တနသၤာရီတိုင္း ဘန္းေခ်ာင္းေက်ာက္မီးေသြးတြင္းအနီးရွိ ေရအိုင္ ေသြးေရာင္ ေျပာင္းၿပီး အနံ႕ဆိုးထြက္ေန၍ ေဒသခံမ်ား စိုးရိမ္ေန

တနသၤာရီတိုင္း ဘန္းေခ်ာင္းေက်ာက္မီးေသြးတြင္းအနီးရွိ ေရအိုင္ ေသြးေရာင္ ေျပာင္းၿပီး အနံ႕ဆိုးထြက္ေန၍ ေဒသခံမ်ား စိုးရိမ္ေန

တနသၤာရီတိုင္း ေဒသႀကီး ဘန္းေခ်ာင္း ေက်ာက္ မီးေသြး တြင္းအနီးရွိ ေရအိုင္မွာ ေသြးေရာင္ကဲ့သို႔ အေရာင္ ေျပာင္းလဲ၍ အနံ႕ဆိုးမ်ား ထြက္ေနသ ျဖင့္ အႏၲရာယ္ရွိ သည့္ ဓာတ္ေငြ႕မ်ားပါ ပါဝင္ေန မည္ကို ေဒသခံမ်ားက စိုးရိမ္ေနေၾကာင္း

ဘန္းေခ်ာင္း မိုင္းေစာင့္ ၾကည့္ေရး အဖြဲ႕ဝင္ မေနာ္သေလး ဝါးက ေျပာသည္။ ထားဝယ္ၿမိဳ႕နယ္ ဘန္းေခ်ာင္း ေဒသ ကြမ္းေခ်ာင္းႀကီး ေက်း႐ြာရွိ ေက်ာက္မီးေသြးတူး ေဖာ္ေရးေနရာမွ စြန႔္ပစ္ေျမ စာပုံမ်ားကို စည္းကမ္းမဲ့ စြန႔္ပစ္ထားသည့္အတြ က္

၂၀၁၅ကစ၍ မီးေလာင္ အနံ႕ဆိုးထြက္ခဲ့ေၾကာင္းအဆိုပါ ေျမစာပုံမ်ားကို မီးျငႇိမ္း သတ္ရန္ ယင္းေျမစာပုံ အနီးရွိ ေျမကိုတူး၍ မီးေလာင္သည့္ ေန ရာကို ေျမႀကီးမ်ားျဖင့္ ဖုံးအုပ္ရာ ေျမတူးသည့္ေနရာတြင္ ေရအိုင္ မ်ားျဖစ္က်န္ခဲ့ေၾကာင္း ၎က ဆိုသည္။

အဆိုပါေရအိုင္တြင္ ၿပီးခဲ့ သည့္ ဇြန္လကုန္ပိုင္းကစ၍ ေသြး ေရာင္ကဲ့သို႔ ေရမ်ားေျပာင္းလဲ လာၿပီး အနံ႕မွာလည္း ေသြးညွီနံ႕ ကဲ့သို႔ အနံ႕မ်ိဳးထြက္ရွိေနရာ ယင္း ေရတြင္ အဆိပ္သင့္ဓာတ္မ်ား ပါဝင္ေနမည္ကို ေဒသခံမ်ား စိုးရိမ္ေနျခင္းျဖစ္သည္။

‘‘ဒီလိုမ်ိဳးက တစ္ခါမွမေတြ႕ ဖူးေတာ့ ေဒသခံေတြက စိုးရိမ္ တယ္။ ဘာျဖစ္ေန တာလဲဆိုတာ၊ ဘာဓာတ္ေတြ ရွိေနလဲဆိုတာ သိ ခ်င္တယ္’’ဟု မေနာ္သေလးဝါး က ေျပာသည္။ အဆိုပါေရအိုင္မ်ားကို ေဒသခံမ်ားက အသုံးမျပဳေသာ္လည္း မိုးမ်ား

ခ်ိန္တြင္ ေရတျဖည္းျဖည္း ျပည့္လွ်ံကာ အနီးရွိ ေခ်ာင္းမ်ားအ တြင္းစိမ့္ဝင္မည္ကို စိုးရိမ္သည္ဟု မေနာ္သေလးဝါးက ေျပာသည္။ ‘‘အနားမွာက ကြမ္းေခ်ာင္းရွိ တယ္ေလ။ အခုထိေတာ့ ဘယ္သူ မွ လာစစ္ေဆးတာ မရွိေသးဘူး။

