လုပ္ခလစာမေပးဘဲ ပိုင္ရွင္ထြက္ေျပးသြားတဲ့ WORlD JIN အထည္ခ်ဳပ္စက္႐ုံကို ေလလံတင္ၿပီး အလုပ္သမားေတြကို လုပ္ခလစားေပးမယ္လို႔သိရ

လုပ္ခလစာမေပးဘဲ ပိုင္ရွင္ထြက္ေျပးသြားတဲ့ WORlD JIN အထည္ခ်ဳပ္စက္႐ုံကို ေလလံတင္ၿပီး အလုပ္သမားေတြကို လုပ္ခလစားေပးမယ္လို႔သိရ

ေ႐ႊျပည္သာၿမိဳ႕နယ္၊ သာဓုကန္စက္မႈဇုန္၊ အမွတ္ ၁၃၆ ရွိ လုပ္ခလစာမေပးဘဲ အလုပ္ရွင္ထြက္ ေျပးခဲ့တဲ့ WORlD JIN အထည္ခ်ဳပ္ စက္႐ုံက စက္ပစြည္းေတြကို ဌာနဆိုင္ရာနဲ႕ အလုပ္သမားေတြက ေလလံတင္ ေရာင္းခ်လဳၿပီး လုပ္ခလစာကို ေျဖရွင္းသြားမွာ ျဖစ္တယ္လို႔ အဲ့ဒီစက္႐ုံက အလုပ္သမားေခါင္းေဆာင္မႏွင္းႏြယ္ဦးက ေျပာပါတယ္။

“ဌာနဆိုင္ရာက အေၾကာင္းၾကား လာတယ္။ ဒီစက္႐ုံကို သူေဌးက အၿပီးပိတ္မယ္တဲ့ ဒါေၾကာင့္အလုပ္သမား ေတြရပိုင္ခြင့္အတြက္ စက္႐ုံထဲမွာရွိတဲ့ ပစြည္းေတြကို ေလလံတင္ ေရာင္းခ်သြားမယ္လို႔ေျပာတယ္”လို႔ အလုပ္သမား  မႏွင္းႏြယ္ဦးက ေျပာပါတယ္။

ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ ဌာနဆိုင္ရာမွ ဦးစီးအရာရွိေတြကလည္း ဇူလိုင္လ၂၄ရက္ေန႕မွာ ေလလံ တင္ေရာင္းခ် ေရးအတြက္ ေကာ္မတီ၃ခု ဖြဲ႕နိူင္ဖို႔ အလုပ္သမား ၆ဦးကို စာရင္းေတာင္း ခဲ့တယ္လို႔ မႏွင္းႏြယ္ဦးကေျပာပါတယ္။ World Jin အ ထည္ခ်ဳပ္စက္႐ုံမွာ

အလုပ္ လုပ္ကိုင္ေနတဲ့ အလုပ္သမား ၃၀၀ ဦးအ တြက္ ရပိုင္ခြင့္စာရင္း တြက္ၾကည့္တဲ့ အခါ ပ်မ္ မွ်ေငြ သိန္း ၃၆၀၀ ခန႔္ရွိၿပီး လက္ရွိ အေျခအေနမွာ အဲ့ဒီေဈးအထိ မရေသးဘူးလို႔ ေရာင္ျခည္ဦးအလုပ္သမားမ်ားအဖြဲ႕ဥပေဒအေထာက္အကူျပဳ ဌာနမွ ကိုနိူင္ေဌးလြင္ကေျပာပါတယ္။

“စက္႐ုံကို ဌားထားတဲ့ ေျမပိုင္ရွင္က ညွိတယ္။ေလလံ မပစ္ေတာ့ဘဲ သိန္း ၁၇၀၀ ေပးမယ္ဆိုၿပီးညွိတယ္။ အလုပ္သမား ေတြဘက္က သူတို႔ရမယ့္ ဟာတြက္ထား တာက သိန္း ၃၆၀၀ သိန္း ၃၇၀၀ ေလာက္ရွိတယ္။ အဲ့ဒီေတာ့ ညွိရင္းနဲ႕သူတို႔ကသိန္း၂၂၅၀ေပးတယ္။

