့ သူေတြကို ကူညီေပးတယ္။

သူမ်ားေတြ ကားေကာင္းေတြ စီးၿပီး ေပ်ာ္ပါးေနခ်ိန္မွာ က်ေနာ္ မနက္စာ ေန႔လည္စာ ညစာကို 1600 ထက္ ပိုမစားခဲ့ဖူးဘူး ။က်ေနာ္ ရွာေဖြသမၽွ အရာရာတိုင္းလည္း ငါ့မိသားစုအတြက္နဲ႔ လွူဒါန္းဖို့အတြက္ ဆိုတဲ့ စိတ္ပဲရွိခဲ့တယ္ ။အခုခ်ိန္မွာေတာ့ က်ေနာ့္ရဲ့ ပီတိက က်‌ေနာ္ သိပ္ကို ျမင္ခ်င္တဲ့ အရင္တခ်ိန္က မိသားစု ပုံရိပ္တခုကို တေျဖးေျဖး ျမင္ေနရၿပီဆိုတာပါပဲ

ေနာက္ဆုံးအေနနဲ႔ က်ေနာ္ရဲ့ ပရိတ္သတ္ ညီကိုေမာင္ႏွမ အားလုံးကို ေျပာျပခ်င္တာက မိဘကို လုပ္ေကၽြးျပဳစု ခြင့္ဆိုတာ မိဘကို ေပးတဲ့အရာဝတၳဳေတြရဲ့ တန္ေၾကး မဟုတ္ပါဘူး ။ မိဘအေပၚ ရင္ထဲကလာတဲ့ အရိုးသားဆုံး တန္ျပန္ တာဝန္သိတတ္မွုပါ ။

ဒါက မိဘအေပၚမွာ ကိုယ့္ရဲ့ အသန္႔ရွင္းဆုံး လုပ္ေကၽြးျပဳစုခြင့္ပါလို့ ေျပာရင္း နိဂုန္းခ်ဳပ္ပါတယ္ခင္မ်ာ အားလုံးပဲ ေပ်ာ္ရႊင္စရာေန႔ရက္ေလး ပိုင္ဆိုင္နိုင္ၾကပါေစ ဆိုျပီး သူ႔ရဲ႔ fbမွာ ေရးသားမ်ွေဝ ထားပါတယ္ ။ source – Phing Takhon’s fb

unicode version . . .

ပရိတ်သက်ကြီးရေ ပိုင်တန်ခွန်က ကျနော့်ရဲ့ ကံကောင်းခြင်း တွေက  မိဘကို ကျွေးမွေး ပြုစုခြင်းက လာတာပါ ဒီနေ့ အိမ်သစ်‌လေးတစ်လုံးနဲ့ ကားတစ်စင်းကို အဖေအမေ အတွက် ကျနောလက် ဆောင်ဝယ်ပေး ဖြစ်ခဲ့ပါတယ် Surprise လုပ်ဖို့ အမျိုးမျိုး လိမ်ပြီးခေါ်ခဲ့ရတယ်

နောက်ဆုံးတော့ အဖေလည်းငို အမေလည်းငို ကျနော်လည်း ပီတိဖြစ်ရ ဒါကကျနော့် ဘဝအကြောင်းလေး တချို့သိချင်ကြတဲ့ သူတွေအတွက်ပါ ။ဘယ်အရာမှ ဖုံးကွယ်လို့ မရပါဘူး ။

ကျနော် ကြိုးစားခဲ့တဲ့ ဘဝ အကျဉ်းလေး ပြောပြမယ်နော် ကျနော်မှာ မောင်နှမ 6 ယောက်ရှိတယ် ။ ကျနော်က ၄ယောက် မြောက်သား ငယ်စဉ်က ကျနော့ မိဘတွေ ငွေကြေး ပြည့်စုံတော့ ဘယ်နေရာ ရောက်ရောက် ကျနော်တို့ မောင်နှမတွေ မျက်နှာတချက် မငယ်ခဲ့ရ ဖူးဘူး ။

ဘဝတကွေ့မှာ ကျနော် ဆယ်တန်းဖြေပြီးခါစ အချိန်ပေါ့ ကျနော့်မိဘတွေ ဘာဆိုဘာမှ မရှိအောင်ကို ဆင်းရဲအတိ ဖြစ်ခဲ့ရတယ် ။ ဒါပေမယ့် အဖေ အမေရဲ့ သားသမီး အပေါ်ထားတဲ့ မေတ္တာက ကျနော်တို့ အတွက် ဆင်းရဲဒုက္ခဆိုတာ ဘာမှန်းမသိအောင် ကာကွယ်ပေးခဲ့တယ်

