unicode version . . .
ပေါ်တူဂီတွင် ခရီးသည်တင်အမြန်ရထားနှင့် ကားရထားတိုက်မိရာ နှစ်ဦးသေ၊ ၄၀ နီးပါ ဒဏ်ရာရ
ပေါ်တူဂီနိုင်ငံအလယ်ပိုင်းတွင် ယမန်နေ့က မြန်နှုန်းမြင့်ရထားတစ်စင်းက ကားရထားတစ်စင်းနှင့် အပြင်း အထန်တိုက်မိခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ပေးရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
ဇူလိုင်လ ၃၁ ရက် ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် ဆော်ရီမြို့အနီး အဆိုပါဖြစ်ရပ် ဖြစ်ပွားချိန်၌ အမြန်ရ ထားပေါ်၌ ခရီးသည် ၂၈၀ ခန့်ပါရှိခဲ့ကြောင်း သိရသည်။မတော်တဆမှုအတွင်း လူ ၃၀ ခန့်လည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ပေးရေ
အာဏာပိုင်အဖွဲ့က တွစ်တာ၌ ရေးသားခဲ့သည်။အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် သေဆုံးသူများ၏ မိသားစုဝင်များ၊ မိတ်ဆွေများသို့ ဝမ်းနည်းစကားပြော ကြားခဲ့ကြောင်း ပေါ်တူဂီသမ္မတ မာဆယ်လိုရီဘီလိုဒီဆော်ဆာက ထုတ်ပြန်ချက်
တစ်ခုအတွင်း ပြောကြားခဲ့သည်။အမြန်ရထားက လစ္စဘွန်းမြို့တော်မှ ပေါ်တူဂီနိုင်ငံမြောက်ပိုင်းရှိ ဘရာဂါမြို့တော်သို့ မောင်းနှင်ခဲ့ပြီး လမ်းခရီးတစ်လျောက် ပေါ်တိုနှင့် ကွိုင်ဘရာမြို့တော်များ၌ ရပ်နားခဲ့သည်။ မတော်တဆမှုဖြစ်ရာနေရာသို့
ကယ်ဆယ်ရေးသမား ၁၇၀ ခန့်နှင့် ရဟတ်ယာဉ်နှစ်စင်း မြန်ဆန်စွာ စေ လွှတ်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ Source : AFP Crd : EPN