







သမီးမဒီလေးရဲ့ (၆) နှစ်ပြည့် မွေးနေ့ အတွက် သိန်း (၂၀၀) လှူဒါန်းပေးခဲ့တဲ့ နန္ဒာလှိုင်

ပရိသတ်ရဲ့အချစ်တော် မင်းသမီးချော နန္ဒာလှိုင်ကတော့ လက်ရှိအချိန်မှာ အနုပညာ အလုပ်တွေကို မလုပ်ဖြစ်တော့ဘဲ မိသားစုကို အချိန်ပေးပြီး ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထား သူတစ်ယောက်ပါ။

လိုလေသေးမရှိ ဖြည့်ဆည်း ပေးတတ်တဲ့ ခင်ပွန်းကောင်း၊ ချစ်စရာ သမီးလေး သုံးယောက်တို့နဲ့အ တူ ဘဝကို အေးချမ်းပျော်ရွှင်စွာ လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ်။

မနေ့က ဇူလိုင် လ (၂၄) ရက်နေ့ လေးကတော့ အ ငယ်ဆုံး သမီးလေး ဇေမဒီလှိုင်ရဲ့ အသက် (၆) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မဒီလေးက တော့ သမီးသုံးယောက်ထဲမှာ မေမေ့သွေး အပြည့်ပါတဲ့ သမီးလေးဖြစ်ပြီး

ငယ်ငယ် ကတည်းက အနုပညာပိုး အပြည့်ပါသူ တစ်ယောက်ပါ။ မကြာခဏ ဆိုသလို မဒီလေးရဲ့ ချစ်စဖွယ် Tik Tok တွေနဲ့ ဗွီဒီယိုတွေကို ပရိတ်သတ် ကြီးလည်း တွေ့မြင်ကြမှာပါ။

မနေ့က မဒီလေးရဲ့မွေးနေ့မှာတော့ ကျေးဇူးတော်ရှင် ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးအား ဦးထိပ်ထားပြီးတော့ ဒုတိယကျိုက်ထီးဆောင် းဆရာတော်ကြီးထံမှာ အလှူငွေကျပ်သိန်း(၂၀၀) ကျပ် လှူဒါန်းပေး ခဲ့တဲ့အပြင်

ဂျိုးဌက်များကိုလည်း ဘေးမဲ့လွှတ်ပေးကြောင်း မွေးနေ့ အလှူလေးကို မျှဝေခဲ့ပါတယ်။ မဒီ့ကို ချစ်တဲ့ ပရိသတ်ကြီးလည်း မဒီလေးရဲ့ မွေးနေ့အလှူကို ထပ်တူသာဓု ခေါ်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Source – Nandar Hlaing/ Rainbow- Cele Gabar