ကြၽန္မတို႔လည္း ဒါကိုေစာင့္ၾကည့္ ေနရတယ္’’ဟု ၎ကဆက္လက္ေျပာသည္။ ေက်ာက္မီးေသြးစြန႔္ပစ္ထား သည့္ေနရာမ်ားတြင္ အမ်ားအား ျဖင့္ ဆာလ္ဖာ မီသိန္းကဲ့သို႔ ဓာတ္ေငြ႕မ်ားလဲ ပါရွိေနတတ္ၿပီး အေရာင္ေျပာင္းလဲၿပီး အနံ႕ဆိုးထြက္

ျခင္းႏွင့္ပတ္သက္၍ ေရတြင္ မည္သည့္ဓာတ္မ်ား ပါဝင္ေန သည္ကို အေသးစိတ္ စစ္ေဆးသင့္သည္ဟု သတၱဳတြင္းပညာရွင္ ဦးေစာမိုးျမင့္က ေျပာသည္။ ‘ဒါေတြက ေယဘုယ်ေျပာ ရင္ေတာ့ ေလထုညစ္ညမ္းတာ ေပါ့။ ဒီေရကို စုပ္ထုတ္တာ

ျဖစ္ျဖစ္၊ ေျမႀကီးျပန္ဖုံး တာဘဲျဖစ္ျဖစ္ လတ္တ ေလာ လုပ္ထားသင့္ တယ္’’ဟု ၎ကဆိုသည္။ဘန္းေခ်ာင္း ေက်ာက္မီး ေသြးတြင္းကို ျမန္မာ နိုင္ငံသားပိုင္ ေမဖလားဝါး ကုမၸဏီႏွင့္ ထိုင္းနိုင္ငံ East Star, Thai Asset Mining ကုမၸဏီတို႔

ပူးေပါင္း၍ ၂၀၁၀ ကတည္းက လုပ္ငန္းေဆာင္ ႐ြက္ခဲ့ရာ ေျမယာသိမ္းယူ မႈျပႆနာႏွင့္ ပတ္ဝန္ က်င္ ထိခိုက္မႈျပႆနာမ်ား ႀကဳံေတြ႕ခဲ့ရသည့္ အ တြက္ ေဒသခံမ်ားႏွင့္ ထားဝယ္အရပ္ဘက္အဖြဲ႕အစည္းမ်ားက ကန႔္ကြက္မႈမ်ား ရွိခဲ့သည္။

အဆိုပါ ေက်ာက္မီးေသြး တူးေဖာ္ေရး ေနရာမွ စြန႔္ပစ္ ေျမစာပုံမ်ားႏွင့္ ပတ္သက္၍ အဆိုပါကုမၸဏီမ်ားသို႔ ဆက္သြယ္ ေမးျမန္းရန္ ႀကိဳးစားေသာ္လည္း မရခဲ့ေပ Ref ; Popolay

တနင်္သာရီတိုင်း ဘန်းချောင်းကျောက်မီးသွေးတွင်းအနီးရှိ ရေအိုင် သွေးရောင် ပြောင်းပြီး အနံ့ဆိုးထွက်နေ၍ ဒေသခံများ စိုးရိမ်နေ

တနင်္သာရီတိုင်း ဒေသကြီး ဘန်းချောင်း ကျောက် မီးသွေး တွင်းအနီးရှိ ရေအိုင်မှာ သွေးရောင်ကဲ့သို့ အရောင် ပြောင်းလဲ၍ အနံ့ဆိုးများ ထွက်နေသ ဖြင့် အန္တရာယ်ရှိ သည့် ဓာတ်ငွေ့များပါ ပါဝင်နေ မည်ကို ဒေသခံများက စိုးရိမ်နေကြောင်း

ဘန်းချောင်း မိုင်းစောင့် ကြည့်ရေး အဖွဲ့ဝင် မနော်သလေး ဝါးက ပြောသည်။ ထားဝယ်မြို့နယ် ဘန်းချောင်း ဒေသ ကွမ်းချောင်းကြီး ကျေးရွာရှိ ကျောက်မီးသွေးတူး ဖော်ရေးနေရာမှ စွန့်ပစ်မြေ စာပုံများကို စည်းကမ်းမဲ့ စွန့်ပစ်ထားသည့်အတွ က်