အလုပ္သမား ေတြဘက္ကေတာ့ လက္မခံဘူး။ သူ တို႔လက္ဝါးခ်င္း ရိုက္ၿပီး ေဈးျဖတ္မွာစိုးလို႔ “လို႔ ကိုနိူင္ေဌးလြင္ ကေျပာပါတယ္။ World jin အထည္ခ်ဳပ္ စက္႐ုံမွာ ဧၿပီလဆန္းအထိ ပုံမွန္လည္ပတ္ လွ်က္ရွိရာကေန အလုပ္သမား ေတြကို ေမလ ၄ ရက္ေန႕မွာ အလုပ္ဆင္းဖို႔ မွာၾကားခဲ့ေပမယ့္ စက္႐ုံပိတ္သိမ္းၿပီး အလုပ္ရွင္ကလည္း လစာေပးဖို႔ တိမ္းေရွာင္ခဲ့တာ ျဖစ္ပါတယ္။

World Jin စက္႐ုံပိုင္ရွင္ဟာ ကိုရီးယားနိုင္ငံကို ထြက္ေျပဘးသြားတာျဖစ္ၿပီး ကိုရီးယား နိုင္ငံရွိ အလုပ္သမား သမဂၢမ်ားရဲ႕ ဖိအားေပးမႈ ေၾကာင့္ အလုပ္သမား ၃၀၀ ေက်ာ္ကို ဧၿပီလမွာရမယ့္ လ စာေငြကို ဇြန္လထဲမွာ ကိုရီးယားကေန လႊဲေပး လိုက္ေၾကာင္း အလုပ္သမား ေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

အလုပ္ရွင္ ထြက္ေျပးခဲ့တဲ့အတြက္ ဧၿပီလမွစတင္ကာ အလုပ္သမားမ်ားကို အကူအညီ အေထာက္ပံ့ေပးေနၿပီး အခုလမွာ အလုပ္သမား တစ္ဦးကို တစ္သိန္း ႏွစ္ေသာင္းႏႈန္းနဲ႕ ထပ္မံ ကူညီဖို႔စီစဥ္ထားတဲ့ အျပင္ အလုပ္သမားတစ္ဦးကို သုံးလစာအေနနဲ႕ သုံးသိန္း ေျခာက္ေသာင္း ရရွိေၾကာင္း ေသြးစည္းညီၫြတ္ ေသာသမဂၢမ်ား အဖြဲ႕ခ်ဳပ္မွ ဒါရိုက္တာ ေဒၚမ်ိဳးမ်ိဳး ေအးကေျပာပါတယ္။

ရန္ကုန္တိုင္း အတြင္းရွိ စက္မႈဇုန္ေတြထဲက Myanmar Royal Apoloအထည္ခ်ဳပ္၊ Su Xing အထည္ခ်ဳပ္၊ World Jinအထည္ခ်ဳပ္စက္႐ုံမွ အလုပ္ရွင္ေတြဟာ ကိုဗစ္ကာလအတြင္း လုပ္ခလစာမေပးဘဲ ထြက္ေျပးခဲ့တာေတြျဖစ္ခဲ့တယ္လို႔ အလုပ္သမားအေရးေဆာင္႐ြက္သူေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။ Crd : VOM

လုပ်ခလစာမပေးဘဲ ပိုင်ရှင်ထွက်ပြေးသွားတဲ့ WORlD JIN အထည်ချုပ်စက်ရုံကို လေလံတင်ပြီး အလုပ်သမားတွေကို လုပ်ခလစားပေးမယ်လို့သိရ

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ် ၁၃၆ ရှိ လုပ်ခလစာမပေးဘဲ အလုပ်ရှင်ထွက် ပြေးခဲ့တဲ့ WORlD JIN အထည်ချုပ် စက်ရုံက စက်ပစွည်းတွေကို ဌာနဆိုင်ရာနဲ့ အလုပ်သမားတွေက လေလံတင် ရောင်းချလုပြီး လုပ်ခလစာကို ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားခေါင်းဆောင်မနှင်းနွယ်ဦးက ပြောပါတယ်။

“ဌာနဆိုင်ရာက အကြောင်းကြား လာတယ်။ ဒီစက်ရုံကို သူဌေးက အပြီးပိတ်မယ်တဲ့ ဒါကြောင့်အလုပ်သမား တွေရပိုင်ခွင့်အတွက် စက်ရုံထဲမှာရှိတဲ့ ပစွည်းတွေကို လေလံတင် ရောင်းချသွားမယ်လို့ပြောတယ်”လို့ အလုပ်သမား  မနှင်းနွယ်ဦးက ပြောပါတယ်။

