လြမ္းဆြတ္စရာအတိတ္ေတြေၾကာင့္ ခ်စ္သူကိုေမ့မရနိုင္သူေတြရဲ့ခံစားခ်က္နဲ႔တိုက္ဆိုင္သြားနိုင္တဲ့ နန္းဆုရတီစိုးရဲ့သီခ်င္းအသစ္

လြမ္းဆြတ္စရာအတိတ္ေတြေၾကာင့္ ခ်စ္သူကိုေမ့မရနိုင္သူေတြရဲ့ခံစားခ်က္နဲ႔တိုက္ဆိုင္သြားနိုင္တဲ့ နန္းဆုရတီစိုးရဲ့သီခ်င္းအသစ္

နန္းဆုရတီစိုးကေတာ့ ခ်စ္စရာေကာင္းၿပီး နုပ်ိဳတဲ့အလွေတြကို ပိုင္ဆိုင္ထားသလို ပရိသတ္ေတြခ်စ္ရတဲ့ အႏုပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ သီခ်င္းအသစ္ေတြကို ဖန္တီးေလ့ရွိတဲ့ နန္းဆုကေတာ့ အခုဆိုရင္ မိုးရာသီနဲ႔အတူ အလြမ္းသီခ်င္းေလးတစ္ပုဒ္ ထြက္ရွိလာပါတယ္။

ဒီသီခ်င္းေလးမထြက္ရွိခင္ ကတည္းက ပရိသတ္ေတြက စိတ္ဝင္စားေနၾကတာပါ ။ နန္းဆုရတီစိုးကေတာ့ သူ႔ရဲ့ေဖ့ဘြတ္ခ္မွာ “တစ္ခ်ိဳ့ေသာ အခ်စ္ေတြက မဆုံဆည္းခဲ့ၾကေပမယ့္ လြမ္းဆြတ္သတိရေနဖို့ေတာ့ ထိုက္တန္ၾကပါတယ္ ။

ထင္မွတ္မထားေသာ အေၾကာင္းတရားေတြေၾကာင့္ ခြဲခြာသြားၾကရတဲ့အခါ အရမ္းခ်စ္ခဲ့ၾကတဲ့ခ်စ္သူေတြအတြက္ေတာ့ အတိတ္က ေပ်ာ္ရႊင္မွုေတြ အမွတ္တရေတြထဲကေန ႐ုန္းထြက္ေျပးထြက္နိုင္ဖို့ ဆိုတာကေတာ့…“အလြမ္းရာသီ” ဆိုၿပီးေတာ့ ေရးသားမၽွေဝလာခဲ့ပါတယ္။

ဒီ သီခ်င္းေလးကေတာ့ ပရိသတ္ေတြ အခ်စ္ေတာ္ မင္းသားေခ်ာေလး မင္းေသြးခန္ ႔နဲ႔အတူ ပါဝင္ သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ အရမ္းခ်စ္ၿပီး ခြဲခြာခဲ့ရတဲ့သူေတြ အမွတ္ရစရာ အတိတ္ေတြၾကားမွာ ႐ုန္းမထြက္နိုင္ျဖစ္တဲ့သူေတြနဲ ႔ခံစားခ်က္ခ်င္း တိုက္ဆိုင္ေစမယ့္ သီခ်င္းတစ္ပုဒ္လည္း ျဖစ္ပါတယ္ ။ ပရိသတ္ႀကီးအတြက္ ျပန္လည္မၽွေဝလိုက္ပါတယ္။ Source:NansuYatiSoe

(unicode version)

လွမ်းဆွတ်စရာအတိတ်တွေကြောင့် ချစ်သူကိုမေ့မရနိုင်သူတွေရဲ့ခံစားချက်နဲ့တိုက်ဆိုင်သွားနိုင်တဲ့ နန်းဆုရတီစိုးရဲ့သီချင်းအသစ်

နန်းဆုရတီစိုးကတော့ ချစ်စရာကောင်းပြီး နုပျိုတဲ့အလှတွေကို ပိုင်ဆိုင်ထားသလို ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သီချင်းအသစ်တွေကို ဖန်တီးလေ့ရှိတဲ့ နန်းဆုကတော့ အခုဆိုရင် မိုးရာသီနဲ့အတူ အလွမ်းသီချင်းလေးတစ်ပုဒ် ထွက်ရှိလာပါတယ်။

ဒီသီချင်းလေးမထွက်ရှိခင် ကတည်းက ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ ။ နန်းဆုရတီစိုးကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “တစ်ချို့သော အချစ်တွေက မဆုံဆည်းခဲ့ကြပေမယ့် လွမ်းဆွတ်သတိရနေဖို့တော့ ထိုက်တန်ကြပါတယ် ။

ထင်မှတ်မထားသော အကြောင်းတရားတွေကြောင့် ခွဲခွာသွားကြရတဲ့အခါ အရမ်းချစ်ခဲ့ကြတဲ့ချစ်သူတွေအတွက်တော့ အတိတ်က ပျော်ရွှင်မှုတွေ အမှတ်တရတွေထဲကနေ ရုန်းထွက်ပြေးထွက်နိုင်ဖို့ ဆိုတာကတော့…“အလွမ်းရာသီ” ဆိုပြီးတော့ ရေးသားမျှဝေလာခဲ့ပါတယ်။

ဒီ သီချင်းလေးကတော့ ပရိသတ်တွေ အချစ်တော် မင်းသားချောလေး မင်းသွေးခန့် နဲ့အတူ ပါဝင် သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။ အရမ်းချစ်ပြီး ခွဲခွာခဲ့ရတဲ့သူတွေ အမှတ်ရစရာ အတိတ်တွေကြားမှာ ရုန်းမထွက်နိုင် ဖြစ်တဲ့သူတွေနဲ့ ခံစားချက်ချင်း တိုက်ဆိုင်စေမယ့် သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ် ။ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ Source:NansuYatiSoe