အဲဒီ အချိန်က ကျနော်တို့ရန်ကုန်စပြီး ပြောင်းလာတဲ့အချိန်  ကျ‌ နော်ကို မွေးတဲ့အချိန် ကတည်းက အလုပ်သမား များစွာနဲ့ ပြည့်ပြည့်စုံစုံ နေခဲ့ရတဲ့ ကျနော့်ရဲ့ အဖေနဲ့အမေ ကျောက်မြောင်းမှာ တိုက်ခန်းလေးငှားပီး သုခလမ်းကတိုက်အောက်‌လေးမှာ ဒီသား သမီး ၆ ယောက် စားဝတ် နရေးအတွက် မုန့်တီသုပ်လေး ရောင် နေတဲ့ မြင်ကွင်း ကျနော် မခံစားနိုင်ခဲ့ဘူး

ညအိပ်ခါနီးတိုင်း မနက်အစောကြီး အဖေအမေထပြီး မုန့်ရောင်းရအုန်းမှာပါလားဆိုတဲ့ စိတ်နဲ့ ငိုမိတယ်။ အဲဒီ အချိန်ကတည်း ကျနော် ရင်ထဲအမြဲ တောင်းခဲ့ရတဲ့ ဆုတခုပဲ ရှိခဲ့တယ် တနေ့သားလုပ် ကျွေးခွင့် ရပါရစေလို့ ။ ဒီလိုနဲ့ပဲ ကျ‌နော်နဲ့ အမေ ကြား ပြဿနာ အသေးလေး တခုကြောင့် ကျနော်18 နှစ်လောက်မှာ အိမ်ကနေ ထွက်ခွာခဲ့တယ် ဒီနေ့ ထိပေါ့

အိမ်ကထွက်ခွာခဲ့ပေမယ့် တရက်မှ မိသားစုအပေါ်တာဝန်မပျက်ဖူးဘူး အပြင်လောကမှာ တစ်ယောက်တည်းရပ်တည်ရတာ တကယ်ခက်ခဲပါတယ်။အဖေ အမေ ငယ်စဉ်ကတည်းကအမြဲ ဆုံးမဖူးတဲ့ စကားရှိတယ်။

သူများဆီက ငွေတကျပ်တောင် မမက်မောမိစေနဲ့တဲ့ သူများငွေကျပ်ယူမိရင် တကျပ် ပြန်ဆပ်နိုင်အောင်ကြိုးစားပြီး ဘဝကိုအရိုးသားဆုံး နေထိုင်ပါတဲ့ ။

ကျနော် မိဘတွေနဲ့ အတူတူ မနေပေမယ့် အပြင် လောကမှာ အဖေ အမေ သွန်သင်ဆုံးမ ပေးခဲ့တဲ့အတိုင်း အရိုးသားဆုံး ကြိုးစားအလုပ်လုပ်တယ်။ ရှာဖွေတယ် စုဆောင်းခဲ့တယ် ။ငွေတစ်ထောင် စပြီး ရတဲ့နေ့ ကတည်းက ကိုယ်ကျိုးအတွက် ကျနော် မသုံးခဲ့ဖူးဘူး။ လှူတယ် ခက်ခဲတဲ့ သူတွေကို ကူညီပေးတယ်။

သူများတွေ ကားကောင်းတွေ စီးပြီး ပျော်ပါး နေချိန်မှာ ကျနော် မနက်စာ နေ့လည်စာ ညစာကို 1600 ထက် ပိုမစားခဲ့ဖူးဘူး ။ကျနော် ရှာဖွေသမျှ အရာရာတိုင်းလည်း ငါ့မိသားစုအတွက်နဲ့ လှူဒါန်းဖို့အတွက် ဆိုတဲ့ စိတ်ပဲရှိခဲ့တယ် ။အခုချိန်မှာတော့ ကျနော့်ရဲ့ ပီတိက ကျ‌နော် သိပ်ကို မြင်ချင်တဲ့ အရင်တချိန်က မိသားစု ပုံရိပ်တခုကို တဖြေးဖြေး မြင်နေရပြီဆိုတာပါပဲ

နောက်ဆုံးအနေနဲ့ ကျနော်ရဲ့ ပရိတ်သတ် ညီကိုမောင်နှမ အားလုံးကို ပြောပြချင်တာက မိဘကို လုပ်ကျွေးပြုစု ခွင့်ဆိုတာ မိဘကို ပေးတဲ့အရာဝတ္ထုတွေရဲ့ တန်ကြေး မဟုတ်ပါဘူး ။ မိဘအပေါ် ရင်ထဲကလာတဲ့ အရိုးသားဆုံး တန်ပြန် တာဝန်သိတတ်မှုပါ ။

ဒါက မိဘအပေါ်မှာ ကိုယ့်ရဲ့ အသန့်ရှင်းဆုံး လုပ်ကျွေးပြုစုခွင့်ပါလို့ ပြောရင်း နိဂုန်းချုပ်ပါတယ်ခင်မျာ အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေး ပိုင်ဆိုင်နိုင်ကြပါစေ ဆိုပြီး သူ့ရဲ့ fbမှာ ရေးသားမျှဝေ ထားပါတယ် ။ source – Phing Takhon’s fb

Add a Comment

Your email address will not be published. Required fields are marked *