သူ႔ကိုေတြ႕ခ်င္လို႔ တကူးတကလာၾကတဲ့ ႐ြာသူ႐ြာသားပရိသတ္အင္အားစုႀကီးကိုၾကည့္ၿပီး အံ့ၾသေနရတဲ့ နကၡတ္

သူ႔ကိုေတြ႕ခ်င္လို႔ တကူးတကလာၾကတဲ့ ႐ြာသူ႐ြာသားပရိသတ္အင္အားစုႀကီးကိုၾကည့္ၿပီး အံ့ၾသေနရတဲ့ နကၡတ္

မင္းသားေခ်ာ နကၡတ္ကေတာ့ ” အရိပ္” ၊ ” ထာဝရမႏၲေလး” ၊ ” ဝကၤပါရွင္းတမ္း” ၊ ” ကြၽန္ေတာ္အမုန္းဆုံးကြၽန္ေတာ္” စတဲ့ ႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔ ေအာင္ျမင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဇာတ္လမ္းတြဲမင္းသားတစ္ေယာက္ပီပီ တစ္ႏိုင္ငံလုံးက ပရိသတ္ေတြရဲ႕

ခ်စ္ခင္အားေပးျခင္းခံရတဲ့ နကၡတ္က အႏုပညာေလာကမွာ ေနရာတစ္ေနရာရရွိေနၿပီျဖစ္ေပမယ့္ ဂုဏ္ပကာသနေထာင္လႊားျခင္းမရွိပဲ ပရိသတ္တစ္ေယာက္ခ်င္းစီတိုင္းကို ေလးေလးစားစားရွိသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။လက္ရွိမွာေတာ့ နကၡတ္က ေၾကာ္ျငာတစ္ခုကို

႐ိုက္ကူးေပးဖို႔အတြက္ ပုဂံေညာင္ဦးေဒသကိုေရာက္ရွိေနတာျဖစ္ၿပီး ေဒသခံပရိသတ္ေတြနဲ႔လည္း ေတြ႕ဆုံခဲ့ပါတယ္။ နကၡတ္က ” ခ်စ္ဖို႔ေကာင္းၾကတဲ့ ႐ြာသူ႐ြာသားေလးေတြ.. လူစုလူေဝးေတာ့မဟုတ္ပါဘူးေနာ္။ တစ္႐ြာလုံး မီးမရွိၾကေသးေတာ့

ဘုန္းႀကီးေက်ာင္းမွာ လာစုၿပီး အားေပးၾကတာပါ ❤️” ဆိုၿပီး သူ႔ကိုအားေပးလို႔ တကူးတကလာၾကည့္တဲ့ ပရိသတ္ေတြနဲ႔ ဓာတ္ပုံေလးေတြကို မွ်ေဝေပးထားပါတယ္။နကၡတ္ကေတာ့ သူ႔ရဲ႕ ပရိသတ္တစ္ေယာက္ခ်င္းစီတိုင္းကို ေလးေလးစားစားရွိသူတစ္ေယာက္မို႔

အခုလိုေအာင္ျမင္မႈကို ၾကာရွည္စြာ ထိန္းသိမ္းထားႏိုင္တာပဲ ျဖစ္ပါတယ္။ နကၡတ္တစ္ေယာက္ ဒီထက္မက ေအာင္ျမင္ေက်ာ္ၾကားၿပီးတစ္ႏိုင္ငံလုံးက ခ်စ္ရတဲ့ မင္းသားတစ္လက္ျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးတစ္ရက္ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ crd – San kyi Par

unicode version . . .

သူ့ကိုတွေ့ချင်လို့ တကူးတကလာကြတဲ့ ရွာသူရွာသားပရိသတ်အင်အားစုကြီးကိုကြည့်ပြီး အံ့သြနေရတဲ့ နက္ခတ်

မင်းသားချော နက္ခတ်ကတော့ ” အရိပ်” ၊ ” ထာဝရမန္တလေး” ၊ ” ဝင်္ကပါရှင်းတမ်း” ၊ ” ကျွန်တော်အမုန်းဆုံးကျွန်တော်” စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲမင်းသားတစ်ယောက်ပီပီ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့

ချစ်ခင်အားပေးခြင်းခံရတဲ့ နက္ခတ်က အနုပညာလောကမှာ နေရာတစ်နေရာရရှိနေပြီဖြစ်ပေမယ့် ဂုဏ်ပကာသနထောင်လွှားခြင်းမရှိပဲ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို လေးလေးစားစားရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ နက္ခတ်က ကြော်ငြာတစ်ခုကို

ရိုက်ကူးပေးဖို့အတွက် ပုဂံညောင်ဦးဒေသကိုရောက်ရှိနေတာဖြစ်ပြီး ဒေသခံပရိသတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နက္ခတ်က ” ချစ်ဖို့ကောင်းကြတဲ့ ရွာသူရွာသားလေးတွေ.. လူစုလူဝေးတော့မဟုတ်ပါဘူးနော်။ တစ်ရွာလုံး မီးမရှိကြသေးတော့

ဘုန်းကြီးကျောင်းမှာ လာစုပြီး အားပေးကြတာပါ ❤️” ဆိုပြီး သူ့ကိုအားပေးလို့ တကူးတကလာကြည့်တဲ့ ပရိသတ်တွေနဲ့ ဓာတ်ပုံလေးတွေကို မျှဝေပေးထားပါတယ်။နက္ခတ်ကတော့ သူ့ရဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို လေးလေးစားစားရှိသူတစ်ယောက်မို့

အခုလိုအောင်မြင်မှုကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်တာပဲ ဖြစ်ပါတယ်။ နက္ခတ်တစ်ယောက် ဒီထက်မက အောင်မြင်ကျော်ကြားပြီးတစ်နိုင်ငံလုံးက ချစ်ရတဲ့ မင်းသားတစ်လက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ crd – San kyi Par

Add a Comment

Your email address will not be published. Required fields are marked *