Body weight တက်လာခြင်းအပေါ် မင်းသားကြီး ဦးဝင်းဦးက ကျွန်တော့်ကို ဝေဖန်ထောက်ပြနေတာကိုဆင်ခြေများပေးပြီး ပြန်လည်တုန့်ပြန်ပြောဆိုထားသော video ဖြစ်ပါတယ် ဒီ video လေးဖြစ်လာဖို့ကိုအရင် body weight တတ်ခဲ့တဲ့အချိန်မှဒီနေ့အခုမြင်နေရသောပုံစံပြန်ဖြစ်ဖို့
အစားအသောက်နဲ့ရော🍗🥘🥗🥦🍈🥝🥣 အားကစားနဲ့ပါ 💪🏋️‍♂️🏊‍♂️( 45 ) ရက်ကြာအချိန်ယူခဲ့ရပါတယ် ဒီ video🙂 မှာကျွန်တော်ဝါသနာပါသော special Make-up ပညာ 🤡နဲ့အသံအတု🗣ပညာတွေကိုလည်းအသုံးပြုထားပါတယ် 🙂 Video အမျိုးအစားမှာ
အခုခေတ်စားနေသော video အမျိုးအစားထဲမှ တစ်ခုခုဖြစ်နိုင်ပြီးကြာမြင့်ချိန်မှာ 1min ခန့်လောက်သာ ဖြစ်နိုင်ပါတယ် . ကဲ …ကျွန်တော်ချစ်သော💓ကျွန်တော်ကိုချစ်ကြသော💗 ပရိသတ်များအားလုံး စိတ်ဝင်စားတယ်ဆိုရင်ဖြင့်မနက်ဖြန်ညနေ 6pmမှာ … 💞နွေးထွေးမှုများစွာဖြင့်💞..ထာဝရ … နတိုး”
(unicode version)
သရုပ်ဆောင်ပိုင်းရော၊ အဆိုရော၊ အသံတုပိုင်းမှာပါ ကျွမ်းကျင်ယုံမျှမဟုတ်ဘဲ Special Make-up ပညာပါ တက်မြောက်ထားတာကို ချပြလိုက်တဲ့ နေတိုး
အဆိုရော၊ သရုပ်ဆောင်တာရော ဘာချွတ်ယွင်းချက်မှ မရှိအောင် လုပ်ဆောင်နိုင်တဲ့ နေတိုးဟာ Make Up ကပညာမှာလည်း တက်မြောက်နေတယ်ဆိုရင် ပရိတ်သတ်ကြီး အံသြမိမှာပါပဲနော်။ အသံတုလုပ်ပြီး သရုပ်ဆောင်တဲ့နေရာမှာလည်း သူမတူအောင် တော်တဲ့ နေတိုးက ယခုလည်း Make Up အသုံးပြုပြီး အရင်တစ်ခေတ်တစ်ခါက နာမည်ကြီးလှတဲ့ မင်းသားကြီး ဝင်းဦးပုံစံနဲ့ နောက်ထပ် ဗီဒီယိုတွေ တီထွင်နေပြန်ပါပြီ။
နေတိုးဟာ ပရိတ်သတ်ကို အမြဲအလေးထားသူဖြစ်သလို၊ သူ့လှုပ်ရှားမှုတွေကိုလည်း ပရိတ်သတ်နဲ့မပြတ်အောင် လူမှုကွန်ယက်ကနေ အမြဲသတင်းပေးလေ့ရှိပါတယ်။ ဒီတစ်ခါလည်း အဆိုပါဗီဒီယိုလေးနဲ့ ပတ်သက်ပြီး ယခုလို မျှဝေလာပြန်ပါတယ်။
“🙂ပရိသတ်များအားလုံး မင်္ဂလာပါ ခင်ဗျာ။ လွန်ခဲ့သော (45) ရက် ခန့်လောက်က ကြားခဲ့ရတဲ့ သတင်းစကား တစ်ခုအပေါ်မှာအခြေခံပြီး ဒီ video လေးကိုလုပ်ဖို့ စိတ်ကူးရခဲ့တာပါ ။ အခုကျွန်တော်တို့အားလုံး ဖြတ်သန်းနေကြရတဲ့ ကာလတစ်ခုအတွင်းနေထိုင်စားသောက်ကြရင် Body weight တက်လာခြင်းအပေါ် မင်းသားကြီး ဦးဝင်းဦးက ကျွန်တော့်ကို ဝေဖန်ထောက်ပြနေတာကို ဆင်ခြေများပေးပြီး ပြန်လည်တုန့်ပြန် ပြောဆိုထားသော video ဖြစ်ပါတယ် ။
ဒီ video လေး ဖြစ်လာဖို့ကိုအရင် body weight တတ်ခဲ့တဲ့အချိန်မှ ဒီနေ့အခုမြင်နေရသော ပုံစံပြန်ဖြစ်ဖို့ အစားအသောက်နဲ့ရော အားကစားနဲ့ပါ ( 45 ) ရက်ကြာ အချိန်ယူခဲ့ရပါတယ် ။ဒီ video မှာ ကျွန်တော်ဝါသနာပါသော special Make-up ပညာ နဲ့အသံအတု ပညာတွေကိုလည်း အသုံးပြုထားပါတယ်။
Video အမျိုးအစားမှာ အခုခေတ်စားနေသော video အမျိုးအစားထဲမှ တစ်ခုခု ဖြစ်နိုင်ပြီး ကြာမြင့်ချိန်မှာ 1min ခန့်လောက်သာ ဖြစ်နိုင်ပါတယ် ။ ကဲ … ကျွန်တော် ချစ်သော ကျွန် တော်ကို ချစ်ကြသော ပရိသတ်များအားလုံး စိတ်ဝင်စားတယ်ဆိုရင်ဖြင့် မနက်ဖြန်ညနေ 6pmမှာ … နွေးထွေးမှု များစွာဖြင့်ထာဝရ …နေတိုး ”
ကဲ ပရိတ်သတ်ကြီးအချစ်တော် နေတိုးရဲ့ ဦးဝင်းဦး စတိုင်တွေကို မျှဝေ ပေးလိုက်ပါတယ်နော်။ မင်းသားနေတိုးလည်း နောက်ထပ် နောက်ထပ် ပရိတ်သတ်ကြီးကို ဖျော်ဖြေပေးပြီး၊ အောင်မြင်မှုတွေ များစွာ ပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်။ source – Nay Toe’sFB