ရွှေပြည်သာမြို့နယ်ရှိ ဌာနဆိုင်ရာမှ ဦးစီးအရာရှိတွေကလည်း ဇူလိုင်လ၂၄ရက်နေ့မှာ လေလံ တင်ရောင်းချ ရေးအတွက် ကော်မတီ၃ခု ဖွဲ့နိူင်ဖို့ အလုပ်သမား ၆ဦးကို စာရင်းတောင်း ခဲ့တယ်လို့ မနှင်းနွယ်ဦးကပြောပါတယ်။ World Jin အ ထည်ချုပ်စက်ရုံမှာ

အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား ၃၀၀ ဦးအ တွက် ရပိုင်ခွင့်စာရင်း တွက်ကြည့်တဲ့ အခါ ပျမ် မျှငွေ သိန်း ၃၆၀၀ ခန့်ရှိပြီး လက်ရှိ အခြေအနေမှာ အဲ့ဒီဈေးအထိ မရသေးဘူးလို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဥပဒေအထောက်အကူပြု
ဌာနမှ ကိုနိူင်ဌေးလွင်ကပြောပါတယ်။

“စက်ရုံကို ဌားထားတဲ့ မြေပိုင်ရှင်က ညှိတယ်။လေလံ မပစ်တော့ဘဲ သိန်း ၁၇၀၀ ပေးမယ်ဆိုပြီးညှိတယ်။ အလုပ်သမား တွေဘက်က သူတို့ရမယ့် ဟာတွက်ထား တာက သိန်း ၃၆၀၀ သိန်း ၃၇၀၀ လောက်ရှိတယ်။ အဲ့ဒီတော့ ညှိရင်းနဲ့သူတို့ကသိန်း၂၂၅၀ပေးတယ်။

အလုပ်သမား တွေဘက်ကတော့ လက်မခံဘူး။ သူ တို့လက်ဝါးချင်း ရိုက်ပြီး ဈေးဖြတ်မှာစိုးလို့ “လို့ ကိုနိူင်ဌေးလွင် ကပြောပါတယ်။ World jin အထည်ချုပ် စက်ရုံမှာ ဧပြီလဆန်းအထိ ပုံမှန်လည်ပတ် လျှက်ရှိရာကနေ အလုပ်သမား တွေကို မေလ ၄ ရက်နေ့မှာ အလုပ်ဆင်းဖို့ မှာကြားခဲ့ပေမယ့် စက်ရုံပိတ်သိမ်းပြီး အလုပ်ရှင်ကလည်း လစာပေးဖို့ တိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။

World Jin စက်ရုံပိုင်ရှင်ဟာ ကိုရီးယားနိုင်ငံကို ထွက်ပြေဘးသွားတာဖြစ်ပြီး ကိုရီးယား နိုင်ငံရှိ အလုပ်သမား သမဂ္ဂများရဲ့ ဖိအားပေးမှု ကြောင့် အလုပ်သမား ၃၀၀ ကျော်ကို ဧပြီလမှာရမယ့် လ စာငွေကို ဇွန်လထဲမှာ ကိုရီးယားကနေ လွှဲပေး လိုက်ကြောင်း အလုပ်သမား တွေရဲ့ပြောပြချက်အရ သိရပါတယ်။

အလုပ်ရှင် ထွက်ပြေးခဲ့တဲ့အတွက် ဧပြီလမှစတင်ကာ အလုပ်သမားများကို အကူအညီ အထောက်ပံ့ပေးနေပြီး အခုလမှာ အလုပ်သမား တစ်ဦးကို တစ်သိန်း နှစ်သောင်းနှုန်းနဲ့ ထပ်မံ ကူညီဖို့စီစဉ်ထားတဲ့ အပြင် အလုပ်သမားတစ်ဦးကို သုံးလစာအနေနဲ့ သုံးသိန်း ခြောက်သောင်း ရရှိကြောင်း သွေးစည်းညီညွတ် သောသမဂ္ဂများ အဖွဲ့ချုပ်မှ ဒါရိုက်တာ ဒေါ်မျိုးမျိုး အေးကပြောပါတယ်။

ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန်တွေထဲက Myanmar Royal Apoloအထည်ချုပ်၊ Su Xing အထည်ချုပ်၊ World Jinအထည်ချုပ်စက်ရုံမှ အလုပ်ရှင်တွေဟာ ကိုဗစ်ကာလအတွင်း လုပ်ခလစာမပေးဘဲ ထွက်ပြေးခဲ့တာတွေဖြစ်ခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ Crd : VO