၂၀၁၅ကစ၍ မီးလောင် အနံ့ဆိုးထွက်ခဲ့ကြောင်းအဆိုပါ မြေစာပုံများကို မီးငြှိမ်း သတ်ရန် ယင်းမြေစာပုံ အနီးရှိ မြေကိုတူး၍ မီးလောင်သည့် နေ ရာကို မြေကြီးများဖြင့် ဖုံးအုပ်ရာ မြေတူးသည့်နေရာတွင် ရေအိုင် များဖြစ်ကျန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါရေအိုင်တွင် ပြီးခဲ့ သည့် ဇွန်လကုန်ပိုင်းကစ၍ သွေး ရောင်ကဲ့သို့ ရေများပြောင်းလဲ လာပြီး အနံ့မှာလည်း သွေးညှီနံ့ ကဲ့သို့ အနံ့မျိုးထွက်ရှိနေရာ ယင်း ရေတွင် အဆိပ်သင့်ဓာတ်များ ပါဝင်နေမည်ကို ဒေသခံများ စိုးရိမ်နေခြင်းဖြစ်သည်။

‘‘ဒီလိုမျိုးက တစ်ခါမှမတွေ့ ဖူးတော့ ဒေသခံတွေက စိုးရိမ် တယ်။ ဘာဖြစ်နေ တာလဲဆိုတာ၊ ဘာဓာတ်တွေ ရှိနေလဲဆိုတာ သိ ချင်တယ်’’ဟု မနော်သလေးဝါး က ပြောသည်။ အဆိုပါရေအိုင်များကို ဒေသခံများက အသုံးမပြုသော်လည်း မိုးများ

ချိန်တွင် ရေတဖြည်းဖြည်း ပြည့်လျှံကာ အနီးရှိ ချောင်းများအ တွင်းစိမ့်ဝင်မည်ကို စိုးရိမ်သည်ဟု မနော်သလေးဝါးက ပြောသည်။ ‘‘အနားမှာက ကွမ်းချောင်းရှိ တယ်လေ။ အခုထိတော့ ဘယ်သူ မှ လာစစ်ဆေးတာ မရှိသေးဘူး။

ကျွန်မတို့လည်း ဒါကိုစောင့်ကြည့် နေရတယ်’’ဟု ၎င်းကဆက်လက်ပြောသည်။ ကျောက်မီးသွေးစွန့်ပစ်ထား သည့်နေရာများတွင် အများအား ဖြင့် ဆာလ်ဖာ မီသိန်းကဲ့သို့ ဓာတ်ငွေ့များလဲ ပါရှိနေတတ်ပြီး အရောင်ပြောင်းလဲပြီး အနံ့ဆိုးထွက်

ခြင်းနှင့်ပတ်သက်၍ ရေတွင် မည်သည့်ဓာတ်များ ပါဝင်နေ သည်ကို အသေးစိတ် စစ်ဆေးသင့်သည်ဟု သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က ပြောသည်။ ‘ဒါတွေက ယေဘုယျပြော ရင်တော့ လေထုညစ်ညမ်းတာ ပေါ့။ ဒီရေကို စုပ်ထုတ်တာ

ဖြစ်ဖြစ်၊ မြေကြီးပြန်ဖုံး တာဘဲဖြစ်ဖြစ် လတ်တ လော လုပ်ထားသင့် တယ်’’ဟု ၎င်းကဆိုသည်။ဘန်းချောင်း ကျောက်မီး သွေးတွင်းကို မြန်မာ နိုင်ငံသားပိုင် မေဖလားဝါး ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ East Star, Thai Asset Mining ကုမ္ပဏီတို့

ပူးပေါင်း၍ ၂၀၁၀ ကတည်းက လုပ်ငန်းဆောင် ရွက်ခဲ့ရာ မြေယာသိမ်းယူ မှုပြဿနာနှင့် ပတ်ဝန် ကျင် ထိခိုက်မှုပြဿနာများ ကြုံတွေ့ခဲ့ရသည့် အ တွက် ဒေသခံများနှင့် ထားဝယ်အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်မှုများ ရှိခဲ့သည်။

အဆိုပါ ကျောက်မီးသွေး တူးဖော်ရေး နေရာမှ စွန့်ပစ် မြေစာပုံများနှင့် ပတ်သက်၍ အဆိုပါကုမ္ပဏီများသို့ ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း မရခဲ့ပေ Ref ; Popola