(unicode version) ဘယ် ယောက်ျားနဲ့ မှ မအိပ်ရဘဲ၊ အပျိုစင် ဘဝနဲ့ ကိုယ်ဝန် ရနေလို့ အံ့သြနေတဲ့ အမျိုးသမီး
အသက်(၁၉)နှစ်သာ ရှိသေးတဲ့ ကောင်မလေးတစ်ယောက်ကတော့ သူမရဲ့ ဝန်ခံချက်အရ သူမဟာ ဘယ်ယောက်ျားနဲ့မှ မအိပ်ရပါဘဲ၊ အပျိုစင်ဘဝနဲ့ ကိုယ်ဝန်ရ ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါက်တာတွေကတော့ ဒီလို ကိစ္စမျိုး ရှိကောင်းရှိနိုင်တယ်လို့ မှတ်ချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း သာမန်လူတွေအဖို့တော့ ယုံရခက်ခက်ပါ။ကောင်မလေးရဲ့နာမည်ကတော့ Samantha Lynn Isabel ဖြစ်ပြီး၊ သူမဟာ ဓမ္မတာရက် (၂)ပတ်ကျော်
ကျော်သွားခဲ့ပြီးနောက်၊ မကြာခဏ ကြွက်တက်တဲ့ဝေဒနာကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိတယ်လို့ မတွေးမိဘဲ သူမနေနဲ့ အပျိုစင်တစ်ယောက်အဖြစ် ခံစားနေခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ ချစ်သူ Alex နဲ့လည်း လိင်မှုကိစ္စ ကင်းပါတယ်တဲ့။နောက်တော့ သူမ ကိုယ် သူမ မသင်္ကာဖြစ်လာခဲ့ ရာက စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပထမတစ်ကြိမ် စစ်ဆေးတော့ ကိုယ်ဝန် ရှိနေကြောင်း အဖြေထွက်ပါတယ်။ နောက်တော့ မယုံနိုင်ဖြစ်ပြီး
ခြောက်ကြိမ်တိုင် စစ်ဆေးခဲ့ရာ ခြောက်ကြိမ်စလုံး ကိုယ်ဝန်ရှိနေကြောင်းသာ တိတိကျကျ အဖြေထွက်ခဲ့တာပါ။ ဒီလိုအဖြစ်မျိုးဟာ သာမန်အတွေးနဲ့တင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။သဘာဝမဟုတ်တဲ့နည်းနဲ့ ကိုယ်ဝန်ရယူချင်ရင် ခေတ်ပေါ်နည်းလမ်းတစ်ခုဖြစ်တဲ့ ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန်ဆောင်ခြင်း စတဲ့နည်းလမ်းတွေတော့ ရှိပါတယ်။ မှတ်ချက်ရေးသူတစ်ဦးကတော့ အမူးလွန်ပြီးအိပ်ပျော်နေချိန် သူမရဲ့ကောင်လေးက အခွင့်ရေးယူ လိုက်တာလည်း ဖြစ်နိုင်တယ်လို့
ထောက်ပြခဲ့ပါတယ်။ Isabel ရဲ့ကိုယ်ဝန်က ထိုစဉ်က (၅)ပတ်တောင် ရှိနေပါပြီ။ (မှတ်ချက်-နောက်ပိုင်းမှာ သားကျေ်ားလေး မွေးခဲ့ပါတယ်။)သူမ က နားမလည်နိုင်စွာနဲ့ ” ဘယ်လိုလုပ် ကိုယ်ဝန် က ရတာလဲ … ငါတို့ အတူလည်း မနေပဲနဲ့ ” ကိုယ်ဝန်ရကြောင်း ပြောတော့ ချစ်သူ Alex က ” ငါ ဖက်ဖူးတာ ကတော့ တစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ကာကာ ပွေ့ဖက်နမ်းရှုံ့ရင်းနဲ့ မတော်တဆ ကိုယ်ဝန်ရနိုင်တယ်တဲ့”ဆိုပြီး တုန့်ပြန်ခဲ့ပါတယ်။
သူမက ” ဟုတ်ပြီ ကျွန်မ သေချာအောင် စစ်ကြည့်မယ်”လို့ TikTok ဗွီဒီယိုမှာ ပြောခဲ့ပါတယ်။ မှတ်ချက်ရေးသူတစ်ဦးကတော့ နာမည်ကြီးဖို့ ဂွင်ဆင်နေတာလို့ စွပ်စွဲခဲ့ပါတယ်။Isabel အနေနဲ့ နောက်ပိုင်းမှာ ဖခင်မပေါ်တဲ့ သားယောက်ျားလေး မွေးခဲ့ပါတယ်။ ဒီလို အဖြစ်အပျက်မျိုး တကယ်ရှိနိုင်ကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန်မကြီး ဒေါက်တာ Jennifer Lincoln ကပြောပါတယ်။ သူမက ချစ်တင်းမနှောဘဲ ကိုယ်ဝန်ရတဲ့အဖြစ်က
ရှားပါးပေမယ့် ဖြစ်နိုင်တယ်လို့ ဆိုခဲ့တာပါ။ဥပမာအနေနဲ့ အမျိုးသမီးရဲ့ အင်္ဂါဇာတ်ကို ချစ်သူကောင်လေးက လက်ချောင်းတွေနဲ့ ကလူကျီစယ်တဲ့အခါ လက်ချောင်းမှာ အမျိုးသားရဲ့ သုတ်ပိုး ပါသွားခဲ့ရင်၊ ကိုယ်ဝန်ရနိုင်တယ်လို့ ဥပမာတစ်ခုနဲ့ ထောက်ပြခဲ့တာပါ။ တစ်ခြားနည်းလမ်းတွေလည်း အများကြီး ရှိပါသေးသတဲ့။ Credit to Original
Add a Comment
Your email address will not be published. Required fields are marked *