ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမေဒသအတြင္းရွိ တန္းခိုးႀကီးဘုရား ၁၇ ဆူအတြင္းသို႔ ဝင္ေရာက္ဖူးေျမာ္ခြင့္ ျပန္လည္ပိတ္သိမ္း

ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမေဒသအတြင္းရွိ တန္းခိုးႀကီးဘုရား ၁၇ ဆူအတြင္းသို႔ ဝင္ေရာက္ဖူးေျမာ္ခြင့္ ျပန္လည္ပိတ္သိမ္း

မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးခရိုင္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမေဒသအတြင္းရွိ သမိုင္းဝင္ တန္းခိုႀကီးဘုရား ၁၇ ဆူအတြင္းသို႔ ဘုရားဖူးမ်ား ဝင္ေရာက္ဖူးေျမာ္ခြင့္ကို ယေန႕ (ဇူလိုင္ ၂၉ ရက္)မွ စတင္၍ ျပန္လည္ပိတ္ထားလိုက္ၿပီ ျဖစ္ေၾကာင္း ဘုရားေဂါပကမ်ားထံက သိရသည္။ ဇူလိုင္ ၂၈ ရက္ ညေန ၆ နာရီအခ်ိန္က ေညာင္ဦးခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးတြင္ က်င္းပျပဳလုပ္ေသာ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ ထို႔သို႔

သမိုင္းဝင္ တန္းခိုႀကီးဘုရားမ်ားအတြင္းသို႔ ဘုရားဖူးမ်ား ဝင္ေရာက္ဖူးေျမာ္ခြင့္ကို ယာယီပိတ္ထားရန္ ဆုံးျဖတ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း ဗူးဘုရားေဂါပက အတြင္ေရးမႉး ဦးခင္ရွိန္ က ေျပာၾကားသည္။ ”ၫႊန္ၾကားခ်က္ေတာ့ မလာေသးဘူးဗ်၊ အခု ယာယီ ဒီလကုန္ထိပဲ ပိတ္ထားရတာ၊ စာေတာ့ ထြက္မလာေသးဘူးေလ၊ မေန႕က အစည္းအေဝးမွာေတာ့ အဲလိုဒီအတိုင္း ခ်ျပလိုက္တာ၊ လကုန္ထိ ယာယီေခတၱ ပိတ္ထားပါလို႔ဆိုၿပီး ၫႊန္ၾကားထားပါတယ္၊ ဘုရားဖူးေတြလာရင္

ေဘးကေနပဲ ဘုရားဖူးရမယ္၊ ဒီမွာရွိတဲ့ ဘုရား ၁၇ ဆူလုံး ပိတ္ခိုင္းထားတာဆိုေတာ့ အကုန္လုံး ပိတ္သြားၿပီ ၊ ပုဂံမွာက ဘုရားဖူးနဲ႕ လုပ္ထားတဲ့အတြက္ ဘုရားဖူးရွိမွ ျပည္သူလူထုက စားဝတ္ေနေရး ေျပလည္မွာကိုး ”ဟု ၎က ေျပာၾကားသည္။ COVID-19 ကူးစက္ျမန္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမေဒသအတြင္းရွိ သမိုင္းဝင္ ေစတီ၊ ပုထိုးမ်ားအတြင္း ဘုရားဖူး ဧည့္သည္မ်ား ဝင္ေရာက္ဖူးေျမာ္ခြင့္ကို ၿပီးခဲ့သည့္

ဧၿပီလအတြင္းမွ စတင္၍ ယာယီပိတ္ထားခဲ့ရာမွ ဇြန္လ တတိယအပတ္မွ စတင္၍ ပုဂံေဒသရွိ ဟိုတယ္၊ တည္ခိုရိပ္သာမ်ား၊ စားေသာက္ဆိုင္မ်ား၊ ခရီးသည္ယာဥ္လိုင္းမ်ား ဖြင့္လွစ္သည့္အတြက္ ျပည္တြင္း ခရီးသြားမ်ား လာေရာက္လည္ပတ္မႈမ်ား ရွိေသာေၾကာင့္ ပုဂံေဒသ စည္းကားလာၿပီး ယာယီပိတ္ထားသည့္ သမိုင္းဝင္ တန္းခိုႀကီးဘုရား အခ်ိဳ႕မွာလည္း က်န္းမာေရးၫႊန္ၾကားခ်က္မ်ားအတိုင္း လုပ္ေဆာင္၍ အတြင္းသို႔ ဝင္ေရာက္ဖူးေျမာ္ျခင္းမ်ား

ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။ ”ကြၽန္ေတာ္တို႔က အရင္ကတည္းက ဖြင့္ခြင့္ေပးခဲ့တာမွ မဟုတ္တာဗ်ာ၊ ခုလည္း ဖြင့္ခြင့္ေပးထားတာ မဟုတ္ဘူး၊ ဘုရားေတြက ေဂါပကရွိတဲ့ ဘုရားေတြ ရွိတယ္၊အၿမဲတမ္း ပြင့္ေနတဲ့ ဘုရားေတြ ရွိတယ္၊ ဒါကို ခရီးသြားေတြ လာတာေလ၊ ဘုရားဖူးေတြႀကီး မဟုတ္ဘူး၊ ဘာသာေပါင္းစုံက ခရီးသြားေတြက ဒီလို ဟိုတယ္ေတြ ဖြင့္လိုက္တယ္၊ ကားလိုင္းေတြ ဖြင့္လိုက္ေတာ့ သူ႕ဟာနဲ႕သူ လာၾကတာပဲေလ၊ ခရီးသြား လာတဲ့ေနရာ ျဖစ္ေနတာကိုး၊

တစ္ေနရာထဲမွာ စုၿပဳံတိုးေဝွ႕ သြားလာတာေတာ့ မရွိဘူးေပါ့ဗ်ာ၊ အရင္ကတည္းက ဖြင့္ခြင့္ မေပးေသးပါဘူး၊ က်န္းမားေရးနဲ႕ အားကစားဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အတိုင္း တိက်စြာ လိုက္နာေဆာင္႐ြက္ဖို႔ဆိုတဲ့ ၫႊန္ၾကားခ်က္ေတြ အတိုင္းပဲေလ၊ အထက္ဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြအတိုင္း လိုက္နာ ေဆာင္႐ြက္ခဲ့တာပဲ ရွိပါတယ္၊ ဖြင့္ပါ မဖြင့္ပါနဲ႕ဆိုတာ ေျပာလိုမွ မရတာ တစ္နိုင္ငံလုံး အတိုင္းအတာနဲ႕ COVID-19 ကိစၥကို ႀကိဳတင္ကာကြယ္ ေဆာင္႐ြက္တဲ့ လုပ္ငန္းေတြ

လုပ္ေနတဲ့အခ်ိန္မွာ ဘုရားေတြ ဖြင့္ပါလို႔ ဘယ္သူကမွ ေျပာမွာမဟုတ္ဘူးေပါ့ဗ်ာ”ဟု ေညာင္ဦးခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ ဒုတိယခရိုင္ အုပ္ခ်ဴပ္ေရးမႉး ဦးထြန္းသိန္းက ေျပာၾကာသည္။ COVID-19 ကူးစက္ျမန္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမေဒသအတြင္းရွိ သမိုင္းဝင္ေစတီ၊ ပုထိုးမ်ားအတြင္း ဘုရားဖူး ဧည့္သည္မ်ား ဝင္ေရာက္ ဖူးေျမာ္ခြင့္ကို ၿပီးခဲ့သည့္ ဧၿပီလအတြင္းမွ စတင္၍ ဇြန္​ ၁၆ ရက္​​အခ်ိန္ထိ

ယာယီ ပိတ္ထားရာမွ က်န္းမာေရး ေကာင္းမြန္ေၾကာင္း ေထာက္ခံခ်က္ပါမွသာ ဝင္ေရာက္ဖူးေမွ်ွာ္ခြင့္ ျပန္​လည္​ခြင္​့ျပဳ​ေပးခဲ့​ေၾကာင္​း သိရပါသည္​။ “အရင္​တုန္​းက စည္​းကမ္​းရွိၿပီးသား လက္​​ေဆး ၊ Mask တပ္​ရမယ္​ ၊ ၇၂နာရီ က်န္​းမာ​ေရး ​ေထာက္​ခံစာ ပါရင္ေတာ့ ရပါမယ္​​ ၊ အခု ယာယီ ပိတ္​ထားမယ္​ ၊ ဒါ​​ေပမဲ့ အျပင္​ဘက္​ကေန ဖူးလို႔​ေတာ့ ရပါတယ္​၊ တန္ခိုးႀကီးဘုရား ၁၇ ဆူက ယာယီပိတ္​ထားရမွာပါ၊ ပုဂံမွာက ဒီအျပင္​သြားလို႔ရတဲ့ ဘုရားအမ်ားႀကီး ရွိပါတယ္​

” အာနႏၵာဘုရား​ ေဂါပကအဖြဲ႕ ဦး​ေဇာ္​ဝင္​းခ်ိဴ က ​ေျပာၾကားခဲ့သည္​။ ဟိုတယ္​ႏွင္​့ခရီးသြားလာေရးၫႊန္​ၾကားမူဦးစီးဌာန ပုဂံ​ေညာင္​ဦး႐ုံးခြဲမွ လက္​​ေထာက္​ၫႊန္​ၾကား​ေရးမႉး ဦးမ်ိဴးမင္​းေအာင္​ က ဟိုတယ္​နင္​့ တည္​းခိုရိပ္​သာမ်ား က မပိတ္​ပါဘူး၊ တိုင္​း​ေဒသႀကီး အစိုးရအဖြဲ႕ က ဖြင္​့ခြင့္ ေပးထားပါတယ္​၊ တရားဝင္​ ဖြင္​့ခြင္​့ရထားတာ ၇၇ လုံး ရွိပါတယ္​၊ ​ေက်ာက္​ပန္​း​ေတာင္​း က ၁၃ လုံး ၊ ပုဂံ ​ေညာင္ဦး က ၆၄ လုံး ရွိပါတယ္​လို႔ ​ေျပာၾကားသည္​။ ယခုလို ျပန္​လည္​ ယာယီပိတ္​လိုက္​သည္​့အတြက္​

ဟိုတယ္လုပ္ငန္းရွင္မ်ား ၊ စားေသာက္ဆိုင္ လုပ္ငန္းရွင္မ်ား၊ ခရီးသြား လုပ္ငန္းရွင္မ်ား၊ ပို႔ေဆာင္ေရး လုပ္ငန္းရွင္မ်ား ၊ တုပ္တုပ္ လုပ္ငန္းရွင္မ်ား၊ ebike လုပ္ငန္းရွင္မ်ား၊ ဘုရားေစ်းသည္မ်ား အားလုံး အခက္​အခဲတခ်ိဴ႕ ျဖစ္​နိူင္​​ေၾကာင္​း သိရပါသည္​။

(unicode version) ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအတွင်းရှိ တန်းခိုးကြီးဘုရား ၁၇ ဆူအတွင်းသို့ ဝင်ရောက်ဖူးမြော်ခွင့် ပြန်လည်ပိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေဒေသအတွင်းရှိ သမိုင်းဝင် တန်းခိုကြီးဘုရား ၁၇ ဆူအတွင်းသို့ ဘုရားဖူးများ ဝင်ရောက်ဖူးမြော်ခွင့်ကို ယနေ့ (ဇူလိုင် ၂၉ ရက်)မှ စတင်၍ ပြန်လည်ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ဘုရားဂေါပကများထံက သိရသည်။ ဇူလိုင် ၂၈ ရက် ညနေ ၆ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ ထို့သို့

သမိုင်းဝင် တန်းခိုကြီးဘုရားများအတွင်းသို့ ဘုရားဖူးများ ဝင်ရောက်ဖူးမြော်ခွင့်ကို ယာယီပိတ်ထားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဗူးဘုရားဂေါပက အတွင်ရေးမှူး ဦးခင်ရှိန် က ပြောကြားသည်။ ”ညွှန်ကြားချက်တော့ မလာသေးဘူးဗျ၊ အခု ယာယီ ဒီလကုန်ထိပဲ ပိတ်ထားရတာ၊ စာတော့ ထွက်မလာသေးဘူးလေ၊ မနေ့က အစည်းအဝေးမှာတော့ အဲလိုဒီအတိုင်း ချပြလိုက်တာ၊ လကုန်ထိ ယာယီခေတ္တ ပိတ်ထားပါလို့ဆိုပြီး ညွှန်ကြားထားပါတယ်၊ ဘုရားဖူးတွေလာရင်

ဘေးကနေပဲ ဘုရားဖူးရမယ်၊ ဒီမှာရှိတဲ့ ဘုရား ၁၇ ဆူလုံး ပိတ်ခိုင်းထားတာဆိုတော့ အကုန်လုံး ပိတ်သွားပြီ ၊ ပုဂံမှာက ဘုရားဖူးနဲ့ လုပ်ထားတဲ့အတွက် ဘုရားဖူးရှိမှ ပြည်သူလူထုက စားဝတ်နေရေး ပြေလည်မှာကိုး ”ဟု ၎င်းက ပြောကြားသည်။ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဒေသအတွင်းရှိ သမိုင်းဝင် စေတီ၊ ပုထိုးများအတွင်း ဘုရားဖူး ဧည့်သည်များ ဝင်ရောက်ဖူးမြော်ခွင့်ကို ပြီးခဲ့သည့်

ဧပြီလအတွင်းမှ စတင်၍ ယာယီပိတ်ထားခဲ့ရာမှ ဇွန်လ တတိယအပတ်မှ စတင်၍ ပုဂံဒေသရှိ ဟိုတယ်၊ တည်ခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ ခရီးသည်ယာဉ်လိုင်းများ ဖွင့်လှစ်သည့်အတွက် ပြည်တွင်း ခရီးသွားများ လာရောက်လည်ပတ်မှုများ ရှိသောကြောင့် ပုဂံဒေသ စည်းကားလာပြီး ယာယီပိတ်ထားသည့် သမိုင်းဝင် တန်းခိုကြီးဘုရား အချို့မှာလည်း ကျန်းမာရေးညွှန်ကြားချက်များအတိုင်း လုပ်ဆောင်၍ အတွင်းသို့ ဝင်ရောက်ဖူးမြော်ခြင်းများ

ခွင့်ပြုခဲ့ကြောင်း သိရသည်။ ”ကျွန်တော်တို့က အရင်ကတည်းက ဖွင့်ခွင့်ပေးခဲ့တာမှ မဟုတ်တာဗျာ၊ ခုလည်း ဖွင့်ခွင့်ပေးထားတာ မဟုတ်ဘူး၊ ဘုရားတွေက ဂေါပကရှိတဲ့ ဘုရားတွေ ရှိတယ်၊အမြဲတမ်း ပွင့်နေတဲ့ ဘုရားတွေ ရှိတယ်၊ ဒါကို ခရီးသွားတွေ လာတာလေ၊ ဘုရားဖူးတွေကြီး မဟုတ်ဘူး၊ ဘာသာပေါင်းစုံက ခရီးသွားတွေက ဒီလို ဟိုတယ်တွေ ဖွင့်လိုက်တယ်၊ ကားလိုင်းတွေ ဖွင့်လိုက်တော့ သူ့ဟာနဲ့သူ လာကြတာပဲလေ၊ ခရီးသွား လာတဲ့နေရာ ဖြစ်နေတာကိုး၊

