COVID-19ေရာဂါေၾကာင့္ ဗစ္တိုးရီးယားဘက္ခမ္း၏ ဖက္ရွင္လုပ္ငန္းမွ ဝန္ထမ္းေလွ်ာ့ခ်မည္ျဖစ္ေၾကာင္း သိရ

COVID-19ေရာဂါေၾကာင့္ ဗစ္တိုးရီးယားဘက္ခမ္း၏ ဖက္ရွင္လုပ္ငန္းမွ ဝန္ထမ္းေလွ်ာ့ခ်မည္ျဖစ္ေၾကာင္း သိရ

COVID-19ေရာဂါေၾကာင့္ ဗစ္တိုးရီးယားဘက္ခမ္းရဲ့ ဖက္ရွင္လုပ္ငန္းကေန ဝန္ထမ္းအင္အား ငါးပုံတစ္ပုံ ေလၽွာ့ခ်သြားမယ္လို့ သိရပါတယ္။လက္ရွိတြင္ အဆိုပါ COVID-19 ကပ္ေရာဂါေၾကာင့္ ဗစ္တိုးရီးယားဘက္ခမ္းရဲ့ ဖက္ရွင္ဆိုင္ေတြမွာ ေရာင္းအားဘက်ဆင္းလာပါတယ္။ ၿဗိတိန္တစ္လႊား ကိုဗစ္- ၁၉ ရဲ့ ၿခိမ္းေျခာက္မွုေၾကာင့္

အသြားအလာ ပိတ္ဆို့ကန႔္သတ္မွုေတြ ျပဳလုပ္ၿပီးတဲ့ေနာက္ ဗစ္တိုးရီးယားရဲ့ လန္ဒန္က ဖက္ရွင္ဆိုင္ကို ပိတ္ထားခဲ့ရပါတယ္။ကုန္က်စရိတ္ေတြကို ကာမိဖို့အတြက္လည္း တစ္ႏွစ္လုံးစာ ဖက္ရွင္စုစည္းမွု အေရအတြက္ကို ထက္ဝက္ ေလၽွာ့ခ်သြားဖို့ ဗစ္တိုးရီးယားက စီစဥ္ေနတယ္လို့ သိရပါတယ္။ သူ႔ရဲ့ ေျပာေရးဆိုခြင့္ရွိသူကေတာ့

“တျခားေသာ စီးပြားေရးလုပ္ငန္းေတြလိုပဲ ဗစ္တိုးရီးယားဘက္ခမ္းရဲ့ လုပ္ငန္းေတြမွာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထိခိုက္မွုေတြရွိပါတယ္”လို့ The Mirror ကို ေျပာၾကားခဲ့ပါတယ္။အနာဂတ္မွာ ထိေရာက္မွုရွိၿပီး အာမခံခ်က္ရွိမယ့္ လုပ္ငန္းမ်ိဳး တည္ေထာင္သြားဖို့ ရွိပါတယ္။ လူဦးေရ ေလၽွာ့ခ်ရတာကေတာ့ စိတ္မေကာင္းစရာပါပဲလို့

သူက ဆက္ေျပာပါတယ္။ ဗစ္တိုးရီးယားရဲ့ ဖက္ရွင္ပစၥည္းေတြကို နာမည္ေက်ာ္ေတြက အားေပးၾကေပမယ့္ မၾကာေသးမီ ႏွစ္အတြင္းမွာေတာ့ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဂ်နီဖာလိုပက္ဇ္၊ ေလဒီဂါဂါနဲ႔ ဆာဆက္ၿမိဳ့စားကေတာ္တို့ဟာ ဗစ္တိုးရီးယားရဲ့ ေဖာက္သည္အျဖစ္ကေန ေက်ာခိုင္းခဲ့ၾကပါတယ္ ။ Crd : MDN

unicode version . . .

COVID-19ရောဂါကြောင့် ဗစ်တိုးရီးယားဘက်ခမ်း၏ ဖက်ရှင်လုပ်ငန်းမှ ဝန်ထမ်းလျှော့ချမည်ဖြစ်ကြောင်း သိရ

COVID-19ရောဂါကြောင့် ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဖက်ရှင်လုပ်ငန်းကနေ ဝန်ထမ်းအင်အား ငါးပုံတစ်ပုံ လျှော့ချသွားမယ်လို့ သိရပါတယ်။လက်ရှိတွင် အဆိုပါ COVID-19 ကပ်ရောဂါကြောင့် ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဖက်ရှင်ဆိုင်တွေမှာ ရောင်းအားဘကျဆင်းလာပါတယ်။ ဗြိတိန်တစ်လွှား ကိုဗစ်- ၁၉ ရဲ့ ခြိမ်းခြောက်မှုကြောင့်

အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် ဗစ်တိုးရီးယားရဲ့ လန်ဒန်က ဖက်ရှင်ဆိုင်ကို ပိတ်ထားခဲ့ရပါတယ်။ကုန်ကျစရိတ်တွေကို ကာမိဖို့အတွက်လည်း တစ်နှစ်လုံးစာ ဖက်ရှင်စုစည်းမှု အရေအတွက်ကို ထက်ဝက် လျှော့ချသွားဖို့ ဗစ်တိုးရီးယားက စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့

“တခြားသော စီးပွားရေးလုပ်ငန်းတွေလိုပဲ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ လုပ်ငန်းတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုတွေရှိပါတယ်”လို့ The Mirror ကို ပြောကြားခဲ့ပါတယ်။အနာဂတ်မှာ ထိရောက်မှုရှိပြီး အာမခံချက်ရှိမယ့် လုပ်ငန်းမျိုး တည်ထောင်သွားဖို့ ရှိပါတယ်။ လူဦးရေ လျှော့ချရတာကတော့ စိတ်မကောင်းစရာပါပဲလို့

သူက ဆက်ပြောပါတယ်။ ဗစ်တိုးရီးယားရဲ့ ဖက်ရှင်ပစ္စည်းတွေကို နာမည်ကျော်တွေက အားပေးကြပေမယ့် မကြာသေးမီ နှစ်အတွင်းမှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဂျနီဖာလိုပက်ဇ်၊ လေဒီဂါဂါနဲ့ ဆာဆက်မြို့စားကတော်တို့ဟာ ဗစ်တိုးရီးယားရဲ့ ဖောက်သည်အဖြစ်ကနေ ကျောခိုင်းခဲ့ကြပါတယ် ။ Crd : MDN

Tags: