ခ်စ္သူနဲ႔အတူရိုက္ကူးခဲ့တဲ့ ေကာ္ပတ္ရုပ္သီခ်င္း အမွတ္တရေတြကို ျပန္ေျပာျပလာခဲ့တဲ့ ရဲရင့္ေအာင္

ေကာ္ပတ္႐ုပ္ဆိုတဲ့ သီခ်င္းကိုခ်စ္သူနဲ႔အတူရိုက္ကူးခဲ့တဲ့ အမွတ္တရေတြကို ျပန္ေျပာျပလာခဲ့တဲ့ ရဲရင့္ေအာင္

မၾကာခင္မွာ ထြက္ရွိေတာ့မယ့္ ရဲရင့္ေအာင္ရဲ့ ေကာ္ပတ္႐ုပ္ဆိုတဲ့ သီခ်င္းသစ္ေလးက လြန္ခဲ့တဲ့ (၄) ႏွစ္ေလာက္ထဲက ဖုန္း app တစ္ခုနဲ႔ စၿပီး သီခ်င္းတီးျဖစ္တဲ့အခ်ိန္တုန္းက

စေရးျဖစ္ခဲ့တဲ့ သီခ်င္းေလးျဖစ္တယ္လို့သိရပါတယ္ ။ ဒီသီခ်င္းေလးကေတာ့ သူ႔ရဲ့ေခြထဲမွာ အရမ္းႀကိဳက္တဲ့ သီခ်င္းတစ္ပုဒ္ေနရာကေန ပါဝင္တယ္လို့ပရိသတ္ေတြကိုေျပာျပလာခဲ့ပါတယ္ ။

ဒီသီခ်င္း Music Video ေလးရဲ့အမွတ္တရကေတာ့ ရဲရင့္ေအာင္က သူ႔ခ်စ္သူ ဧၿငိမ္းျဖဴနဲ႔ အတူတြဲရိုက္တာျဖစ္ၿပီး Music Video မွာအရမ္းေဂၚခ်င္လို့ တစ္ေခါင္းလုံးက်က္ဆံၿမီး

က်စ္ခဲ့ရတာပဲျဖစ္ပါတယ္တဲ့ ။ “က်စ္ဆံၿမီးက်စ္ရတာ ကၽြန္ေတာ္က ဆံပင္အရမ္းပါးတယ္ ဆံပင္လုံးေသးေတာ့ က်စ္ဆံၿမီးက်စ္ရင္ အရမ္းတိုင္ပတ္တယ္ ဒါေပမယ့္လည္း လွကလည္းလွခ်င္

ေဂၚကလည္းေဂၚခ်င္ေတာ့က်စ္ရတာေပါ့…” လို့ ရိုက္ကူးေရးအေတြ႕ၾကဳံေတြကို ပရိသတ္ေတြဆီ ေဝမၽွခဲ့တာပဲျဖစ္ပါတယ္။အစက ဒီ Music video အတြက္ေကာ္ပတ္႐ုပ္ေလးေတြ

ေကာင္းကင္က ျပဳတ္က်လာတဲ့ ပုံစံမ်ိဳးရိုက္ကူးခ်င္ခဲ့ေပမယ့္ အ႐ုပ္က အရမ္းကိုေဈးႀကီးလြန္းတဲ့အတြက္ မေလ်ာ္နိုင္လို့ အဲဒီအခန္းေလးေတာ့မပါျဖစ္ခဲ့ဘူးလို့လဲ သိရပါတယ္ ။ သူ႔ရဲ့ ဒုတိယ အယ္ဘမ္လ္ေလး

ကို ထုတ္ခ်င္လို့ ႀကိဳးစားေနေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ ေရႊ႕ရင္းေရႊ႕ရင္းနဲ႔ မၾကာမီ ပရိသတ္ေတြေရွ႕ကို အေရာက္ပို့ေပးေတာ့မွာျဖစ္တယ္လို့လည္း ပရိသတ္ေတြကိုအ သိေပးခဲ့ပါတယ္ ။ source – Yair Yaint Aung

(unicode version)

ကော်ပတ်ရုပ်ဆိုတဲ့ သီချင်းကိုချစ်သူနဲ့အတူရိုက်ကူးခဲ့တဲ့ အမှတ်တရတွေကို ပြန်ပြောပြလာခဲ့တဲ့ ရဲရင့်အောင်

မကြာခင်မှာ ထွက်ရှိတော့မယ့် ရဲရင့်အောင်ရဲ့ ကော်ပတ်ရုပ်ဆိုတဲ့ သီချင်းသစ်လေးက လွန်ခဲ့တဲ့ (၄) နှစ်လောက်ထဲက ဖုန်း app တစ်ခုနဲ့ စပြီး သီချင်းတီးဖြစ်တဲ့အချိန်တုန်းက

စရေးဖြစ်ခဲ့တဲ့ သီချင်းလေးဖြစ်တယ်လို့သိရပါတယ် ။ ဒီသီချင်းလေးကတော့ သူ့ရဲ့ခွေထဲမှာ အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်နေရာကနေ ပါဝင်တယ်လို့ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။

ဒီသီချင်း Music Video လေးရဲ့အမှတ်တရကတော့ ရဲရင့်အောင်က သူ့ချစ်သူ ဧငြိမ်းဖြူနဲ့ အတူတွဲရိုက်တာဖြစ်ပြီး Music Video မှာအရမ်းဂေါ်ချင်လို့ တစ်ခေါင်းလုံးကျက်ဆံမြီး

ကျစ်ခဲ့ရတာပဲဖြစ်ပါတယ်တဲ့ ။ “ကျစ်ဆံမြီးကျစ်ရတာ ကျွန်တော်က ဆံပင်အရမ်းပါးတယ် ဆံပင်လုံးသေးတော့ ကျစ်ဆံမြီးကျစ်ရင် အရမ်းတိုင်ပတ်တယ် ဒါပေမယ့်လည်း လှကလည်းလှချင်

ဂေါ်ကလည်းဂေါ်ချင်တော့ကျစ်ရတာပေါ့…” လို့ ရိုက်ကူးရေးအတွေ့ကြုံတွေကို ပရိသတ်တွေဆီ ဝေမျှခဲ့တာပဲဖြစ်ပါတယ်။အစက ဒီ Music video အတွက်ကော်ပတ်ရုပ်လေးတွေ

ကောင်းကင်က ပြုတ်ကျလာတဲ့ ပုံစံမျိုးရိုက်ကူးချင်ခဲ့ပေမယ့် အရုပ်က အရမ်းကိုဈေးကြီးလွန်းတဲ့အတွက် မလျော်နိုင်လို့ အဲဒီအခန်းလေးတော့မပါဖြစ်ခဲ့ဘူးလို့လဲ သိရပါတယ် ။ သူ့ရဲ့ ဒုတိယ အယ်ဘမ်လ်လေး

ကို ထုတ်ချင်လို့ ကြိုးစားနေပေမယ့် အကြောင်းကြောင်းကြောင့် ရွှေ့ရင်းရွှေ့ရင်းနဲ့ မကြာမီ ပရိသတ်တွေရှေ့ကို အရောက်ပို့ပေးတော့မှာဖြစ်တယ်လို့လည်း ပရိသတ်တွေကိုအ သိပေးခဲ့ပါတယ် ။source – Yair Yaint Aung