(Unicode version) ကိုယ်ဝန် ရှိနေပြီလား မေးကြပြော နေကြတဲ့ အပေါ် ပြောလာတဲ့ အဆို တော် အိမ့်ချစ်
နာမည်ကျော် အဆိုတော်မလေး အိမ့်ချစ်က တော့ ဖခင်ဖြစ်သူ အဆိုတော်ကြီး ဦးချစ်ကောင်းနဲ့ တွဲသိကြသလို တစ်ကိုယ်တော် အောင်မြင်မှုတွေ လည်းရရှိနေပြီး ဂီတခရီးလမ်းကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လိုက်ဖက်ညီလှတဲ့ ခင်ပွန်းသည်ကိုရရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့အားကျခြင်းကိုခံနေရတာပါ။ ယနေ့ မှာတော့ အိမ့်ချစ်ဟာ သူမကိုကိုယ်ဝန်ရှိနေပြီလို့ ဝိုင်းဝန်းပြောဆိုနေကြတဲ့ အပေါ် ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်။
အိမ့်ချစ်က “အရမ်းဝလာတာကြောင့်ပါ…. ကိုယ် ဝန်ရှိတာမဟုတ်ပါဘူး….. အိမ့်ချစ်က အရပ်ပုတော့ ဝလာလို့ရှိရင် ခါးတုတ်လာတာ…. အိမ့်ချစ်က နဂိုကတည်းက ခါးတိုတဲ့ အမျိုးအစားထဲမှာပါတော့
ကိုယ်ဝန်ရှိ နေတာလား ထင်ကြတာပေါ့….. ကိုယ် ဝန်ရှိနေတာလား အမေးခံရတာအထိ အိမ့်ချစ်က လက်ခံတယ်….. တချို့က ငါးလလောက် ရှိနေပြီဖြစ်မယ် ဆိုပြီးပြောနေကြတော့… ယူထားတာမှတလကျော်ပဲရှိသေးတာ ဘယ်လိုငါးလလဲပေါ့….
အဲ့လို နားမလည်တဲ့ ပရိသတ်တွေ ရှိနေတော့ အိမ့်ချစ်ကရှင်းပြရတာပေါ့.” လို့ အိမ့်ချစ်က လက်တလော သိသိသာသာ ဝလာ ၊ ခါးတုတ်လာတာကြောင့် ကိုယ်ဝန် ရှိနေပြီလား မေးကြ ၊ ပြောနေကြတဲ့ အပေါ် ပြောလာခဲ့တာပါ။
အိမ့်ချစ်က သူမအနေနဲ့ ၂ နှစ်လောက် နေပြီးမှသာ ကလေးယူဖို့ အစီအစဉ် ရှိကြောင်း အခုအ ချိန်မှာ ဘဝကိုရုန်းကန်နေရဆဲဖြစ်တာကြောင့် သူမတို့ဘဝထဲ ဝင်လာမယ့် ကလေးလေးအတွက် အသင့် မဖြစ်မှာကို စိုးရိမ်မိတာကြောင့် သူမတို့ ၂ ယောက် အသင့်ဖြစ်ချိန်မှသာ ကလေးယူမယ့် အကြောင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
အိမ့်ချစ်ကတော့ ဝလာလို့ ခါးတုတ်လာ တဲ့အပေါ် ကိုယ်ဝန်ရှိနေပြီလို့ မေးကြ ပြောကြတဲ့အပေါ် ပြန် လည်ဖြေရှင်းပေးလာခဲ့တာပဲဖြစ်ပါတယ် ပရိတ် သတ် ကြီးရေ။လတ်တလော လူမှုကွန်ယက်မှာ ခေတ်စားနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော