(unicode version)
သာသနာ့ဘောင်ထဲ ဝင်ရောက်နေတဲ့မိခင်ဖြစ်သူကို ဆွမ်းကပ်ရင်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေတဲ့ မင်းသန့်မောင်မောင်
သရုပ်ဆောင် အကယ်ဒမီများရှင် မေသန်းနုကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သာသနာ့လေဘာင်ထဲသို့ ဝင်ရောက်ပြီး သီလရှင်ဝတ် တရားအားထုတ်နေတာပဲ ဖြစ်ပါတယ်။ မေသန်းနုကတော့ သူမရဲ့ အတိတ်ကအကြောင်းအရာတွေ အကုန်လုံးကို မေ့မေ့ပျောက်ပျောက်ရှိနိုင်ဖို့အတွက် တရားအားထုတ်နေပြီး ကုသိုလ်ရေးတွေကို
အမြဲမပြတ် လုပ်ဆောင်နေသလို ခင်ပွန်းဟောင်း စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ကလည်း ပါရတီဖြည့်ပေးနေလျက်ရှိပါတယ်။ ဒီကနေ့ ဇူလိုင်လ (၂၉) ရက်နေ့မှာတော့ မင်းသန့်မောင်မောင်တို့ သားအဖနှစ်ယောက်က လှည်းကူးမြို့နယ် ဥယျာဉ်ဝကျေးရွာမှာရှိတဲ့ သဘာဝဓမ္မဂယာရိပ်သာမှာ
တရားအားထုတ်နေတဲ့ သုန္ဒရာနရီ (မေသန်းနု) ထံသွားရောက်ဖူးမြှော်ကန်တော့ခဲ့ပြီး အလှူအတန်းများ ပြုလုပ်ခဲ့ကြောင်းကို အခုလိုပဲ တွေ့မြင်ရပါတယ်။ အလှူအတန်းများ ပြုလုပ်ကာ ဖခင်ဖြစ်သူနဲ့အတူလည်း တရားကျင့်ကြံခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ သာသနာ့ဘောင်ထဲ အေးချမ်းစွာ
တရားအားထုတ်နေတဲ့ မိခင်ဖြစ်သူအတွက် သားတစ်ယောက်အနေနဲ့ ပီတိဖြစ်နေမှာ အသေအချာပါပဲနော်။ မင်းသန့်မောင်မောင်ကတော့ သုန္ဒရာနရီဘွဲ့အမည်နဲ့ တရားအားထုတ်နေတဲ့ မိခင်ကြီးကို ကြည့်ပြီး ပီတိတွေဖြစ်နေမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း မိခင်ကိုချစ်လွန်းတဲ့ မင်းသန့်မောင်မောင်ရဲ့
ပုံရိပ်တွေကိုကြည့်ပြီး ကြည်နူးမိမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ source – SAN KYI PAR
Add a Comment
Your email address will not be published. Required fields are marked *