တစ်နေရာထဲမှာ စုပြုံတိုးဝှေ့ သွားလာတာတော့ မရှိဘူးပေါ့ဗျာ၊ အရင်ကတည်းက ဖွင့်ခွင့် မပေးသေးပါဘူး၊ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ဖို့ဆိုတဲ့ ညွှန်ကြားချက်တွေ အတိုင်းပဲလေ၊ အထက်ဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်ခဲ့တာပဲ ရှိပါတယ်၊ ဖွင့်ပါ မဖွင့်ပါနဲ့ဆိုတာ ပြောလိုမှ မရတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ COVID-19 ကိစ္စကို ကြိုတင်ကာကွယ် ဆောင်ရွက်တဲ့ လုပ်ငန်းတွေ

လုပ်နေတဲ့အချိန်မှာ ဘုရားတွေ ဖွင့်ပါလို့ ဘယ်သူကမှ ပြောမှာမဟုတ်ဘူးပေါ့ဗျာ”ဟု ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချူပ်ရေးမှူး ဦးထွန်းသိန်းက ပြောကြာသည်။ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဒေသအတွင်းရှိ သမိုင်းဝင်စေတီ၊ ပုထိုးများအတွင်း ဘုရားဖူး ဧည့်သည်များ ဝင်ရောက် ဖူးမြော်ခွင့်ကို ပြီးခဲ့သည့် ဧပြီလအတွင်းမှ စတင်၍ ဇွန် ၁၆ ရက်အချိန်ထိ

ယာယီ ပိတ်ထားရာမှ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်ပါမှသာ ဝင်ရောက်ဖူးမျှှော်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ “အရင်တုန်းက စည်းကမ်းရှိပြီးသား လက်ဆေး ၊ Mask တပ်ရမယ် ၊ ၇၂နာရီ ကျန်းမာရေး ထောက်ခံစာ ပါရင်တော့ ရပါမယ် ၊ အခု ယာယီ ပိတ်ထားမယ် ၊ ဒါပေမဲ့ အပြင်ဘက်ကနေ ဖူးလို့တော့ ရပါတယ်၊ တန်ခိုးကြီးဘုရား ၁၇ ဆူက ယာယီပိတ်ထားရမှာပါ၊ ပုဂံမှာက ဒီအပြင်သွားလို့ရတဲ့ ဘုရားအများကြီး ရှိပါတယ်

” အာနန္ဒာဘုရား ဂေါပကအဖွဲ့ ဦးဇော်ဝင်းချိူ က ပြောကြားခဲ့သည်။ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမူဦးစီးဌာန ပုဂံညောင်ဦးရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိူးမင်းအောင် က ဟိုတယ်နင့် တည်းခိုရိပ်သာများ က မပိတ်ပါဘူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဖွင့်ခွင့် ပေးထားပါတယ်၊ တရားဝင် ဖွင့်ခွင့်ရထားတာ ၇၇ လုံး ရှိပါတယ်၊ ကျောက်ပန်းတောင်း က ၁၃ လုံး ၊ ပုဂံ ညောင်ဦး က ၆၄ လုံး ရှိပါတယ်လို့ ပြောကြားသည်။ ယခုလို ပြန်လည် ယာယီပိတ်လိုက်သည့်အတွက်

ဟိုတယ်လုပ်ငန်းရှင်များ ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ခရီးသွား လုပ်ငန်းရှင်များ၊ ပို့ဆောင်ရေး လုပ်ငန်းရှင်များ ၊ တုပ်တုပ် လုပ်ငန်းရှင်များ၊ ebike လုပ်ငန်းရှင်များ၊ ဘုရားဈေးသည်များ အားလုံး အခက်အခဲတချိူ့ ဖြစ်နိူင်ကြောင်း သိရပါသည်။

Add a Comment

Your email address will not be published. Required fields are marked *